အချစ်ဆုံးသူငယ်ချင်း ရည်းစားရသွားတဲ့အခါ BFF တွေသာ နားလည်နိုင်မယ့် ခံစားချက်များ

Sponsored

BFF ဆိုတာ ထာဝရအတွက် အကောင်းဆုံးသူငယ်ချင်းတွေလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးလေးဖြစ်တဲ့အလျောက် သာမန်သူငယ်ချင်းတွေနဲ့မတူဘဲ ခင်မင်မှု၊ တွယ်တာမှု၊ သံယောဇဉ်တွေက ပိုပြီးနက်ရှိုင်းပါတယ်။ အမြဲတမ်းအတူသွား၊ အတူစား၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်သူငယ်ချင်းက ချစ်သူရသွားတဲ့အခါ ဒီဘက်က BFF တွေက ဝမ်းသာပေးတယ်ဆိုပေမယ့် စိတ်ထဲကနေတော့ အားငယ်စိတ်၊ ဝမ်းနည်းစိတ်၊ နှမြောတဲ့စိတ်လေးတွေ ဖြစ်ကြပါတယ်။

အခုဖော်ပြပေးမှာကတော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်း ချစ်သူရသွားတဲ့အခါ ခံစားရတဲ့ BFF တွေရဲ့ ခံစားချက်လေးတွေပဲဖြစ်ပါတယ်။ ချစ်သူရတဲ့အခါမှာ BFF တွေကိုတော့ အရင်အတိုင်းမဟုတ်ရင်တောင် တစ်ခါတလေတော့ အချိန်လေးပေးပြီး အခင်အမင် မပျက်သင့်ပါဘူး။ အကြောင်းကတော့ သူငယ်ချင်းကောင်းဆိုတာ စိန်၊ ရွှေရတနာတွေနဲ့ ပုံပေးလည်း မရနိုင်တဲ့ အဖိုးတန်လွန်းသူလေးတွေ မို့လို့ပါ။

(၁) ဝမ်းနည်းတယ်

Sponsored

BFF တွေဆိုတာ သူငယ်ချင်းနဲ့ ကိုယ့်ကြားမှာ ဘယ်အရာကမှ အတားအဆီး မဖြစ်စေချင်တဲ့သူတွေပါ။ ဒါကြောင့်ပဲ အိမ်က ဘယ်လောက်တားတား၊ ဘယ်လောက်ဆူဆူ BFF တွေနဲ့ဆို ပျော်ပျော်ကြီး အဆူခံ၊ အဆဲခံကြတဲ့သူတွေပါ။ သူငယ်ချင်းက ကိုယ့်ဘက်ပါနေသရွေ့ အရာရာကို ရင်ဆိုင်ဖို့ အားအပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ BFF က ကိုယ့်ထက် ချစ်သူကို ပိုချစ်သွားမယ်၊ ပိုရင်းနှီးသွားမယ်၊ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့စိတ်ကြီးက သင်ထင်ထားတာထက်ကို သူ့ကို ပိုဝမ်းနည်းစေပါတယ်။

READ
စိတ်ရောဂါဆရာဝန်နဲ့ ပြသဆွေးနွေးဖို့လိုနေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၁၀) မျိုး

(၂) အားငယ်တယ်

Shutterstock

BFF ဆိုတာ ဆိုးတူကောင်းဘက်၊ ပေါဖော်ပေါဖက်၊ အကျင့်လည်းတူ၊ ခံယူချက်လည်းတူပြီး ကိုယ်နဲ့ တစ်ထပ်တည်းနီးပါးကျမှ BFF ဖြစ်လို့ ရတာပါ။ ကိုယ့်ရဲ့ နှစ်ကိုယ့်တစ်စိတ် သူငယ်ချင်းက တခြားသူကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ BFF တွေမှာ အားငယ်စိတ် ဝင်လာပါတယ်။ သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်း ဘယ်လိုနေရမလဲ၊ ဘယ်သူတွေနဲ့ ပေါင်းသင်းရမလဲ၊ လူကြားထဲ တစ်ယောက်တည်း ဘယ်လိုနေရမလဲဆိုတဲ့အတွေးတွေက သူ့ကို အရမ်းအားငယ်စေပါတယ်။

(၃) အသည်းကွဲတယ်

သူငယ်ချင်းတွေကလည်း သင့်ရဲ့ အသည်းကို ခွဲနိုင်ပါတယ်။ ကိုယ့်ရဲ့ BFF က တခြားသူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့အချိန်တွေ၊ ကိုယ့်ရဲ့ BFF က ကိုယ် မရှိလည်း ဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အခါတွေ၊ ကိုယ့်ရဲ့ BFF က ချစ်သူရနေပြီဆိုတဲ့အသိတွေက အသည်းကွဲစေနိုင်ပါတယ်။ ဒါကြောင့် ရည်းစားနဲ့ ပြတ်မှ အသည်းကွဲတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အချစ်ဆုံး BFF က ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့ အတွေးကလည်း အသည်းကို ဟက်တက်ကွဲစေနိုင်ပါတယ်။

(၄) လွမ်းတယ်

Shutterstock

BFF ဟာ ချစ်သူရသွားတဲ့ သူငယ်ချင်းကို အရမ်းလွမ်းဆွတ်ကြပါတယ်။ သင်ချစ်သူ မရခင်တုန်းက သူနဲ့အတူတူ ပျော်ခဲ့ကြတာ၊ ပေါခဲ့ကြတာ၊ ရူးခဲ့ကြတာလေးတွေကို ပြန်တမ်းတနေတတ်ပါတယ်။ တစ်ခါတလေ သူ့မှာရင်ဖွင့်စရာတွေ၊ တိုင်ပင်စရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ချစ်သူရသွားခဲ့ရင်လည်း သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ပစ်မထားသင့်ပါဘူး။ သင့်တစ်မျက်နှာပဲ ကြည့်ပြီး သင့်တစ်ယောက်တည်း (နှစ်ယောက်၊ သုံးယောက်လည်း ဖြစ်နိုင်တယ်) ကိုပဲ ခင်လာခဲ့တဲ့သူဖြစ်တာကြောင့် သူ့ရင်ထဲမှာ သင်နဲ့ ပတ်သက်မှုဟာ အရမ်းနက်ရှိုင်းတယ်ဆိုတာ သတိရပါ။

READ
လက်ရှိသင့်အချစ်ရေးကအချစ်လား..စိတ်ကစားတာလားဆိုတာဒီအချက်တွေကနေသိနိုင်ပါတယ်

(၅) ရင့်ကျက်ဖို့ သင်ယူရတယ်

BFF တွေဟာ သူငယ်ချင်းနဲ့ ပတ်သက်ရင် အတ္တကြီးသူတွေပါ။ တခြားမှာတော့ မဟုတ်ပေမယ့် ကိုယ့်သူငယ်ချင်းကို ကိုယ့်အနားမှာပဲ ရှိနေစေချင်ပါတယ်။ ဒါကို BFF က ချစ်သူ ရသွားတဲ့အခါ ပထမဆုံးအကြိမ် ဘဝမှာ စွန့်ပစ်ခံရတဲ့ ခံစားချက်မျိုးကို ခံစားသွားနိုင်ပါတယ်။ တစ်ယောက်တည်း နေဖို့ သင်ယူရတယ်၊ လူတွေကို ကိုယ့်ဘဝထဲမှာ အမြဲရှိစေချင်လို့ မရဘူး၊ တစ်ယောက်တည်းလည်း နေနိုင်ရမယ်ဆိုတဲ့ ရင့်ကျက်ခြင်းတွေအားလုံးကို သင်ယူကြရပါတယ်။ ချစ်သူရပြီးနောက်ပိုင်း BFF ကို ပစ်ထားတတ်တဲ့သူတွေကြောင့် တစ်ချို့သူတွေဟာဆိုရင် သူငယ်ချင်း၊ BFF ဆိုတာကြီးကို လုံးဝအယုံအကြည် မရှိတော့တဲ့အထိ စိတ်နာသွားတတ်ကြပါတယ်။

Em Em

sponsored