ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ….

Sponsored

တချို့မိန်းကလေးတွေက ပေါင်းသင်းဆက်ဆံရေးကောင်းသလို တချို့ကျတော့ သူစိမ်းတွေနဲ့ စကားပြောရမှာ ကြောက်တာမျိုးတွေရှိတယ်။ သူစိမ်းနဲ့ မျက်လုံးချင်းဆုံ စကားပြောရမှာ ကြောက်တာတွေရှိသလို ၊ သူစိမ်းနဲ့ဖုန်းပြောရမှာ ကြောက်တာတွေရှိကြတယ်။ ဒီလိုနဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးနည်းလာပြီး လူမှုရေးမကောင်းတာတွေ ဖြစ်လာကြတယ်။ ဒါကြောင့် ဒီအချက်တွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဘေးလူတွေနဲ့စကားပြောပေးပါ

သင့်ဘယ်နေရာရောက်ရောက် သင့်ဘေးကလူတွေနဲ့ စကားပြောပေးပါ။ သူတို့စကားဝိုင်းထဲ သင်ဝင်ပါ ပေးပါ။ အလုပ်မှာ ဖြစ်နေရင်လည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားဝိုင်းထဲ ၀င်ပြောပေးပါ။ သူတို့တွေနဲ့ စကားပြောရင်း သူတို့စကားကို စိတ်ဝင်စားကြောင်း ပြပေးပါ။ စကားပြောနေချိန် တခြားအရာတွေကို အာရုံစိုက်နေမယ့်အစား သူတို့စကားထဲမှာ စည်းမျောပေးပါ။  လူတွေနဲ့ စကားပြောရမှာ ကြောက်ပြီး တစ်ယောက်တည်းနေရင် ပိုဆိုးသွားမှာပါ။ ကိုယ့်ကြောက်နေတဲ့အရာကို ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။

(၂) ခင်တဲ့သူတွေနဲ့အဆက်အသွယ်မပျက်နေပေးပါ 

Sponsored

သူငယ်ချင်းတို့ ၊ မိတ်ဆွေတို့နဲ့ အဆက်အသွယ်မပျက် နေပေးပါ။ သူတို့အားတဲ့ အချိန်တိုင်း သူတို့နဲ့ စကားပြောနေပေးပါ။ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေကို မပျက်အောင် ထိန်းပေးပါ။ ကိုယ့်နဲ့ အရမ်းမခင်တဲ့ သူနဲ့ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်ပြီး ရှောင်သွားတာမျိုးမလုပ်ဘဲ သူတို့နဲ့ စကားခဏလောက် ပြောပြီးနေလိုက်ပါ။ ဒီလိုလုပ်ရင်းနဲ့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး မြှင့်တတ်လာမှာပါ။

READ
သင့်ချစ်သူက သင့်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ ပြနေတဲ့ အချက် (၅) ချက်

(၃) မေးခွန်းတွေ မေးပေးပါ 

သင့်သိချင်တဲ့မေးခွန်း ၊ သူတို့ပြောလိုက်တဲ့ စကားထဲကနေ မေးခွန်းပြန်မေးပေးပါ။ ဆိုလိုချင်တာက ပေါင်းသင်းဆက်ဆံကောင်းချင်တယ်ဆိုရင်တော့ စကားများများပြောပေးနိုင်မှ ရပါမယ်။ သူတို့ပြောတာကို ဘာမှ ပြန်မပြောဘဲ နားထောင်နေရင်လည်း မဖြစ်ပါဘူး ။ သူတို့နဲ့ စကားဝိုင်းဖွဲ့ပြောနေပြီဆို သူတို့ပြောတဲ့ စကားပေါ်မှုတည်ပြီး အပြန်အလှန် စကားပြန်ပြောပေးပါ။ ဒါမှ သူတို့ရဲ့စိတ်ထဲမှာ သင်နဲ့စကားပြောရင် အဆင်ပြေကြောင်းကို ခံစားသွားရမှာပါ။

(၄) မိတ်ဆွေသစ် ဖွဲ့ပေးပါ 

တကယ်လို့ သင်တန်းတစ်ခုခုမှာ မိတ်ဆွေသစ်ဖွဲ့ကြည့်ပြီး စကားစပြောပေးကြည့်ပါ။ စစတွေ့ချင်းမှာ စကားအများကြီးပြောရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို မိတ်ဆက်ရုံလောက်ဆိုရင် ရပါပြီ။ ပြန်ခါနီးမှာလည်း နှုတ်ဆက်ပေးပါ။ ဒီလိုလုပ်ပေးတာက သင့်ရဲ့ပေါင်းသင်းဆက်ဆံရေး အဆင့်ကို မြှင့်အောင်လုပ်ပေးနိုင်သလို မိတ်ဆွေသစ်လည်းတိုးပါတယ်။

(၅) ပြုံးပါ

သင့်ရဲ့ social skills ကို မြှင့်တင်ပေးချင်ရင် တတ်နိုင်သလောက် ပြုံးပေးပါ ။ အပြုံးဆိုတာ လူတိုင်းအတွက် နွေးထွေးမှုကိုဖြစ်စေတယ်။ ဒါကြောင့် မိတ်ဆွေသစ်နဲ့ မိတ်ဖွဲ့ရင်ပဲဖြစ်ဖြစ် ပြုံးနေပေးပါ။ မသိတဲ့သူဆိုရင်တောင် ပြုံးနေပေးပါ။ သင့်မျက်နှာပေါ်က အပြုံးက သင့်က ဖော်ရွေတဲ့သူ ဆိုတာကို ဖော်ပြနေတာပဲဖြစ်တယ်။

READ
Facebookအသုံးများသည့်ကလေးများ သူတို့ရုပ်ရည်အပေါ်ကျေနပ်မှုမရှိခြင်းပိုဖြစ်လာ

(၆) မျက်လုံးချင်း ဆုံပါစေ

Social Skills ကောင်းချင်တယ်ဆိုရင် မျက်လုံးချင်းဆုံပြီး စကားပြောပေးပါ။ တစ်ယောက်နဲ့ တစ်ယောက်စကားပြောရင် တခြားနေရာကို ကြည့်ပြီးပြောတာထက်စာရင် မျက်လုံးချင်းဆုံ စကားပြောတာက ပိုကောင်းပါတယ်။ တစ်ဖက်လူက စကားပြောနေတဲ့အချိန်မှာ တခြားကို ငေးမောနေတာမျိုး မလုပ်မိပါစေနဲ့။

Hannwe Soe (Auntymay)
sponsored