အသားအရေတွေ မပျက်စီးအောင် မိတ်ကပ်ကို ဒီလိုနည်းလမ်းလေးနဲ့ ဖျက်ကြည့်မယ်

shutterstock/Makistock
Sponsored

တစ်ချို့တွေက အပြင်က ပြန်လာတဲ့ အချိန်မှာ မိတ်ကပ်မဖျက်ပဲ ဒီအတိုင်းနေတတ်ကြပါတယ်။ တစ်ချို့တွေကျပြန်တော့ မိတ်ကပ်တော့ ဖျက်ပါရဲ့ သေချာ မပြောင်တာ၊ ဖြစ်သလို ဖျက်တာတွေကြောင့် အသားအရေတွေ ပျက်စီးတာ၊ အရေးအကြောင်းတွေ ဖြစ်လွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်နော်။ ဒီတော့ မှန်ကန်စွာ မိတ်ကပ်ဖျက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

shutterstock/ Tinatin

မိတ်ကပ်ဖျက်တဲ့အခါ သတိထားရမှာက အရမ်းကြီး ပွတ်ဆွဲပြီး ဖျက်တာမျိုးတွေ မလုပ်ရပါဘူး။ ဒါက အသားအရေကို အရေးအကြောင်းတွေ ဖြစ်လာစေလို့ပါ။ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်ကို သေချာလေး သတိထားဖို့လိုပြီး ဖွဖွလေး ဖိပြီးဖျက်တာမျိုးသာ လုပ်သင့်ပါတယ်။

Sponsored

တကယ်လို့ waterproof eyeliner တို့၊ mascara တို့ သုံးထားမယ်ဆိုရင်တော့ သေချာလေး ဖျက်ဖို့လိုအပ်ပါတယ်။ တကယ်လို့ သေချာမပြောင်ဘူးဆိုရင် အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီကို မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး အလွယ်တကူပဲ မိတ်ကပ်အကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။ နောက်ထပ် တစ်မျိုးက cream type cleanser မျိုးကိုလည်း အသုံးပြုလို့ ရပါတယ်။

READ
ပျိုမေတို့အတုယူဝတ်ဆင်နိုင်မယ့် မင်းသမီး Lily Collins ရဲ့ အထာကျကျဖက်ရှင်များ...
shutterstock/ BLACKDAY

မိတ်ကပ်ဖျက်ဆေးတွေ ကုန်နေတဲ့အခါမှာ အုန်းဆီကို အသုံးပြုလို့ရပြီး အုန်းဆီက ဖျက်ရခက်တဲ့ မိတ်ကပ်တွေကိုလည်း ပျက်စေနိုင်ပါတယ်။ အရင်ဆုံး အုန်းဆီကို လက်မှာထည့်ပြီး လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်ပြီးတော့ မျက်နှာမှာ လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ အနည်းငယ် နှိပ်နှယ်တဲ့ပုံစံနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ် မျက်လုံးတွေကိုလည်း ခဏလောက် အချိန်ပေးဖျက်ပြီးနောက်မှာ နှုတ်ခမ်းတွေကိုပါ တစ်ခါတည်း ဖျက်ပေးလို့ရပါတယ်။

နောက်ထပ် နည်းတစ်ခုကတော့ သခွါးသီးကို အသုံးပြုနည်းဖြစ်ပါတယ်။ သခွါးသီးက ရေဓာတ်ပြည့်ဝပြီး အသားအရေအတွက် ကောင်းတာမို့ ဒီနည်းလမ်းလေးကို စမ်းသုံးကြည့်စေချင်ပါတယ်။ သခွါးသီးအရည်က မိတ်ကပ်တွေကို ပျက်စေနိုင်ပါတယ်နော်။ အသုံးပြုရမယ့် ပုံစံက မိတ်ကပ်ဖျက်မယ့် ဂွမ်းဖတ်လေးကို သခွါးသီးရည်ထဲ နှစ်လိုက်ပြီး ဖွဖွလေး ဖျက်ပေးရုံပါပဲ။ ဒါက အသားအရေကို တစ်ခါတည်း ရေဓာတ်ပြည့်ဝပြီးသား ဖြစ်စေလို့ တကယ့်ကို ကောင်းမွန်တဲ့ နည်းလေးပါ။

READ
မနက်အိပ်ယာနိုးတာနဲ့ မျက်နှာလေးဖူးဖူးလေး ဖြစ်နေစေမယ့် Night Skincare Step (၄) ခု
shutterstock/ popcorner

မိတ်ကပ်ဖျက်ပြီး မျက်နှာသစ်ပြီးရင်တော့ အသားအရေထိန်းသိမ်းမှုလေး ပြန်လုပ်ပေးဖို့ကို မမေ့ပါနဲ့နော်။ မိတ်ကပ်နဲ့ အညစ်အကြေးတွေနဲ့ ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည်ကုသတဲ့ အနည်းနဲ့ လိုအပ်တဲ့ skin care တွေ လုပ်ပေးဖို့ လိုပါတယ်။

Khin

sponsored