လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့ အချိန်ရှိပါတယ်။ ဘယ်လောက် ပျော်ပျော်နေတယ် ပြောပြာ စိတ်ဓာတ်ကျတဲ့ အချိန်ကတော့ ကြုံရစမြဲပါပဲ။ ကိုယ့်ဘဝကြီးက ဘာအဓိပ္ပါယ်မှ မရှိဘူးခံစားနေရတယ်၊ ကိုယ်ကဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ထင်နေရင် အောက်ကစာလေးတွေ အတိုင်းလိုက်လုပ်ကြည့်ရင်း စိတ်ကိုပြန်အားမွေးလိုက်ပါနော်။
- ကိုယ့်မှာ မရှိတာကို မကြည့်ပါနဲ့
ရတာမလို၊ လိုတာမရ ဘဝကြီးမှာ ငါမှာကြ ဒါမရှိဘူး၊ သူ့မှာကြ ရှိတယ် ဆိုတာမျိုးတွေ ဖယ်ထုတ်လိုက်ပါ။ ကိုယ့်မှာ မရှိတာကို မကြည့်ပဲ ကိုယ့်မှာ ရှိတာလေးတွေနဲ့ ကျေနပ်တက်အောင် ကြိုးစားကြည့်ပါနော်။
- ဒိုင်ယာရီရေးပါ

ဒိုင်ယာရီစာအုပ်ရယ် မဟုတ်ပါဘူး။ စာအုပ်တစ်အုပ်၊ စာရွက် တစ်ရွက် ပေါ်မှာ ကိုယ့်စိတ်ထဲမှာ ရှိသမျှကို ချရေးလိုက်ပါ။ အကုန်ချရေးပြီးရင်တော့ စိတ်ထဲမှာ ပေါ့သွားမှာ အသေအချာပါပဲ။
- တရားထိုင်ပါ

စိတ်ထဲမှာ ဖြစ်သမျှကို ပြေပျောက်စေမယ့် အကောင်းဆုံး နည်းလမ်းကတော့ တရားထိုင်ခြင်းပါပဲ။ စိတ်ငြိမ်စေတဲ့အပြင် ပုံမှန်တရားထိုင်ခြင်းနဲ့ ရလာတဲ့ အကျိုးတွေက စိတ်ရော ခန္ဓွာအတွက်ပါ ကျိုးရှိစေတာမို့ တရားထိုင်ဖို့ မမေ့နဲ့နော်။
- Life Goals တွေထားပါ
စိတ်ဓာတ်ကျလာအခါတိုင်း၊ အရူံးပေးချင်လာတိုင်း ကိုယ့် Lifegoals တွေကို ပြန်ကြည့်ပါ။ ကိုယ့်စိတ်ကိုယ်အားတင်းထားဖို့ အတွက် ကိုယ့်အနာဂတ်ကို ဘယ်လိုပုံဖော်ရမလဲ ဆိုတဲ့ အတွေးမျိုးကို အမြဲမွေးထားပါ။ စိတ်ဓာတ်ကျလာတိုင်း ငါကိုယ်ငါအားကိုးရမယ် ငါ့ဘဝအတွက် ငါရှိရမယ်ဆိုတဲ့ အတွေးမျိုးကို အားပြန်တင်းထားပါ။
TPS