သင့်ကိုတန်ဖိုးထားမြတ်နိုးမှုမရှိတဲ့ချစ်သူမှန်း သိနိုင်မယ့်အချက်များ

shutterstock/ Dean Drobot
Sponsored

လက်တွဲဖော်ရွေးချယ်တဲ့အခါမှာ ကိုယ့်ကိုတကယ်ချစ်ခင်တဲ့သူ၊ မြတ်နိုးတန်ဖိုးထားတတ်သူတွေကိုပဲ ရွေးချယ်ချင်တတ်ကြတာ ထုံးစံပါ။ ဒါပေမယ့်လို့ တစ်ခါတစ်လေမှာ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ်ထင်မှတ်ထားသလို မဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။ ဒီအချက်တွေက သူဟာ သင့်ဘဝအတွက် လက်တွဲဖော်မဟုတ်ဘူး သူသင့်ကို တန်ဖိုးမထားဘူးဆိုတာကို ဖော်ပြနေပါတယ်။

သင့်မကောင်းကြောင်းတွေကို တစ်ခြားသူဆီမှာ ပြောတတ်တာ

shutterstock/stockfour

အတင်းပြောတတ်တဲ့ ယောကျာ်းလေးတွေကို တွေ့မိရင် တကယ့်ကို စိတ်ပျက်မိပါတယ်။ ယောကျာ်းလေးဆိုတာ ပွင့်ပွင့်လင်းလင်း တဲ့တိုးရှင်းတတ်ပြီး သူများအကြောင်းကို နောက်ကွယ်မှာ မပြောတတ်တာကမှ ယောကျာ်းပီသတယ်လို့ ခေါ်ပါတယ်။ အဲဒီ့လိုပဲ ကိုယ့်ချစ်သူမကောင်းကြောင်းကို တစ်ခြားသူတစ်ယောက်ဆီမှာ ဖွင့်ပြောပြတဲ့ ဆိုကတည်းက အဲဒီ့လူဟာ ကိုယ်ရေရှည်မှာ လက်တွဲသွားဖို့ တကယ့်ကို အဆင်မပြေနိုင်ပါဘူး။ ကိုယ့်မကောင်းကြောင်းတွေကို သူများတကာလျှောက်ပြောတတ်တဲ့ သူမျိုးကို ဘယ်သူကမှ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်မယ်လို့ မထင်ပါဘူးနော်။

READ
ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူတူလုပ်သင့်တဲ့ အကုန်အကျမများတဲ့ အစီအစဉ် (၇)မျိုး

တစ်ခြားမိန်းကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ နေထိုင်တတ်တာ

Sponsored

တစ်ချို့ယောကျာ်းလေးတွေကို တွေ့ဖူးပါရဲ့ တွေ့ရာမိန်းကလေးတိုင်းနဲ့ ပလီပလာတွေပြောပြီး ရင်းနှီးကျွမ်းဝင်တတ်တာ။ ဒီလိုယောကျာ်းမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင်တကယ့်ကို မိုက်မဲသူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ မိန်းကလေးတိုင်းနဲ့ ပလူးပလဲ သာယာတတ်တဲ့ ယောကျာ်းတွေရဲ့ဆီမှာ သစ္စာတရားဆိုတာကလည်း မရှိပါဘူး။ ဒါကြောင့် ဒီလိုတွေ့ရာမိန်းကလေးတိုင်းနဲ့ သာယာတတ်တဲ့ ယောကျာ်းဟာ ကိုယ့်အပေါ် တန်ဖိုးမထားလို့ပဲ ဖြစ်ပါတယ်။

ကတိမတည်ဘူး

shutterstock/Dragana Gordic

ကတိမတည်နိုင်သူဆီကရတဲ့ ကတိမျိုးက ဘာမှသုံးစားလို့ မရနိုင်ပါဘူး။ ဘယ်လောက်ပဲ ကတိတွေအထပ်ထပ် ပေးနေပါစေ အဲဒီ့ကတိကို ချိုးဖျက်တတ်တဲ့သူ ဖြစ်နေပြီး ဒါဟာ သူ့သင့်ကို လက်ရှိခဏတာ အဆင်ပြေဖို့အတွက်ပဲ ပြီးစလွယ်ပေးလိုက် ကတိမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး သင့်ကိုပေးထားတဲ့ ကတိကို အလွယ်တကူ ချိုးဖျက်တတ်တဲ့သူဟာ အမြဲတမ်း လိမ်ညာကတိဖျက်နေအုံးမှာဖြစ်လို့ သူသင့်အပေါ် လေးစားတန်ဖိုးထားမှု မရှိလို့ပဲ ဖြစ်ပါတယ်။

READ
ချစ်သူနဲ့ ရန်ဖြစ်ထားတုန်းမှာ ပထမဆုံးတွေးတဲ့အတွေးက ပြောနေတဲ့သင့်အချစ်ရေးအခြေအနေ

အနာဂတ်အစီအစဉ်တွေ ဘာမှမရှိဘူး

သင့်ကို တကယ်ချစ်ပြီး တန်ဖိုးထားတယ်ဆိုရင် သင်နဲ့အတူ ရှေ့ဆက်မယ့် အနာဂတ်အတွက် အစီအစဉ်တွေ ရှိထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဘာဆိုဘာမှ ရေရေရာရာမရှိသလို သင်ကစပြောရင်တောင် စိတ်မဝင်စားတတ်တဲ့သူမျိုးဟာ ကိုယ့်ကိုတစ်သက်လုံး လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။ ကိုယ့်ကိုသာ တကယ်တန်ဖိုးထားမြတ်နိုးပြီး တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့အနာဂတ်အစီအစဉ်ထဲမှာ သင့်ပါကိုပါဝင်နေပါလိမ့်မယ်။

Khin

sponsored