သင့်ကို ဝိတ်ပိုတက်စေနိုင်တဲ့ နေ့စဉ်လုပ်မိနေကျ အလေ့အကျင့်တစ်ချို့

shutterstock/   Nina Buday
Sponsored

ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်ကျန်းမာရေး၊ ကိုယ့်ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ တစ်ချို့သော ကိုယ်နေ့စဉ်လုပ်နေမိတဲ့ အလေ့အကျင့်လေးတွေက သင့်ကိုဝိတ်ပိုတက်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအလေ့အကျင့်လေးတွေက ဝိတ်ပိုတက်စေနိုင်တာလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

အိပ်ချိန်အရမ်းများတာ

shutterstock/StoryTime Studio

အိပ်ချိန်အရမ်းနည်းတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုထုတ်လွှတ်ပေးပြီး ဒါက အစားစားချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အိပ်ချိန်များခြင်းကလည်း သင့်အတွက် အကောင်းဆုံးအခြေအနေတော့ မဟုတ်ပါဘူး။ လေ့လာချက်အရ အိပ်ချိန်ဆယ်နာရီထက် အိပ်စက်တတ်တာက ဝိတ်ပိုတက်စေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ခုနှစ်နာရီကနေ ကိုးနာရီအထိ အိပ်စက်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ဆရာဝန်တွေက အကြံပြုကြပါတယ်။

မိုးမလင်းခင်မှာ အိပ်ရာထတတ်တာ

shutterstock/ Dragon Images
Sponsored

မနက်ဘက် အလင်းရောင်မလာခင်ကနေ မနက်စောစောအိပ်ရာထတတ်ခြင်းက ဝိတ်ပိုတက်စေပါတယ်တဲ့နော်။ မနက်ပိုင်းစောစော နေရောင်ခြည်ကနေထွက်တဲ့ blue light ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ကို နိုးကြားစေပါတယ်။ ဒီအလင်းရောင်ကို မိနစ်နှစ်ဆယ်၊ သုံးဆယ်လောက် ထိတွေ့ရုံနဲ့တင် ဝိတ်တက်စေနိုင်ပါတယ်။

READ
Valentine's Day နေ့အမှတ်တရတွေကို ဝေမျှခဲ့တဲ့ နာမည်ကြီးဖိလစ်ပိုင်ဆယ်လီများ

ကိုယ့်ဝိတ်ကို သတိမထားမိတာ

shutterstock/ goffkein.pro

တစ်ချို့လူတွေက ကိုယ့်ရဲ့လက်ရှိဝိတ်ဘယ်လောက်ရှိတယ်ဆိုတာကိုတောင် မသိပဲနေတတ်ကြပါတယ်။ တကယ်တော့ ဝိတ်ချိန်တတ်တဲ့ အလေ့အကျင့်က ကောင်းမွန်ပြီး ဒါက ကိုယ့်ရဲ့ဝိတ်ကိုဘယ်လို ချိန်ညှိရမယ်ဆိုတာကိုပါ သိစေနိုင်လို့ပါပဲ။

မနက်စာကို နည်းနည်းပဲစားတတ်တာ

shutterstock/Day Of Victory Studio

သုတေသနပြုချက်တွေအရ မနက်ပိုင်းမှာ အရသာရှိတဲ့မနက်စာစားတာမျိုး လုပ်ပေးသင့်ပါတယ်။ မနက်စာကို ဖြစ်သလိုနည်းနည်းစားတတ်ခြင်းက တစ်ခြားအချိန်တွေမှာ လိုအပ်တာထက်ပိုစားမိစေပြီး ဝိတ်ကိုတက်စေပါတယ်။ ဒါကြောင့် မနက်စာကို ပရိုတန်း၊ carbohydrate, အချိုပွဲစသဖြင့် စုံလင်အရသာရှိစွာ စားပေးခြင်းက ဝိတ်ထိန်းပြီးသား ဖြစ်စေပါတယ်။

Khin

sponsored