ကြက်ဥဟာ တကယ်တော့ လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် ဘက်စုံသုံးလို့ရတဲ့ သဘာဝဖြည့်စွက်စာတစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် အိမ်တိုင်းရဲ့ မီးဖိုချေင်ထဲမှာ အသင့်ရှိနေတဲ့ ကြက်ဥကိုအသုံးပြုပြီး ဆံပင်ပေါင်းတင်လို့ရနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ တခြားဆံပင်ပေါင်းဆေးတွေထက် ပိုကောင်းတဲ့အတွက် စမ်းကြည့်ဖို့ အကြံ့ပေးလိုက်ပါတယ်နော်။
(၁) ကြက်ဥနဲ့သံလွင်ဆီ
ကြက်ဥတစ်လုံးလုံးကို ဖောက်၊ သံလွင်ဆီတစ်ဇွန်းနဲ့ရောကာ ခေါင်းမလျှော်ခင် မိနစ် ၃၀ လောက် ထားပေးခြင်းဖြင့် ဦးရေပြားအတွက်လိုအပ်တဲ့ ကျန်းမာတဲ့အဆီတွေကို ပြန်လည်ရစေပါတယ်။

(၂) ကြက်ဥအကာ
ကြက်ဥနှစ်လုံးရဲ့အကာ၊ သံလွင်ဆီတစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို သမအောင်မွှေပြီး မိနစ် ၃၀ လောက် ပေါင်းတင်ပါ။ နောက် ဆံပင်ကို ရေမေါးနဲ့ ဆေးချပေးပါ။ ဆံသားကို ပျော့်ပြောင်းစေပြီး ထူထူလေးဖြစ်စေမှာပါ။
(၃) ကြက်ဥအနှစ်
ကြက်ဥနှစ်လုံးရဲ့အနှစ်နဲ့ သံလွင်ဆီတစ်ဇွန်းတို့ကို သမအောင်မွှေပြီး မိနစ် ၃၀ ကြာပေါင်းတင်ပေးခြင်းဖြင့် ဆံသားအရင်းအမြစ်တွေကို ပြန်လည်ပြုပြင်ပေးပြီး တောက်ပြောင်စေမှာပါ။

(၄) ကြက်ဥနဲ့ရှာလကာရည်
ကြက်ဥတစ်လံးနဲ့ရှာလကာရည် တစ်ဇွန်း၊ သံလွင်ဆီတစ်ဖွန်းတို့ကို ရောမွှေပြီး ဆံပင်ကို ၄၅ မိနစ်မှ ၁ နာရီအထိ ပေါင်းတင်ပေးထားပါ။ ရှာလကာရည်ရဲ့အစွမ်းကြောင့် ဆံသားနဲ့ဦးရေပြားကို ချေးပြောင်စေပြီး သံလွင်ဆီနဲ့ကြက်ဥတို့ေုကြာင့် ကန်းမာတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပါ။
(၅) ကြက်ဥနဲ့ငှက်ပျောသီး
ဆံသားကို အိအိတုန်တုန်လေးဖြစ်စေချင်တဲ့လူတွေအတွက် အကောင်းဆုံးပေါင်းတီးနည်းပါ။ မှည့်ဝင်နေတဲ့ ငှက်ပျောသီးတစ်လုံး၊ ကြက်ဥအကာနှစ်လုံး၊ သံလွင်ဆီတစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းတို့ကိုရောပြီးမွှေပါ။ ပြီးရင် ၄၅ မိနစ်နဲ့ ၁ နာရီလောက်ပေါင်းတင်ပေးပါ။

penny