အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးရသလိုပါပဲလို့ ဆိုစမှတ်ကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင်တော့ လူ့သဘာဝကြောင့်ပါပဲ။ လူတွေရဲ့ စိတ်က အင်မတန် ဆန်းကြယ်လွန်းပါတယ်။ တသမတ်တည်း ရှိမနေတဲ့ စိတ်ပိုင်ရှင်တွေလည်း ရှိတတ်ပါတယ်။ အခြေအနေ အချိန်အခါ အကြောင်းအရာတွေကြောင့် ပြောင်းလဲသွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် သေချာကို စဉ်းစားပြီး ရွေးချယ်ဖို့ လိုအပ်ပါတယ်။
(၁) သင့်ကို ချစ်မြတ်နိုးတဲ့သူ
အချစ်ဆိုတာလည်း ထာဝရချစ်နိုင်တဲ့သူဆိုတာ ရှားလွန်းပါတယ်။ ဒါပေမဲ့ နှစ်နှစ်ကာကာချစ်တဲ့သူတွေ လောကမှာ တကယ် ရှိပါတယ်။ အချစ်မရှိပဲ အိမ်ထောင်ရေးတစ်ခု သာယာဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ့်ကို မချစ်ရင်တောင် တစ်ခြားသူကို မချစ်မိကြတော့မှသာ သာယာကြတာပါ။ ဒါကြောင့် ကိုယ့်ကို တကယ့် စိတ်ထဲကနေ ချစ်တယ်ဆိုတဲ့သူကို ရွေးချယ်သင့်ပါတယ်။

(၂) သင်က ချစ်မြတ်နိုးရတဲ့သူ
သင်ရွေးထားတဲ့သူက သင့်ကို ချစ်တယ်ဆိုပေမဲ့ သင်က သူ့ကို မချစ်ဘူးဆိုရင်လည်း သင်တို့ အိမ်ထောင်ရေးက သာယာဖို့ မလွယ်ကူပါဘူး။ မချစ်ပဲနဲ့ ချစ်တဲ့သူတစ်ယောက်လိုနေဖို့ဆိုတာ တကယ်တော့ အရမ်းခက်ခဲလွန်းပါတယ်။ သင် ဘယ်လောက်ပဲ ဖုံးကွယ်ပါစေ သင့်စိတ်ထဲ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ဘက် သစ္စာသာရှိမယ်ဆိုရင် ပျော်ရွှင်ရမှာပါ။
(၃) အတ္တမကြီးတဲ့သူ
အတ္တကြီးတဲ့သူ ဟုတ် မဟုတ်ကို အိမ်ထောင်မပြုခင်တည်းက သေချာ သတိထားကြည့်သင့်ပါတယ်။ အတ္တကြီးတွေသူတွေက အတ္တနဲ့ယှဉ်လိုက်တဲ့အခါ မိသားစုထက် သူ့ကိုယ်သူက အရင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးမှာ တစ်ဘက်စောင်းနင်း ဖြစ်နေတတ်ပါတယ်။ စီးပွားဥစ္စာဆိုလည်း မိသားစုထက် သူ့စိတ်ဆန္ဒအရင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အတ္တကြီးတဲ့သူဆိုရင်တော့ ဘယ်လောက်ချစ်ချစ် မရွေးချယ်သင့်ပါဘူး။

(၄) သနားကြင်နာပြီး ကိုယ်ချင်းစာစိတ် ရှိတဲ့သူ
သနားတာနဲ့ ကိုယ်ချင်းစာနဲ့လည်း မတူပါဘူး။ ဒါပေမဲ့လည်း တစ်ခါတစ်လေ တွဲပြီးတော့လည်း လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်တာက မိသားစုဘဝ သာယာဖို့ အခွင့်အလမ်းများပါတယ်။ သူတစ်ပါးကိုတောင် ကြင်နာစာနာတတ်တဲ့သူက မိသားစုအပေါ် ပိုပြီး သံယောဇဉ် ဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် သင်တို့ရဲ့ သားသမီးတွေအတွက်လည်း အတုယူစရာကောင်းတဲ့သူ အဖြစ် ရှိနေမှာပါ။ ဒါပေမဲ့ သင်က သူ့လောက် မကောင်းဘူးဆိုရင်တော့ သူ့ကို နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

(၅) တာဝန်ယူစိတ် ရှိတဲ့သူ
ဘယ်လိုပဲ ကောင်းတဲ့သူ ဖြစ်ပါစေ တာဝန်ယူတတ်တဲ့စိတ် ရှိထားဖို့ လိုအပ်ပါတယ်။ တစ်ချို့သူတွေက အေးလွန်းလို့ စိတ်ထားကောင်းလွန်းတာမျိုး ဖြစ်နေတာက လွဲရင် မိသားစုအရေးကို သိပ်အာရုံမရှိကြပါဘူး။ မိသားစုအတွက် အာရုံမရှိလို့ တစ်ခြား သူလုပ်ရမယ့် တာဝန်ရှိတာမျိုးလည်း မဟုတ်ဘူး ဖြစ်နေတယ်ဆိုတဲ့သူမျိုးတွေ လောကမှာ ရှိတတ်ပါတယ်။ ဒါကြောင့် သင်တို့ လက်မထပ်ခင်မှာ အချိန်တစ်ခုယူပြီး သေချာလေ့လာသင့်ပါတယ်နော်။
Written by Kham