ဖုန်းအားသွင်းတဲ့အခါ လူတွေအမှုမဲ့အမှတ်မဲ့ ပြုလုပ်တတ်ကြတဲ့ အမှားတွေ

shutterstock/ DAMRONG RATTANAPONG
Sponsored

ခုခေတ်မှာ ဖုန်းဆိုတာက လူတွေအတွက် မရှိမဖြစ်အရာတစ်ခုဖြစ်လာပြီးတော့ လူတိုင်းမှာ ဖုန်းတစ်လုံးလောက်တော့ အနည်းဆုံးရှိတတ်ကြပါတယ်။ ဒီတော့ အမြဲတမ်းအသုံးပြုနေရတဲ့ ဖုန်းကို အားသွင်းတဲ့အခါမှာ လူအများစုလုပ်မိနေတဲ့ အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘက်ထရီလုံးဝ ဒေါင်းသွားမှ အားသွင်းတာ

shutterstock/David MG

ဂိမ်းဆော့တဲ့ သူတွေအများစုက ဘက်ထရီလုံးဝကုန်သွားမှာ အားသွင်းတာမျိုး လုပ်တတ်ကြပါတယ်။ ဒါက ဖုန်းရဲ့ဘက်ထရီကိုထိခိုက်စေပြီး ဖုန်းရဲ့ device တွေကို သွားထိခိုက်စေတာပါပဲ။ ဒါကြောင့် ဖုန်းဘက်ထရီလုံးဝကုန်ခါနီးမှာ အားသွင်းတာမျိုး မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။

တစ်ညလုံး အားသွင်းထားတာ

shsutterstock/Daniel Krason
Sponsored

တစ်ညလုံး ဖုန်းအားသွင်းပြီး ထားခဲ့တာမျိုးက ဖုန်းကို မလိုအပ်ပဲ အားတွေအများကြီး သွင်းမိသလို ဖြစ်သွားစေတာပါ။ ဒါက ဘက်ထရီစနစ်ကို မှားယွင်းစေပြီး ဖုန်းရဲ့အပူချိန် မြှင့်တက်လာပြီး ပေါက်ကွဲတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

READ
သူမရဲ့ instagram account ဖျက်လိုက်ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ Lee Hyo-ri

အားသွင်းပြီး ဖုန်းအသုံးပြုတာ

shutterstock/ArtOfPhotos

ဖုန်းအားသွင်းကြိုးတန်းလန်းနဲ့ ဖုန်းအသုံးပြုတတ်တဲ့ အကျင့်က အတော်လေးကို ဆိုးဝါးတဲ့ အကျင့်တစ်ခုပါနော်။ ဒီလိုမျိုး ဖုန်းကို တစ်ပြိုင်တည်းအလုပ်နှစ်ခု မခိုင်းသင့်ပဲ ဖုန်းအားသွင်းနေတဲ့အချိန်မှာ ဖုန်းသုံးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။

ဘက်ထရီ 20% နဲ့အထက်မှာ အားသွင်းတာ

တကယ်တော့ ဖုန်းတကယ်အားသွင်းဖို့ လိုအပ်တဲ့အချိန်က 20% အောက်ရောက်မှသာဖြစ်ပြီးတော့ ဘက်ထရီ 20% အထက်ရှိနေသေးတဲ့အခါ အားသွင်းဖို့ မလိုအပ်ပါဘူးနော်။ ဒါကတော့ တော်တော်များများ လုပ်တတ်တဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။

Laptop နဲ့ အားသွင်းတာ

shutterstock/ blackzheep

Laptop နဲ့ အလွယ်တကူ အားသွင်းတတ်တာမျိုးက အားအမြန်မပြည့်ပဲ အချိန်ပိုကြာတတ်ပါတယ်။ ဒါက ဖုန်းအားပြည့်မှုနှုန်းကို လျော့ကျစေပြီး အားတစ်ခါသွင်းရင် အကြာကြီးသွင်းရတာမျိုး ဖြစ်သွားတတ်ပါတယ်နော်။

Khin

sponsored