အဆီပြန်တဲ့သူတွေအတွက်တစ်နေကုန်ခံစေမယ့်မိတ်ကပ်လိမ်းနည်း

Sponsored

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ အသားအရေထိန်းသိမ်းဖို့လည်းခက်သလို မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း မိတ်ကပ်ကြာကြာမခံဘဲ ကွက်ကုန်မှာစိုးရတာနဲ့ တော်တော်ကို စိတ်ရှုပ်ရပါတယ်။ အဆီပြန်တဲ့သူတွေ မိတ်ကပ်လိမ်းပြီး အချိန်ကြာကြာ ကွက်တာပျက်တာမဖြစ်ဘဲ မိတ်ကပ်လိမ်းကာစ ကလို လှနေအောင် အခုဖော်ပြမယ့် နည်းလမ်းလေးတွေအတိုင်း လိမ်းကြည့်လိုက်ပါနော်။

(၁) ချွေးပေါက်တွေကိုပြုပြင်မယ်

shutterstock

အဆီပြန်တယ်ဆိုတာ ချွေးပေါက်ကျယ်တာကြောင့် အဓိကဖြစ်တာမို့လို့ မိတ်ကပ်မလိမ်းခင် ချွေးပေါက်တွေကို အရင်ဆုံးပြုပြင်ရပါမယ်။ ချွေးပေါက်တွေကို ပြုပြင်ဖို့ မိတ်ကပ်မလိမ်းခင် နာရီဝက်အလိုမှာ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် ရေအေးနဲ့ တစ်ထပ်ဆေးပြီး မျက်နှာကိုရေခဲတုံး ဒါမှမဟုတ် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ ပုဝါနဲ့ ခပ်ဖွဖွပွတ်သုတ်ပေးပါ။ ဆယ်မိနစ်လောက် စောင့်ပြီးမှ တိုနာလိမ်းပါ။

(၂) အစိုဓာတ် မဖြစ်မနေဖြည့်ပါ

shutterstock
Sponsored

အဆီပြန်လို့ moisturizer လိမ်းဖို့မလိုဘူး မထင်ပါနဲ့။ အဆီပြန်တာက အဆီပြန်တာပါ။ အသားအရေအတွက် ရေဓာတ်က လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် တိုနာလိမ်းပြီး moisturizer ကိုမျက်နှာအနှံ့ လိမ်းပေးပြီး အသားထဲစိမ့်ဝင်သွားအောင် လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွပုတ်ပေးပါ။

READ
မျက်ကွင်းညိုနေတာတွေကို အမြန်ဆုံး ပျောက်ကင်းသက်သာစေမယ့် နည်းလမ်း (၅) မျိုး

(၃) ဖောင်ဒေးရှင်း တစ်မျိုးတည်းသာလိမ်းပါ

shutterstock

အဆီပြန်တဲ့ သူတွေက မိတ်ကပ်လိမ်းတဲ့အဆင့်နည်းလေ ပိုကောင်းလေမို့ primer လိမ်းတဲ့အဆင့်ကိုကျော်လိုက်ပါ။ အသားအရောင်နဲ့ ကိုက်ညီတဲ့ ဖောင်ဒေးရှင်းကို သေသေချာချာရွေးချယ်ပြီး မထူမပါးလေး လိမ်းပေးသင့်ပါတယ်။ ဖောင်ဒေးရှင်းရွေးချယ်ရာမှာ အဆီနဲ့ အနံ့မပါဝင်တဲ့ အမျိုးအစားကိုပဲ ရွေးပေးပါ။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ brush ၊sponge စတာတွေမသုံးဘဲ လက်ကိုသန့်နေအောင်ဆေးပြီး လက်ချောင်းထိပ်လေးတွေနဲ့ တို့တို့ပြီးလိမ်းပေးမယ်ဆို အကောင်းဆုံးပါ။

(၄) ပါးနီနဲ့ eye shadow

shutterstock

ပါးနီရော eye shadow ရော နှစ်မျိုးလုံးကို powder type ပဲသုံးပေးပါ။ တခြား cream type တွေက အဆီပြန်တာကိုပိုဆိုးစေနိုင်ပါတယ်။

(၅) နှုတ်ခမ်းနီ

shutterstock

မိတ်ကပ်တွေရှယ်လိမ်းပြီး နှုတ်ခမ်းနီက တလွဲဖြစ်နေရင်လည်း ဘယ်လိုနည်းနဲ့မှ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ အဆီပြန်တဲ့သူတွေက lip gloss တွေ လုံးဝမသုံးသင့်ပါဘူး။ matte lip ကိုသာ ရွေးချယ်သင့်တာပါ။ တကယ်လို့ glossy ဖြစ်တာကိုမှ ဆိုးချင်တယ်ဆိုရင်လည်း နှုတ်ခမ်းကို ပေါင်ဒါအကြည်လေး အရင်လိမ်းပြီးမှ ဆိုးပါ။

READ
Vogue မဂ္ဂဇင်းအရ မိမိအသားအရောင်နဲ့အလိုက်ဖက်ဆုံး Red Lipstick ရွေးချယ်နည်း

(၆) အသားအရေထိန်းသိမ်းပါ

shutterstock

မိတ်ကပ်လိမ်းတိုင်း လှချင်ရင် အသားအရေလည်း ပုံမှန်ထိန်းသိမ်းဖို့လိုပါတယ်။ အဆီပြန်တဲ့ သူတွေအနေနဲ့ ညမအိပ်ခင်တိုင်းမှာမိတ်ကပ်တွေကို မမေ့မလျော့ဖျက်ဖို့လိုပါတယ်။ ပြီးရင် တစ်ပတ်တစ်ခါ exfoliate လုပ်ပေးသင့်ပါတယ်။

MAY THAZINHTOO

sponsored