ငွေကို စုနေရုံနဲ့ မပြီးပါဘူး။ ငွေကို စမတ်ကျကျနဲ့ လိုအပ်တဲ့ နေရာမှာပဲ သုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့်စုထားတဲ့ငွေတွေလည်း အဖတ်တင်မှာပဲဖြစ်တယ်။ ဒါကြောင့် (၂၀၁၈) နှစ်စမှာပဲ ငွေကို ဘယ်လို စမတ်ကျကျ သုံးရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
(၁) Budget စာရင်းဆွဲပါ
သင့်ကုန်ကျစရိတ်နဲ့ သင့်ဝင်ငွေကို စာရင်းဆွဲပါ။ သင့်သုံးခဲ့သမျှ ကုန်ကျစရိတ်စာရင်းကို ချရေးလိုက်ပါ။ ဒါဆို တစ်လကို သင့်ဘယ်လောက်သုံးခဲ့လဲဆိုတာ အကြမ်းဖျင်းတော့ သိသွားမှာပါ။ ဒီလိုဆို သင့်ကုန်ကျစရိတ်က သင့်ဝင်ငွေထက်များနေတယ်ဆိုရင် ဒါက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ငွေတွေကို စမတ်ကျကျ သုံးနိုင်ဖို့ အရင်ဆုံး သင့် Budget စာရင်းကို ဆွဲလိုက်ပါ။
(၂) ပစ္စည်းဈေးချတဲ့အချိန်ကို စောင့်ပါ
သင့်ဝယ်ချင်တဲ့ပစ္စည်းက ဈေးကြီးနေတယ်ဆိုရင် ဒီပစ္စည်းဈေးချတဲ့အချိန်ကို စောင့်နေလိုက်ပါ။ ငွေကို စမတ်ကျကျ သုံးတတ်ဖို့ကတော့ ဈေးချတဲ့အချိန်ကို စောင့်နေလိုက်တာ ပိုကောင်းပါတယ်။ ဈေး လူတွေဝယ်ဖို့ စိတ်မ၀င်စားတော့တဲ့အချိန်မျိုး မှာ ဈေးချတတ်ကြတယ်။ ဥပမာ နွေရာသီမျိုးမှာ ဆောင်းတွင်းဝတ်အကျီင်္တွေကို ဈေးချရောင်းတတ်ကြတယ်။ ဒီလိုမျိုး ဈေးချတဲ့အချိန်ကို စောင့်ပြီး ဈေးဝယ်လိုက်တာက ကိုယ့်လိုချင်တဲ့ပစ္စည်းလည်းရ၊ ဈေးသက်သက်သာသာနဲ့လည်းဝယ်ရပါတယ်။
(၃) လိုအပ်တာကိုပဲ ၀ယ်ပါ
ငွေတွေကို စမတ်ကျကျသုံးနိုင်ဖို့အတွက် မလိုအပ်တာတွေကို မ၀ယ်ပါနဲ့။ မလိုအပ်တာတွေကို ၀ယ်မိလိုက်ရင် ကိုယ့်တကယ်လိုအပ်တာတွေကို စွန့်လွတ်ရတတ်ပါတယ်။ ဒါကြောင့် အကျီင်္ဆိုရင်လည်း မ၀တ်တော့တာေ၊ မတော်တော့တာတွေကိုဆို ရောင်းပစ်လိုက်ပါ။ ရောင်းလိုက်လို့ အ၀တ်ဗီရိုရှင်းသွားရင်လည်း အကျီင်္အသစ်ထပ်ဝယ်ဖို့ ဆင်ခြင်မယူပါနဲ့။ သင့်မှာ မ၀တ်ရသေးအကျီင်္သစ်တွေရှိသေးတယ်ဆိုတာ သိသွားအောင်ပဲဖြစ်တယ်။
(၄) ဈေးသက်သာပြီး အရည်အသွေးကောင်းတာကို ရှာဝယ်ပါ
ငွေကို စမတ်ကျကျနဲ့ ချွေချွေတာတာ သုံးနိုင်ဖို့အတွက် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို ရှာဝယ်လိုက်ပါ။ ဥပမာ cosmetics တွေမှာဆို ဈေးကြီးတဲ့တံဆိပ်ရဲ့ အရည်အသွေးအတိုင်းရနိုင်တဲ့ ဈေးသက်သာတဲ့တံဆိပ်တွေ အများကြီးရှိပါတယ်။ အဲ့လိုပဲ ဈေးသက်သာပြီး အရည်အသွေးကောင်းရနိုင်တဲ့ ပစ္စည်းတွေကို ရှာဝယ်နိုင်တာကလည်း သင့်အတွက် အကျိုးရှိစေပြီး ငွေကို စမတ်ကျကျသုံးနိုင်မှာပဲဖြစ်တယ်။
(၅) ဈေးစာရင်း သေချာလုပ်ပါ
သင့်စားတဲ့ အစားအစာအတွက် ၀ယ်ရတဲ့ဈေးစာရင်းတွေကို သေချာမှတ်ပါ။ သင့်စားခဲ့တဲ့ အစားအစာအတွက် ကုန်သွားတဲ့ဈေးစာရင်းကို ချရေးလိုက်ပါ။ ဒီလို မှတ်တာက အစားအသောက်အတွက် ဖြုန်းနေတာတွေကို ရပ်သွားစေမှာပါ။ သင်စားရတာထက် လွင့်ပစ်လိုက်ရတာက များနေတယ်ဆိုရင် သင့်ဝယ်တဲ့စာရင်းတွေကို လျော့ချလိုက်ပါ။