လည်ပင်းမည်းညစ်နေတာတွေ ဖြူသွားအောင်လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းများ

Shutterstock/Irina Bg
Sponsored

လည်ပင်းနေရာကို ဂရုစိုက်ပေးဖို့က အရေးကြီးပါတယ်။ မျက်နှာအသေားအရေက ကောင်းနေပြီး လည်ပင်းနေရာက မည်းညစ်နေတာမျိုးက ကြည့်ရဆိုးပါတယ်။ ဒါကြောင့် လည်ပင်းမည်းညစ်နေတာတွေ ဖြူသွားအောင်လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှားစောင်းလက်ပပ်

Pixabay/mozo190
Sponsored

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်။
– ရှားစောင်းလက်ပပ်ပင်ကနေ အနှစ်ကိုယူပေးပါ။
– မိနစ်အနည်းငယ်လောက် ရှားစောင်းလက်ပပ်အနှစ်နဲ့ ပွတ်ပေးပြီး (၁၀)မိနစ်လောက် နှပ်ထားပေးပါ။
– ပြီးရင် ရေနဲ့ဆေးပေးပါ။
– နေ့တိုင်းလုပ်ပေးပါ။

(၂) ပန်းသီးရှာလကာရည်

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ (စားပွဲတင်ဇွန်း ၄ ဇွန်း) ၊ ဂွမ်း ။
– ရေနဲ့ ပန်းသီးရှာလကာရည်ကိုရောပေးပြီး ဂွမ်းနဲ့ လည်ပင်းကို လိမ်းပေးပါ။
– (၁၀)မိနစ်လောက်နှပ်ထားပေးပြီး ရေနဲ့ဆေးပေးပါ။
– နေ့တိုင်း လုပ်ပေးပါ။

READ
ဆံကေသာကို သဘာဝအတိုင်း နူးညံ့တောက်ပလာစေမယ့် နည်းလမ်းကောင်းများ

(၃) Baking soda

Pixabay/evita-ochel

ပါဝင်ပစ္စည်းများ – baking soda (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ။
– အနှစ်ရအောင် baking soda နဲ့ ရေကို ရောပေးပါ။
– ရလာတဲ့အနှစ်နဲ့ လည်ပင်းကိုလိမ်းပေးပြီး အခြောက်ခံပေးပါ။
– ခြောက်သွားပြီးဆိုတာနဲ့ လက်ကိုရေစွတ်ပြီး ပွတ်ပေးပါ။
– ပြီးရင် ရေနဲ့ ဆေးပေးပါ။

(၄) အားလူးရည်

ပါဝင်ပစ္စည်းများ – အားလူ အသေး (၁)လုံး ။
– အားလူးကို ခြေပေးပြီး အရည်ညှစ်ထုတ်ပေးပါ။
– ရလာတဲ့အရည်နဲ့ လည်ပင်းကိုလိမ်းပေးပြီး မိနစ် (၁၀-၁၅) လောက် နှပ်ထားပေးပါ။
– ရေနွေးနွေး နဲ့ဆေးပေးပါ။
– နေ့တိုင်း (၁-၂)ကြိမ်လုပ်ပေးပါ။

READ
ဆံပင်ထိန်းသိမ်းရာမှာအကောင်းဆုံးဖြစ်တဲ့ ရှာလကာရည်ရဲ့ အံ့မခန်းအကျိုးကျေးဇူး (၇) မျိုး

Hannwe Soe

sponsored