အဆိုတော်မလေး IU ရဲ့ အရမ်းကို လူကြိုက်များနေပြီး သူမကိုယ်တိုင်ရေးသားထားခဲ့တဲ့ ‘Celebrity’ သီချင်းလေး အကြောင်းကို IU က ဝေမျှလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို allkpop က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
IU TV အစီအစဉ်မှာ IU ရဲ့ ‘Celebrity’ MV ရိုက်ကူးမှုနောက်ကွယ်က ဗီဒီယိုလေးကို ပြသပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ IU က သူမရဲ့ဝန်ထမ်းတွေနဲ့အတူ စကားစမြည်ပြောနေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ တစ်ယောက်စီတိင်းအတွက် အားဖြစ်စေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့ ထူးခြားတဲ့ သီချင်းလေးဖြစ်တယ်ဆိုတဲ့အကြောင်းကို သူမက ပြောပြခဲ့ပါတယ်။
“ကျွန်မ ဒီသီချင်းကို ရေးတာက စိတ်ဓာတ်တက်ကြွစေဖို့ ရည်ရွယ်ပြီး ရေးသားခဲ့တာ ဖြစ်ပါတယ် ကျွန်မတို့ဟာ တစ်ခြားသူတွေနဲ့ မတူပဲ ကွဲပြားနေတဲ့အတွက် ဝေဖန်မှုတွေကို ခံကြရပါတယ် သို့သော်လည်း ကျွန်မတို့ဟာ ထူးခြားတဲ့အတွက် ကွဲပြားနေကြတာပါ ဒါကပဲ ကျွန်မတို့အတွက် တည်ရှိမှုတန်ဖိုးကို ပေးတာဖြစ်ပါတယ် ဒီလို မက်ဆော့ခ်ျလေးကို ပေးချင်တဲ့အတွက် ရည်ရွယ်တာပါ” လို့ ပြောပြလာခဲ့ပါတယ်။
သူမက ဆက်လက်ပြီး “ဒီသီချင်းလေးထဲမှာ ကြယ်တွေက ညီညာပြန့််ပြူးစွာ မရှိကြပဲ သူတို့ကိုမတူညီတဲ့ ရှုထောင့်တွေကကြည့်တဲ့အခါ ကွဲပြားခြားနားနေတာကို တွေ့ရမှာပါ သူတို့တွေက အပြစ်အနာအဆာလေးတော့ ရှိကြမယ်ဆိုတဲ့အကြောင်းကို ထည့်ရေးထားပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။
Khin