Cellulite ဆိုတဲ့ အဆီပြင်တွေဟာ အထူးသဖြင့် ပေါင်လိုမျိုးနေရာတွေမှာ အဖြစ်များကြပါတယ်။ အဆီပြင်တွေကြောင့် အသားအရေ မညီမညာတွေဖြစ်ကာ တချို့မိန်းကလေးတွေဆိုရင် အတိုဝတ်ဖို့တောင်မှပဲ မရဲဖြစ်နေတတ်ကြတယ်မဟုတ်လား။ ဒီ cellulite တွေကို ပျောက်ကင်းဖို့အတွက် scrub တိုက်တာတွေ၊ ကုထုံးတွေနဲ့ လုပ်လို့ရပေမယ့်လို့ တစ်ဖက်မှာလည်း အစာားအသောက်နဲ့ ပျောက်ကင်းသက်သာအောင်လည်း လုပ်လို့ရပါသေးတယ်။ ဒီတော့ cellulite ပျောက်ကင်းစေနိုင်တဲ့ အစားအသောက်တွေကို ကြည့်လိုက်ကြရအောင်။
(၁) Dark Chocolate
Dark Chocolate ဟာ antioxidant ဓာတ် ပေါကြွယ်ဝတဲ့အတွက် သွေးလှည့်ပတ်မှုကို အားကောင်းစေကာ အဆီခဲတွေဖြစ်ခြင်းမှ ကာကကွယ်ပေးပါတယ်။

(၂) Saffron
ကမ္ဘာ့ဈေးအကြီးဆုံး ဟင်းခပ်အမွှေးအကြိုက်အဖြစ် သတ်မှတ်ခြင်းခံစားရတဲ့ saffron မှာတော့ ယောင်ယမ်းမှုတွေကို လျော့ကျစေတယ်၊ သွေးလှည့်ပတ်မှုကို အားကောင်းစေတယ်၊ နောက် အဆီစုခြင်းကို ကွာယ်ပေးတယ်။ နောက် အသားအရေကိုလည်း တင်းရင်းစေတဲ့ အာနိသင်ရှိပါတယ်။
(၃) ငရုတ်သီး
ငရုတ်သီးဟာ ခန္ဓာကိုယ်က အဆီတွေကိုလောင်ကျွမ်းစေပြီး တစ်ရှူးတွေကိုပြန်လည် တည်ဆောက်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် cellulite တွေကိုလည်း သက်သာစေမှာပါ။

(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ သဘာဝကောင်းကျိုးတစ်လက်ကိုက အဝလွန်ခြင်းကို ထိန်းချုပ်ဖို့အတွက် အသုံးပြုပါတယ်။ ဒီအပြင် သွေးလှည့်ပတ်မှုကိုလည်း အားကောင်းစေကာ ခန္ဓာကိုယ်တွင်းက အဆိပ်တွေကိုလည်း ဖယ်ထုတ်ပေးပါသေးတယ်။
(၅) Blueberry
Anthocyanin အပြင် enzyme တွေအများကြီးပါဝင်နေတဲ့အတွက် ကိုလက်စရောကို ကျဆင်းစေတယ်၊ နောက် ဆဲလ်အသစ်ဖြစ်ခြင်းတွေကိုလည်း အားပေးတဲ့အတွက်ကြောင့် အသားအရေတွေကို တင်းရင်းချောမွေ့စေမှာပါ။

(၆) သခွားမွှေးသီး
သခွားမွှေးသီးဟာ ရေဓာတ် ၉၁% ပါဝင်ကာ diruretic ဓာတ်ပါရှိပါတယ်။ ဒါကြောင့် ပေါင်မှာရှိနေတဲ့ အဆီပြင်တွေကို ညီညာစေပါတယ်။
penny