အဆိုတော် မင်းသမီးချောလေး IU က ပုံပြင်တွေထဲက ဇာတ်ကောင်တွေလိုမျိုး အိပ်မက်ဆန်ဆန် ပုံလေးတွေကို ရိုက်ကူးခဲ့တဲ့အကြောင်းကို kstarlive က ဖော်ပြပေးထားပါတယ်။
September 24 ရက်နေ့က ဖက်ရှင်မဂ္ဂဇင်း ‘ELLE Men Chian’ အတွက် IU နဲ့ ရိုက်ကူးထားတဲ့ ပုံသစ်တွေ ထွက်ရှိလာခဲ့တာပါ။
ဒီဓာတ်ပုံတွေမှာ မင်းသမီးချောလေး IU ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက Gucci brand တွေကို ဝတ်ဆင်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံတွေက ထူးခြားပြီး အိပ်မက်ဆန်ဆန်ပုံတွေနဲ့ ပုံပြင်ဇာတ်ကောင်တွေလိုမျိုး ရိုက်ကူးထားခဲ့တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံစံနဲ့ အရမ်းကို လိုက်ဖက်မှု ရှိပြီး ပုံပြင်ထဲက ချစ်စရာကောင်းတဲ့ မင်းသမီးလေး တစ်ပါးလို ချောမောလှပနေတာကို တွေ့ရမှာပါနော်။
မင်းသမီးချောလေး IU က ‘ELLE Men China’ ဖက်ရှင်းမဂ္ဂဇင်းအတွက် ဘယ်လိုမျိုး ပုံဖော်ရိုက်ကူးထားလဲဆိုတာကို ပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။
Khin