အချစ်ဆိုတာ လူတစ်ယောက်ချင်းစီအလိုက် ခံယူပုံချင်းကွဲပြားနိုင်ပါတယ်။ တစ်ချို့တွေက အချစ်ကို ထုတ်ဖော်ပြသတတ်ကြပေမယ့် တစ်ချို့တွေကတော့ အချစ်ကိုထုတ်မပြကြပါဘူး။ ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူတွေရှိနိုင်ပါတယ်။ သင့်ရဲ့ Ex ဒါမှမဟုတ် သင့်သူငယ်ချင်း၊ သင်မသိတဲ့သူ စသဖြင့် ဘယ်သူမဆိုဖြစ်နေနိုင်ပါတယ်။ အဝေးကနေသင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။
(၁) သင့်ကိုမနာကျင်စေချင်ဘူး

လူတစ်ယောက်ဟာ သင့်ကိုမနာကျင်စေချင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကို သင့်ကိုပြောနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်လို့ပါ။ အကြောင်းကတော့ရှင်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို မနာကျင်စေချင်ပဲ သူကောင်းဖို့ကိုပဲ လိုလားပေးတတ်ကြတာ သဘာဝပါပဲ။
(၂) ချစ်သူမရှိဘူး
လူတစ်ယောက်က ကိုယ့်ကိုချစ်နေတယ်ဆိုတာကို မသိစိတ်ထဲကနေ အလိုလို သိနိုင်ပါတယ်။ မသိစိတ်ကအလိုလို သိနေတဲ့အပြင် နောက်ထပ်သေချာတဲ့အချက်ကတော့ အဲဒီ့လူမှာ ချစ်သူမရှိတာပါပဲ။ လူတစ်ယောက်ဟာ သင့်ကိုချစ်တဲ့အရိပ်အယောင်တွေပြတယ်၊ ချစ်သူလည်းမရှိဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ကိုအဝေးကနေ ချစ်နေတာပါ။
(၃) သင့်အကြောင်းတွေကိုစုံစမ်းတတ်တယ်
လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့အကြောင်းတွေကို သိချင်တာ သဘာဝပါပဲ။ သူဘာလေးတွေကြိုက်တတ်တယ်၊ ဘာတွေလုပ်တတ်တယ်၊ ဘယ်တွေကိုသွားတတ်တယ်ဆိုတာမျိုးကို သိချင်ကြတာချည်းပါပဲ။ တကယ်လို့ လူတစ်ယောက်ဟာ သင့်သူငယ်ချင်းတွေဆီမှာ သင့်အကြောင်းတွေကို မေးတတ်တယ်၊ သိချင်တယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်နေလို့ဆိုတာ မပြောလည်း သိနိုင်ပါတယ်။
(၄) သဝန်တိုတယ်

သင့်အပေါ်ကိုရိုးသားတဲ့သူတစ်ယောက်ဟာ သင်ဘာလုပ်လုပ် သူ့အပူမပါသလို ဖာသိဖာသာပဲနေမှာပါ။ သင်ဘယ်လိုလူနဲ့ပဲ ပတ်သက်နေပါစေ သူဘာမှခံစားရမှာ မဟုတ်ပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ သင့်ကိုသဝန်တိုတယ်၊ စိတ်ပူတယ်၊ ချုပ်ခြယ်တဲ့စကားလေးတွေပြောတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်နေလို့ဆိုတာ မပြောလည်း သိနိုင်ပါတယ်။
(၅) တစ်ခါတလေဆက်သွယ်တယ်
သင့်ကိုအဝေးကနေချစ်နေတဲ့သူတစ်ယောက်ဟာ သင့်ကိုလုံးလုံးမဆက်သွယ်ပဲတော့ မနေပါဘူး။ တိုက်ရိုက်မဟုတ်ရင်တော့ သင်နဲ့ပတ်သက်တဲ့ တိုက်ဆိုင်တဲ့အရာတစ်ခုခုကို သင်မြင်အောင် ပြမှာပါ။ သင့်ကိုသတိရနေတယ်၊ သင့်အကြောင်းတွေးနေတယ်ဆိုတဲ့ သင်္ကေတအနေနဲ့ပေါ့။ သင့်ကိုတိုက်ရိုက်ဆက်သွယ်တဲ့ အခါတွေလည်းရှိမှာပါ။ သူမူးနေတဲ့အချိန်တွေ ဒါမှမဟုတ် သင့်ကိုလွမ်းလွန်းလို့ မနေနိုင်လောက်အောင် ဖြစ်တဲ့အချိန်တွေမှာပေါ့။
Em Em