Kissing Booth နဲ့ ပရိတ်သတ်တွေစသိလာခဲ့တဲ့ မင်းသားလေး Jacob Elordi ဟာ ကောင်မလေးတွေတိုင်းရဲ့ ချစ်ခင်နှစ်သက်အားပေးမှုကို ခံနေရသူတစ်ဦးပါ။ အရပ်ကြီးကလည်း ၆ ပေနဲ့ ၅ လက်မတောင်ရှိနေပြီး ခန္ဓာကိုယ်ဟာလည်း တောင့်တင်းတဲ့ကြွက်သားတွေနဲ့၊ ရုပ်ရည်ဟာလည်း ပြောစရာမလိုအောင်ဆိုတော့ ကြွေကြတာမဆန်းပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကပဲ Jacob Elordi ကို နောက်ထပ်အနုပညာရှင်တစ်ဦးနဲ့ နမ်းနေတဲ့ပုံတွေ တက်လာခဲ့ပါတယ်။ အဲဒီအနုပညာရှင်ကတော့ Tommy Dorfman ပါ။ Tommy Dorfman ဆိုတာ Netflix ရဲ့ စီးရီး 13 Reasons Why ထဲ Ryan Shaver အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ပါ။


ဓာတ်ပုံကိုတော့ Tommy Dorfman ကိုယ်တိုင် Instagram မှာ တင်ထားတာပါ။ Road trip သွားတုန်းက အမှတ်တရပုံလေးတွေပါတဲ့။ ပုံတွေကိုတော့ မုန့်ဝယ်တာစောင့်ရင်း ရိုက်ထားတာပါ။ နှစ်ယောက်သား မသိတဲ့လူကြည့်ရင် ရင်းနှီးမှုတွေပိုပြီး ချစ်သူတွေလားလို့တောင် ထင်မှတ်ရလောက်မှာဖြစ်ပြီး Jacob ဟာ Tommy ရဲ့ပါးလေးကို နင့်နင့်နဲနဲနမ်းနေတဲ့ ပုံလေးပါပါနေတဲ့အတွက် ပရိတသတ်တွေအတွက် အထင်မှားစရာဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ Tommy ဟာ Peter Zurkuhlen နဲ့ ၂၀၁၆ ခုနှစ်ကတည်းက လက်ထပ်ထားတာဖြစ်ပြီး Jacob ကတော့ မင်းသမီး Zendaya နဲ့ တွဲနေတာတော့ သေချာနေပါတယ်။ နောက် Tommy နဲ့ Jacob တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေပါ။
penny