အက်ႌကို ဝယ်မယ် စိတ်ကူးလိုက်တိုင်း အဖြူရောင်ကိုပဲ မျက်စိအမြဲ ကျနေတတ်တဲ့ သူတွေ ရှိပါတယ်။ အဖြူရောင်တွေကို တမင်ရွေးတာတော့ မဟုတ်ပေမယ့်လည်း အဖြူရောင်ကိုမှ ကြည့်အကောင်းဆုံးနဲ့ သဘောအကျဆုံး ဖြစ်နေတာကြောင့် သူတို့ရဲ့ အဝတ်တွေမှာ အဖြူတွေက ပိုပြီး များနေလေ့ ရှိပါတယ်။ ဒီလို အဖြူကိုမှ တခြား အရောင်တွေထက် ပိုကြိုက်လေ့ ရှိတဲ့ ကောင်မလေးတွေမှာ ဒီလို စိတ်နေစိတ်ထားတွေ ရှိနေတတ်ပါတယ်။
(၁) စိတ်ရိုးရှင်းတယ်
စိတ်ပညာအရ အဖြူရောင်က ရိုးရှင်းမှု၊ အပြစ်ကင်းစင်မှုနဲ့ ပြီးပြည့်စုံမှု စတာတွေကို ကိုယ်စားပြုထားပါတယ်။ အဖြူရောင် ကြိုက်သူ အများစုကလည်း ရိုးရှင်းမှုကို နှစ်သက်ပြီး စိတ်ထားကြည်လင်ကြပါတယ်။ သူတို့တွေက သူများအပေါ် ဒုက္ခ ဖြစ်စေအောင်လည်း မလုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ရှုပ်ထွေးနေတဲ့ ဘဝကို မလိုချင်ကြသူတွေလည်း ဖြစ်ပါတယ်။

(၂) အသန့်ကြိုက်တယ်
အဖြူရောင်ဆို ဖြူစင်ပြီး သန့်ရှင်းမှုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် အသန့်ကြိုက်သူတွေ၊ ရှုပ်ရှုပ်ယှက်ယှက်တွေ မနှစ်သက်သူတွေက အဖြူရောင်ကို သဘောကျတတ်ကြပါတယ်။ အရေးကြီး ကိစ္စရပ်တွေအတွက် အဖြူရောင် ဒီဇိုင်းတွေကို ပိုပြီး ရွေးချယ်မိတတ်ကြသူတွေလည်း ဖြစ်ပြီး သန့်ပြန့်နေတာကိုမှ စိတ်ကျေနပ်ကြသူတွေ ဖြစ်ပါတယ်။

(၃) ပျော်ပျော်နေတတ်တယ်
ပျော်နေတတ်သူတွေ ကလည်း အဖြူရောင်ကို နှစ်သက်ကြပါတယ်။ အဖြူရောင်မှာကိုက ဖြူစင်ခြင်း၊ ရိုးရှင်းစွာ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုနေတာမို့ ပျော်တတ်သူတွေက အဖြူရောင်ကို ကြိုက်မိတာ ဖြစ်ပါတယ်။ သူတို့တွေက တစ်ဖက်သားကိုလည်း နွေးထွေးမှုနဲ့ လုံခြုံမှုကို ခံစားရစေပါသေးတယ်။ တစ်ချို့တွေကတော့ သူတို့ အဖြူရောင် ဝတ်ထားတဲ့ အချိန်မှာ စိတ်ကြည်လင်ပျော်ရွှင်နေပေမယ့် အနားကသူတွေက စိတ်ကြည်လင်နေမှန်း မသိတာမျိုးကိုလည်း ကြုံရတတ်ပါတယ်။ ရုပ်တည်ကြီးနဲ့ ပျော်နေတတ်တာ သူတို့ပါပဲ။

(၄) တက်ကြွတယ်
သွက်လက်တဲ့နေရာမှာ အဖြူရောင်ကို ကြိုက်သူတွေက ထိပ်ဆုံးပါပဲ။ သူတို့တွေကတော့ အတွေးတွေလည်း ကောင်းသလို သွက်လက်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဖျတ်လတ်ပြီး လန်းဆန်းနေတတ်သလို အဲ့လို နေရတာကို သဘောအကျဆုံး ဖြစ်ကြပါတယ်။ လန်းဆန်းပြီး ပေါ့ပါးနေတာကြောင့် အနားမှာ ရှိတဲ့သူတွေကိုပါ သူတို့က စိတ်ပျော်ရွှင်စေတတ်ပါတယ်။

(၅) ကြင်နာတယ်
သူတို့တွေက အပြောထက် နားထောင်တာကို ပိုအလုပ်ပေးတတ်ကြပါတယ်။ သူတို့ကို ရင်ဖွင့်တာမျိုးကို နားထောင်ပေးတတ်သလို ကြင်နာတတ်သူတွေလည်း ဖြစ်ပါတယ်။ စိတ်တည်ငြိမ်မှု ရှိတာကြောင့် ပြဿနာတွေ ဖြစ်လာရင်တောင် စိတ်အေးအေးထား တွေးတတ်သူတွေ ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံမှုလည်း ရှိတာကြောင့် သူတို့မှာတော့ ပူလောင်မှုတွေ ပြည့်နေတဲ့ ပုံစံကို မတွေ့ရသလောက်ပါပဲ။
Kham