လက်သည်းပုံဖော်ရတာ ကြိုက်တဲ့ ပျိုမေတို့အတွက် နောက်ဆုံးပေါ် လက်သည်းပန်းချီဒီဇိုင်းများ

Sponsored

မိန်းကလေးတွေ တော်တော်များများက လက်သည်းကို ပုံဖော်ရတာ ကြိုက်ကြပါတယ်။ လက်သည်းပုံဖော်ဒီဇိုင်းလို့ ပြောလိုက်ရင် များသောအားဖြင့် ပန်းပွင့်ဒီဇိုင်းလေးတွေကို ဖော်ကြတာ များပါတယ်။ ပန်းပွင့်ဒီဇိုင်းတွေက နေ့တိုင်းအတွက် ကြည့်ရတာ အဆင်ပြေသလို ပွဲတွေအတွက်လည်း အဆင်ပြေပါတယ်။ အခုဖော်ပြပေးမယ့် ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်းလေးတွေကတော့ နောက်ဆုံးပေါ် လက်သည်းဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်း(၁)
pinterest

အရောင်တစ်ရောင်တည်း ဆိုးပြီးပုံဖော်တာ ရိုးပါတယ်။ နှစ်ရောင် ဆက်ဆိုးပြီး ပုံဖော်ပေးကြည့်ပါ။ အနီကို အဖြူရောင်တွဲဆိုးရင် လိုက်ဖက်ပါတယ်။ ပုံလေးထဲက အတိုင်း လက်သည်းကို ပုံဖော်ကြည့်လိုက်ပါ။

ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်း(၂)
pinterest
Sponsored

အခုခေတ်စားနေတဲ့ ၊ လူကြိုက်လည်းများနေတဲ့ Nude Color လေးကို အောက်ခံဆိုးထားပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။ Nude Color လေးက အသားဖြူတဲ့ သူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒီအရောင်လေးပေါ်မှာ ပန်းချီဆွဲရင်တော့ သူ့ထက်တောက်တဲ့ အရောင်ကို ရွေးမှရပါမယ်။

READ
ငါးမိနစ်အတွင်း လှပသေသပ်တဲ့ မျက်ခုံးမွေးဆွဲနည်း
ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်း(၃)
pinterest

ဒီပုံစံဒီဇိုင်းလေးကတော့ ဆန်းပါတယ်။ ဆန်းရတာကြိုက်တဲ့ မိန်းကလေးတွေ ပုံဖော်ကြည့်သင့်တဲ့ ဒီဇိုင်းမျိုးပါ။ ပန်းပွင့်ကို လက်(၂)ချောင်းလောက်ပဲ ပုံဖော်ပြီး ကျန် (၃)ချောင်းကိုတော့ အစင်းချောင်းတွေနဲ့ ပုံဖော်ပေးထားတာပဲဖြစ်ပါတယ်။ အမြင်ဆန်းတဲ့ ဒီဇိုင်းပဲဖြစ်ပါတာ်။

ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်း(၄)
pinterest

ဒီလက်သည်းဒီဇိုင်းကတော့ တစ်ချောင်းချင်းစီကို နှစ်ရောင်စပ်ဆိုးထားပြီး ပန်းချီဆွဲထားတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အဖြူနဲ့ အနက်အစား ကိုယ့်ကြိုက်တဲ့ အရောင် (၂)ရောင်ကိုလည်း ဆိုးနိုင်ပါတယ်။

ပန်းချီဆွဲ ပန်းပွင့်ဒီဇိုင်း(၅)
pinterest

နံပါတ်(၅)ရဲ့ ပန်းပွင့်ဒီဇိုင်းကတော့ချယ်ရီပန်းပွင့်ဒီဇိုင်းပဲဖြစ်ပါတယ်။ ဒီပုံစံလေးကတော့ ရိုးရိုးလေးဖြစ်နေပေမယ့် ဆန်းနေပါတယ်။ ချယ်ရီပန်းပွင့်လေးက လက်သည်းပေါ်မှာ ပေါ်လွင်နေမှာပါ။

Hannwe Soe

sponsored