Hater တွေကို ဆွံ့အသွားစေတဲ့ CL ရဲ့ Show ပွဲ ဗီဒီယိုဖိုင်

Sponsored

CL ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လေဆိပ်က သူရဲ့ ပုံတွေ ကြောင့် ဝေဖန်မှုတွေ အများကြီးနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။အရမ်းကို ၀နေတဲ့ သူမရဲ့ ပုံတွေကြောင့် အခုလို ဝေဖန်ပြောဆိုမှုတွေနဲ့ ရင်ဆိုင် ခဲ့ရ တာပါ။ CL ကတော့ Haters တွေက သူမအပေါ် ဘယ်လိုတွေပဲ တုံ့ပြန်ပြောဆိုနေပါစေ အလုပ်နဲ့ သက်သေ ပြလိုက်ပါတယ်။

koreaboo
koreaboo

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူမအ၀လွန်လာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းခေါင်းစဉ် တွေ မှာဖော်ပြခံခဲ့ရပါတယ်။လေဆိပ်ကနေ ထွက်ခွာလာတဲ့ ပုံတွေမှာ အရမ်းကို ၀လာတဲ့ CL ကို တွေ့ရ မှာပါ။စင်ကာပူမှာ ‘MTV Hyperplay Live.’ မှာ သီဆိုဖို့ ထွက်ခွာလာခဲ့တာပါ။CL  က အဲ့ဒီမှာ Size လွန် T-shirt  နဲ့ ဂျင်းအပြဲကို ၀တ်ဆင်ထားပါတယ်။အရင်ကထက်စာရင် သိသိသာသာကို ၀နေတဲ့ သူမကို တွေ့ရမှာပါ။ဒါကြောင့်လည်း Hater တွေက CL ရဲ့ Body နဲ့ပတ်သက်ပြီး ပြင်းပြင်းထန် ထန် ဝေဖန်ခဲ့တာပါ။ဒါပေမယ့် CL က လှော်ပြောင်ကဲ့ရဲ့သူတွေကို အပြောနဲ့ မဟုတ်ပဲ အလုပ်နဲ့ သက်သေ ပြခဲ့ပါတယ်။

koreaboo
koreaboo
Sponsored

CL က စင်ပေါ်မှာ 2NE1 အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ သီဆိုဖော်ျဖြေခဲ့ပါတယ်။ ‘The Baddest Female,’ ‘Come Back Home,’ ‘Falling in Love,’  တို့ အပါအ၀င် တခြား အမိုက်စား သီချင်း တွေနဲ့ သီဆိုဖော်ျဖြေခဲ့ပါတယ်။CL ကတော့ သူမရဲ့ Body နဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုမှုတွေ ရှိနေ ပေမယ့်လဲ စင်ပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ သီဆိုဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။

 

READ
မိသားစုပုံကို IG မှာ ပထမဆုံးအကြိမ်ဝေမျှလိုက်တဲ့ ဂယ်ရီ

Source kstarlive

 

sponsored