ဖက်ရှင်ကို စိတ်ဝင်စားပြီး ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်တတ်တဲ့ ကောင်မလေးတွေအတွက်တော့ ထိုင်းမင်းသမီး Nalinthip Sakulongumpai (Bua) ရဲ့ ဖက်ရှင်လေးတွေကို သဘောကျမှာ အသေအချာပါပဲ။ အမြဲ လှပပြီး ကိုယ့်ကို ပေါ့ပါးစေတဲ့ ဖက်ရှင်တွေကို ရွေးဝတ်ပြီး စတိုင်ကျကျ နေချင်တဲ့ မိန်းကလေးတွေအတွက်တော့ ထိုင်းသရုပ်ဆောင် မင်းသမီးလေး Bua ရဲ့ ဖက်ရှင်လေးတွေကို လေ့လာနိုင်ပါတယ်နော်။
ဂါဝန်ဖက်ရှင်
သူမ ဝတ်တဲ့ ဂါဝန်လေးတွေကလည်း တကယ့်ကို ပေါ့ပါးပြီး လိုက်ဖက်နေတာပါပဲ။
View this post on Instagram
စတိုင်ပန့်လေးတွေ
စမတ်ကျကျ ကောင်မလေးအဖြစ် ဝတ်နေတဲ့အခါမှာတောင်မှ ပေါ့ပါးနေတာကို တွေ့ရမှာပါ။ ဒီဖက်ရှင်ကတော့ ရုံးသွားတဲ့အခါမှာလည်း ဝတ်လို့ ရပါသေးတယ်။
View this post on Instagram
လူငယ်ဆန်ဆန်
ပေါ့ပါးပြီး သွက်လက်တဲ့ ဟန်လေးတွေ ပေါ်လွင်စေတဲ့ ဒီလိုပုံစံလေးတွေလည်း တကယ့်ကို ချစ်စရာပါပဲ။
Crop top လေးတွေ
သူမ ဝတ်တဲ့ ပုံစံလေးတွေကလည်း တကယ့်ကို ချစ်စရာ ကောင်းတာပါပဲ။
ဘောင်းဘီတို ဝတ်တဲ့အခါ
ဘောင်းဘီတိုကို ဝတ်တဲ့အခါမှာလည်း အပေါ်ထပ်လေးတွေနဲ့ တွဲဝတ်တာမျိုး၊ ရှပ်အင်္ကျီလေးနဲ့ ဘလောက်စ်လေးနဲ့ လိုက်ဖက်နေလွန်းပါတယ်။
သူမရဲ့ ဖက်ရှင်လေးတွေကို ကြည့်ရင်း ဘယ်လို ဖက်ရှင်ဝတ်တဲ့အခါမှာ ဘယ်လို ပိုစ့်တွေ ပေးလို့ ရတယ်ဆိုတာကို အတုယူလို့ ရပါသေးတယ်။
Kham