ကိုယ့်ချစ်သူ ကိုယ့်အပေါ်သစ္စာဖောက်နေတာလဲ သိတယ်။ ဒါပေမယ့် သက်သေမရှိလို့ ဖော်ထုတ်လို့ မရဖြစ်နေတယ်။ ဒါမျိုးတွေ ဖြစ်လာရင် အရမ်းစိတ်တိုဖို့ ကောင်းပြီး အရမ်းအသည်ယားဖို့ ကောင်းပါတယ်။ ခိုးနေမှန်းသိနေလဲ ခိုးရာပစ္စည်း ရှာမရအခြေအနေမျိုးပါ။ ဒီလိုအခြေအနေမှာ စုံထောက်လုပ်ပြီး သက်သေရှာနေမယ့်အစား ကိုယ်နည်းကိုယ်ဟန်နဲ့ ဖော်ထုတ်လို့ရတာလေးတွေ ရှိတယ်နော်။
(၁) သိရတဲ့သတင်းကို မယုံသလိုနဲ့ မေးကြည့်ပါ။ ဟယ် မဖြစ်နိုင်တာကိုနော်တို့ သူ့ဘက်ကနေ ရပ်တည်နေတဲ့ ပုံမျိုးနဲ့ မေးကြည့်ပါ။ သူ့ကိုယ်သူ အဟုတ်ကြီး ထင်ပြီး ခိုးလုပ်တာတွေက ပေါ်တင်လုပ်တာတွေ ဖြစ်လာပါလိမ့်မယ်။

(၂) အခွင့်ရရင် ရသလို ကလိကြည့်ပါ။ ဒီလိုသတင်းတွေ ကြားနေတယ်နော်တို့ ယုံရမှာလားတို့လိုမျိုးပေါ့။ စသလိုလိုနဲ့ အတည်ပေါက်ကြီးပြောကြည့်ပါ။ သူရဲ့တုန့်ပြန်မှုက သူခိုးလူမိ မျက်နှာမျိုးဖြစ်လာရင် သေချာပါတယ်။ ဖောက်ပြန်နေပြီဆိုတာ။
(၃) သူနဲ့မတည့်တဲ့ သူငယ်ချင်းတွေဆီကနေ စကားနှိုက်ကြည့်ပါ။ အချက်အလက်မစုံရင်တောင် အမြင်ကပ်ပုဒ်မနဲ့ သိသင့်သလောက်တော့ သိလာရမှာပါပဲ။

(၄) ပျက်လာတဲ့ခြေလှမ်းတွေကို သတိထားကြည့်ပါ။ ညဘယ်အချိန်ဆို ပုံမှန် ဖုန်းမအားတော့တာလဲတို့၊ ဘယ်အချိန်ဆို အလုပ်ရှိတယ်ဆိုပြီး ပျောက်သွားတက်တယ်တို့ကို သတိထားကြည့်ပါ။ မသင်္ကာစရာတွေ တွေ့လာရမှာမို့ အရေးကြီးတယ်နော်။
(၅) သိထားတဲ့သတင်းတွေ စုပြီး ခိုင်လုံတဲ့ အကြောင်းရင်းကို သေချာရှာထားပါ။ ကိုယ်သူ့ကို မေးတဲ့အချိန်မှာ ငြင်းမှာဆိုတာ အသေအချာပဲမို့လို့ ကိုယ်မှာရှိထားတဲ့ အချက်အလက်တွေ သတင်းတွေနဲ့ ငြင်းမရအောင် ဖန်တီးပြီး သူ့ဆီကဝန်ခံချက်ကို ရအောင်ယူပါ။
TPS