တစ်ခြားသူတွေထက် ကိုယ့်ကိုယ်ကို ဦးစားပေးတတ်လာဖို့ ဒီအချက်တွေကို မမေ့ပါနဲ့ …

shutterstock/ Maria Markevich
Sponsored

ကိုယ့်ရဲ့ဦးစားပေးစာရင်းထဲမှာ ကိုယ်က နံပါတ်ဘယ်လောက်မှာရှိနေလဲ တွေးကြည့်ဖူးလား။ လူတော်တော်များများက ကိုယ့်ကိုယ်ကိုထက် တစ်ခြားသူတွေကိုပဲ ဦးစားပေးဖြစ်နေကြပါတယ်နော်။ ဒါဆိုရင်တော့ သင့်ရဲ့နေထိုင်မှုပုံစံက မှားယွင်းနေပါပြီ။ လူတွေက ကိုယ့်ကိုယ်ကို ပထမနေရာမှာ ထားကြည့်ဖို့ကို သင်ယူကြည့်သင့်ပါတယ်။ တစ်ချိန်လုံး တစ်ခြားသူတွေရဲ့ စိတ်ခံစားမှုနောက်၊ တစ်ခြားသူတွေရဲ့ ဖြစ်ချင်တဲ့နောက်ကို လိုက်မနေပဲ ကိုယ့်ကိုယ်ကို ဦးစားပေးနိုင်ဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

shutterstock/ Dmitry_Tsvetkov

ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်မှုနဲ့ ပတ်သက်လာရင်တော့ လုပ်စရာတွေ အများကြီးရှိလို့နေပါတယ်။ ကိုယ့်ရဲ့ စိတ်ကိုပျော်အောင်နေတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင် လုပ်တာ၊ ကိုယ့်ကိုယ်ကို ချစ်တတ်လာအောင် သင်ယူတာ စသဖြင့် အများကြီးပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ဦးစားပေးတတ်လာဖို့ ကိုယ့်ကိုယ်ကို အလေးထားမှုလေးတွေနဲ့ ပိုဂရုစိုက်တတ်လာအောင် လုပ်ကြမယ်။

READ
သူငယ်ချင်းတွေစုပြီး အေးအေးဆေးဆေးညဖက်အပြင်ထွက်လည်းသင့်တဲ့ အကြောင်းရင်း

ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်မယ်

shutterstock/ Yuganov Konstantin
Sponsored

ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့စိတ်က ကိုယ့်ရဲ့ အချိန်တွေနဲ့ အင်အားတွေကို ဖြုန်းတီးနေရုံသက်သက်ပါပဲ။ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များလာလေလေ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ကိုယ့်ရဲ့ အရေးပါမှုတွေကို မခံစားမိလေပါပဲ။ ဒီတော့ အမှားတွေလုပ်မိရင်တောင် အဲဒီ့အမှားတွေကနေ သင်ယူပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး မလုပ်ကြရအောင်။ ဒါကလည်း ကိုယ့်ကိုယ်ကို ဦးစားပေးနည်း တစ်မျိုးပါပဲ။

စည်းဘောင်လေးတွေ ထားကြမယ်

နေရာတိုင်းမှာ စည်းဘောင်လေးတွေရှိမှ ပိုအဆင်ပြေနိုင်တာမို့ ကိုယ်ကိုယ်တိုင်အတွက် စည်းဘောင်လေးတွေ ထားရှိကြမယ်။ ဥပမာ- သူများတွေ ကိုယ့်ကို လေးလေးစားစား ဆက်ဆံတတ်ဖို့ ကိုယ့်ကိုယ်ကို အရင် လေးစားပြမယ်၊ စိတ်အားငယ် သိမ်ငယ်မှုတွေကို ဖျောက်ပြီး ယုံကြည်မှုရှိရှိနေမယ် ဒါက လူတွေအတွက် ကိုယ့်ချမှတ်လိုက်တဲ့ စည်းဘောင်လေးတွေပဲ ဖြစ်ပါတယ်။

READ
ဂိတ်စောင့် ဘ၀မှ စာကြိုးစားရင်း ရှေ့နေ့ဘ၀သို့ တက်လှမ်းနိုင်ခဲ့သူ

ကိုယ်စိတ်ပျော်မယ့် အရာလေးတွေ လုပ်ပေးမယ်

shutterstock/ Daxiao Productions

ကိုယ့်ကိုယ်ကို ဦးစားပေးမှုဆိုတာက ကိုယ့်ရဲ့စိတ်ကိုအလေးထားနည်း တစ်မျိုးဖြစ်တာမို့ ကိုယ်စိတ်ပျော်တဲ့ အရာလေးတွေ၊ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေနဲ့ ကိုယ်လုပ်ချင်တဲ့ အရာတွေအတွက် အချိန်ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့ စိတ်ကို ပိုပျော်ရွှင်စေပြီး ဘဝမှာ ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

လိုအပ်တာတွေအတွက် တိုက်ခိုက်မယ်

shutterstock/ Maria Markevich

တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ ကိုယ့်ရဲ့မိသားစု၊ relationship စသဖြင့် ဒါတွေအတွက် မဖြစ်မနေ တိုက်ခိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ တွေဝေတွန့်ဆုတ်မှုတွေ မရှိပဲ ကိုယ်ကိုယ်တိုင်အတွက် တိုက်ခိုက်ဖို့ ထိုက်တန်ပါတယ်နော်။ ဒီအချက်တွေက သင့်ကိုသင် ဦးစားပေးတတ်ဖို့ သင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Khin

sponsored