နာမည်ကျော် မင်းသမီး Halle Berry ‌ဝေမျှတဲ့ အရွယ်တင်လှပနေခြေင်းရဲ့ လျို့ဝှက်ချက်

shutterstock/ Jet Cat Studio
Sponsored

မိန်းကလေးနဲ့ အလှအပဆိုတာ ခွဲထားလို့မရတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ပျိုမေတို့အတွက် အလှအပဆိုင်ရာ ပညာရှင်ကြီး Halle Berry ဝေမျှတဲ့ အမြဲတမ်းလှပနေစေမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေဟာ ဈေးကြီးပေးပြီး ဝယ်စရာမလိုတဲ့ တကယ့်ကို ထိရောက်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

Face Mask

အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် face mask အသုံးပြုတဲ့အခါ vitamin C serum မျိုးကို သုံးပေးသင့်ပြီး charcoal အနည်းငယ်ရောနှောပြီး သုံးပေးသင့်ပါတယ်။

Sponsored

Sensitive skin သမား‌တွေအတွက် chamomile အပွင့်လေးတွေ ဒါမှမဟုတ် အုတ်ဂျုံကို သုံးတာ အကောင်းဆုံးပါပဲ။ နောက်ပြီး face mask ပြုလုပ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆီတစ်မျိုးမျိုးကို အနည်းငယ် ထည့်ပေးသင့်ပါတယ်။

View this post on Instagram

Today‘s #FitnessFriday is EXTRA special: Not only because I’m talking about one of my favorite cardio workouts with @womenshealthmag (check today’s article to learn more ♥️), but because @respin and I are giving a curated selection of products from the #RespinByHalleBerry collection to one lucky winner! Here’s what you need to do: ⁣ 1.  Follow @respin on instagram ⁣ 2. Subscribe to the rē•spin app⁣ 3. Upload a 30 second video of you doing your favorite cardio workout to our app’s chat section with the hashtag #RespinYourBurn ⁣ ⁣ Check @respin now or click the link in bio for more info and the complete list of rules. Can't wait to see what you guys come up with!

A post shared by Halle Berry (@halleberry) on

ခြောက်သွေ့တဲ့ အသားအရေ သို့ ပုံမှန်အသားရေ ပိုင်ရှင်တွေအတွက်တော့ မျက်နှာကို အုန်းဆီစစ်စစ်နဲ့ စက်ဝိုင်းပုံ နှိပ်နှယ်ပေးသင့်ပြီး အပေါ်ကို ပင့်တင်တဲ့ နည်းလမ်းမျိုးကို သုံးရပါမယ်။ နှိပ်နှယ်ပြီးရင် မျက်နှာကို ရေဆေးချပြီး vitamin C serum မြင့်မားတဲ့ mask ကို သုံးပေးရပါမယ်။

Combination skin သမား‌တွေအတွက်တော့ oil free moisturizer mask မျိုးကို သုံးပေးရပါမယ်။ ဒီအသားအရေပိုင်ရှင်တွေက T zone တွေရဲ့ချွေးပေါက်တွေမှာ အဆီတွေပိတ်နေတဲ့အတွက်ကြောင့် ပြန်လည်သက်သာလာစေဖို့ အတွက်ဖြစ်ပါတယ်။

မျက်လုံးနဲ့ နှုတ်ခမ်းအတွက်

မျက်နှာတစ်ခုလုံးမှာ အနူးညံဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်လုံးနဲ့ နှုတ်ခမ်းအတွက်ကတော့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ကြက်ဥအနှစ် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ သံလွင်ဆီ သို့ အုန်းဆီ အနည်းငယ်ကို မျက်လုံးနဲ့ နှုတ်ခမ်းတွေမှာ စက်ဝိုင်းပုံအတိုင်း လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်နေရင်တော့ ရေဆေးချလို့ရပါပြီ။ ဒါက ထူးခြားတဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ။

မျက်နှာသန့်စင်တဲ့အခါ

မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာသန့််စင်ပြီးသွားရင်တော့ moisturizer ပါတဲ့ ဂွမ်းလေးနဲ့ မျက်နှာအနှံသုတ်ပေးလိုက်ပါ။ ဒါက မျက်နှာပေါ်မှာ မပြောင်ပဲ ကျန်နေခဲ့တဲ့ အညစ်ကြေးတွေကို အတွင်းထဲအထိ သန့်စင်စေပါတယ်။

https://www.instagram.com/p/B-QPxBPjhVu/

နွေရာသီ အသားအရေအတွက်

နွေရာသီမှာ အသားအရေထိန်းသိမ်းတဲ့ scrub အဖြစ် ကြက်ဥအနှစ်နဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောနှောပြီး မျက်နှာပေါ်လိမ်းပြီးတော့ နှိပ်နှယ်ပေးရမှာပါ။ နှစ်မိနစ်လောက် ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ဒါက မျက်နှာလေးကို ဖြူဖွေးလာစေမှာပါ။

Face mask အတွက်ကတော့ ပျားရည်နဲ့ ဒိန်ချည်ကို ရောနှောပြီး မျက်နှာပေါ်မှာ ထူထူလေး လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ်နှစ်ဆယ်လောက် ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ဒါက မျက်နှာအသားအရေကို ရေဓာတ်ပြည့်ဝနေစေမှာပါ။

Khin

sponsored