ဂ်ပန္အမ်ိဳးသမီးေတြအရြယ္တင္ႏုပ်ိဳရတဲ့ အေၾကာင္းအရင္း

Sponsored

Unicode Version  ဖြင့်လည်း အောက်တွင်ဖတ်နိုုင်သည်။

ဂ်ပန္အမ်ိဳးသမီးေတြဟာကမၻာေပၚမွာသဘာဝအတိုင္းအရြယ္တင္ႏုပ်ိဳသူမ်ားအျဖစ္နာမည္ႀကီးပါတယ္။ ဂ်ပန္ႏိုင္ငံ Fashionနဲ႔အလွအပေရးရာအႂကံေပးမစၥကီယိုကာဇူဝါ႐ွီဒါ ကလည္း က်န္းမာၾကံ့ခိုင္ၿပီးအခ်ိဳးက်လွပတဲ့ခႏၶာကိုယ္ဟာFashion ဆန္တဲ့အရာတစ္ခုပါပဲလို႔ဆိုခဲ့ပါတယ္။ ဒါ့ေၾကာင့္က်န္းမာၾကံ့ခိုင္တဲ့ခႏၶာကိုယ္ရ႐ွိေစဖို႔အစားအေသာက္ကအင္မတန္မွအေရးႀကီးပါတယ္။ ကိုယ္တြင္းပိုင္းက်န္မာမွအျပင္ပိုင္းလွပမွာပါ။ ဒါ့ေၾကာင့္လည္းဂ်ပန္အမ်ိဳးသမီးေတြလွပေနတာျဖစ္ပါတယ္။ ဂ်ပန္အမ်ိဳးသမီးေတြဟာပ်မ္းမ်ွအသက္(၈၇)ႏွစ္ျဖင့္ကမၻာ့အသက္အ႐ွည္ဆံုးအမ်ိဳးသမီးေတြအျဖစ္ရပ္တည္ေနပါတယ္။မွန္ပါတယ္။လူတစ္ေယာက္ရဲ႕က်န္းမာေရးဂ႐ုစိုက္ျခင္းဆိုတာကလည္းမီးဖိုေခ်ာင္ကေနစပါတယ္။

(၁) အေျခခံအစားအစာ

Sponsored

Bento-box-resizedဂ်ပန္အမ်ိဳးသမီးေတြရဲ႕တစ္ေန႔တာအစားအေသာက္ေတြမွာအနည္းဆံုး ငါး၊ ဟင္းသီးဟင္းရြက္၊ ပဲပိစပ္၊ ထမင္း၊ အသီးအႏွံနဲ႔ လက္ဖက္စိမ္းတို႔ကိုအေျခခံအစားအစာအျဖစ္စားသံုးၾကပါတယ္။ ဒါေတြဟာျမန္မာျပည္မွာလည္းအလြယ္တကူရႏိုင္တဲ့အစားအစာေတြျဖစ္တာေၾကာင္႔ပရိတ္သတ္ႀကီးလည္းစမ္းသပ္ၾကည့္ႏိုင္ပါတယ္။

(၂) အိမ္ထမင္းအိမ္ဟင္း
steamed-japanese-rice

ဂ်ပန္လူမ်ိဳးေတြဟာအိမ္ထမင္းဟင္းစားေသာက္ရတာကိုႀကိဳက္ႏွစ္သက္သူေတြပါ။ စားတဲ့အခါမွာလည္းခုနကေဖာ္ျပခဲ့တဲ့အေျခခံအစားအစာ(၆)မ်ိဳးအျမဲပါပါသတဲ့။သူတို႔ဟာတစ္ေန႔ကိုတစ္ကမၻာလံုးကငါး ၁၀%ေလာက္ကိုစားသံုးပါတယ္။ အေလးခ်ိန္အားျဖင့္တစ္ႏွစ္ကိုငါး (၃၅)ေပါင္စားပါသတဲ။ အသီးအရြက္အေနနဲ႔ ပန္းမုန္လာ၊ ေဂၚဖီ၊ ကိုက္လန္နဲ႔ပန္းေဂၚဖီတို႔ကိုစားသံုးပါသတဲ့။

(၃) သန္႔႐ွင္းလတ္ဆက္မႈ

1602_traveltips_05ဂ်ပန္လူမ်ိဳးေတြဟာအစားအေသာက္နဲ႔ပတ္သတ္ရင္သန႔္႐ွင္းလက္ဆတ္မႈကိုအေလးထားေလ့႐ွိပါတယ္။ စာေရးဆရာ မိုရီယာမ ကေတာင္”ဂ်ပန္ႏိုင္ငံက Supermarket ေတြဟာသန္႔႐ွင္းလတ္ဆတ္မႈေတြတည္႐ွိရာအရပ္ျဖစ္ပါတယ္။ အစားအေသာက္လတ္ဆက္မႈဟာ Date တင္သာမက Time ေပၚမွာလည္းမူတည္ပါတယ္”လို႔ဆိုခဲ့ပါတယ္။ ဂ်ပန္အမ်ိဳးသမီးေတြဟာဟင္းသီးဟင္းရြက္နဲ႔သားငါးေတြကိုထုတ္ပိုးၿပီးတစ္နာရီခြဲေနာက္ပိုင္းၾကာသြားရင္မဝယ္ၾကေတာ့ပါဘူးတဲ့။

(၄) အခ်ိဳးအဆ

Y337414694ဂ်ပန္လူမ်ိဳးေတြဟာအစားအစာေတြကိုပမာဏနည္းနည္းနဲ႔အမ်ိဳးအစားမ်ားမ်ားစားသံုးေလ့႐ွိပါတယ္။

(၅)ဆန္

Rice-bowl-resizedဂ်ပန္လူမ်ိဳးေတြဟာေပါင္မုန္႕(ဂ်ံဳ)ထက္၊ထမင္း(ဆန္)ကိုအမ်ားဆံုးစားသံုးၾကပါတယ္။ ဂ်ံဳျဖဴစားသံုးျခင္းဟာဝိတ္တက္ျခင္းကိုျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ေပါင္မုန္႔(အျဖဴ)အစားဆန္ၾကမ္း(brown rice)ကိုစားသံုးေစခ်င္ပါတယ္။ တကယ္လို႔ေပါင္မုန္႔စားမယ္ဆိုလည္းေပါင္မုန္႔ညိဳကိုေရြးခ်ယ္စားသံုးသင္႔ပါတယ္။

(၆) မနက္စာ

traditional-japanese-breakfastဂ်ပန္လူမ်ိဳးေတြဟာတစ္ေန႔တာလိုအပ္တဲ့အားအင္ေတြအတြက္မနက္စာကိုအဓိကေလာင္စာအျဖစ္စားသံုးပါတယ္။ မနက္စာကိုအဟာရျပည္႔ဝစြာစားသံုးၾကပါတယ္။

READ
လက္သည္းပံုေဖာ္ရတာ ႀကိဳက္တဲ့ ပ်ိဳေမတို႔အတြက္ ေနာက္ဆုံးေပၚ လက္သညး္ပန္းခ်ီဒီဇုိင္းမ်ား

(၇) အခ်ိဳပြဲေတြ

Sweet-cakes-resizedဂ်ပန္လူမ်ိဳးေတြဟာ ေခ်ာကလပ္၊ ကြတ္ကီး၊ ပဲနီကိတ္မုန္႔နဲ႔ေရခဲမုန္႔ေတြကလြဲရင္တစ္ျခားအခ်ိဳပြဲေတြကိုသိပ္မစားၾကပါဘူး။ အဆီပိုေတြနဲ႔အစာခ်က္မႈကိုဒုကၡေပးတဲ့အခ်ိဳပြဲေတြကိုေတာ့လံုးဝေ႐ွာင္ပါသတဲ့။

(၈) Dieting နဲ႔ပတ္သတ္ၿပီး

Japanese-Set-Mealဂ်ပန္လူမ်ိဳးေတြဟာအစားအေသာက္နဲ႔ပတ္သတ္လာရင္တမူထူးျခားတဲ့အသြင္ရွိပါတယ္။ တစ္ျခားႏိုင္ငံေတြကဝိတ္က်ေစဖို႔ Dieting လုပ္ေနတဲ့အခ်ိန္မွာ ဂ်ပန္လူမ်ိဳးေတြကေတာ့ Dieting ကိုအားမေပးပါဘူး။ အဲ့အစား အဆီမပါတဲ့က်န္းမာတဲ့အစားအစာေတြကိုပဲအခ်ိဳးက်စားဖို႔ပဲလိုတယ္လို႔ခံယူထားၾကပါသတဲ့။

(၉) ေန႔စဥ္ေလ့က်င္႔ခန္း

cyclists-shibuya-tokyo-japan (1)ဂ်ပန္လူမ်ိဳးေတြမွာက်န္းမာေရးနဲ႔ပတ္သတ္ၿပီးေကာင္းမြန္တဲ့အက်င္႔႐ွိပါတယ္။ အဲ့တာကေတာ့ကိုယ္လက္လႈပ္႐ွားျခင္းပါ။ ဂ်ပန္လူမ်ိဳးေတြဟာေနရာတိုင္းမွာဇိမ္ခံပစၥည္းေတြကိုအားမကိုးပဲ အဲ့အစားလမ္းေလ်ွာက္ျခင္း၊ စက္ဘီးစီးျခင္း နဲ႔ေတာင္တက္ျခင္းေတြကိုျပဳလုပ္ေလ့႐ွိပါသတဲ့။

Grinny (Shwemom)
Source: Care2 Healthy Living


Unicode Version

ဂျပန်အမျိုးသမီးတွေအရွယ်တင်နုပျိုရတဲ့ အကြောင်းအရင်း

ဂျပန်အမျိုးသမီးတွေဟာကမ္ဘာပေါ်မှာသဘာဝအတိုင်းအရွယ်တင်နုပျိုသူများအဖြစ်နာမည်ကြီးပါတယ်။ ဂျပန်နိုင်ငံ Fashionနဲ့အလှအပရေးရာအကြံပေးမစ္စကီယိုကာဇူဝါရှီဒါ ကလည်း ကျန်းမာကြံ့ခိုင်ပြီးအချိုးကျလှပတဲ့ခန္ဓာကိုယ်ဟာFashion ဆန်တဲ့အရာတစ်ခုပါပဲလို့ဆိုခဲ့ပါတယ်။ ဒါ့ကြောင့်ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရရှိစေဖို့အစားအသောက်ကအင်မတန်မှအရေးကြီးပါတယ်။ ကိုယ်တွင်းပိုင်းကျန်မာမှအပြင်ပိုင်းလှပမှာပါ။ ဒါ့ကြောင့်လည်းဂျပန်အမျိုးသမီးတွေလှပနေတာဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးတွေဟာပျမ်းမျှအသက်(၈၇)နှစ်ဖြင့်ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးတွေအဖြစ်ရပ်တည်နေပါတယ်။မှန်ပါတယ်။လူတစ်ယောက်ရဲ့ကျန်းမာရေးဂရုစိုက်ခြင်းဆိုတာကလည်းမီးဖိုချောင်ကနေစပါတယ်။

(၁) အခြေခံအစားအစာ

Bento-box-resized
ဂျပန်အမျိုးသမီးတွေရဲ့တစ်နေ့တာအစားအသောက်တွေမှာအနည်းဆုံး ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲပိစပ်၊ ထမင်း၊ အသီးအနှံနဲ့ လက်ဖက်စိမ်းတို့ကိုအခြေခံအစားအစာအဖြစ်စားသုံးကြပါတယ်။ ဒါတွေဟာမြန်မာပြည်မှာလည်းအလွယ်တကူရနိုင်တဲ့အစားအစာတွေဖြစ်တာကြောင့်ပရိတ်သတ်ကြီးလည်းစမ်းသပ်ကြည့်နိုင်ပါတယ်။

(၂) အိမ်ထမင်းအိမ်ဟင်း

steamed-japanese-rice
ဂျပန်လူမျိုးတွေဟာအိမ်ထမင်းဟင်းစားသောက်ရတာကိုကြိုက်နှစ်သက်သူတွေပါ။ စားတဲ့အခါမှာလည်းခုနကဖော်ပြခဲ့တဲ့အခြေခံအစားအစာ(၆)မျိုးအမြဲပါပါသတဲ့။သူတို့ဟာတစ်နေ့ကိုတစ်ကမ္ဘာလုံးကငါး ၁၀%လောက်ကိုစားသုံးပါတယ်။ အလေးချိန်အားဖြင့်တစ်နှစ်ကိုငါး (၃၅)ပေါင်စားပါသတဲ။ အသီးအရွက်အနေနဲ့ ပန်းမုန်လာ၊ ဂေါ်ဖီ၊ ကိုက်လန်နဲ့ပန်းဂေါ်ဖီတို့ကိုစားသုံးပါသတဲ့။

READ
သင့္မ်က္ႏွာအသားအေရဟာ Combination Skin Type လားဆိုတာ ဆန္းစစ္ၾကည့္မယ္

(၃) သန့်ရှင်းလတ်ဆက်မှု

1602_traveltips_05
ဂျပန်လူမျိုးတွေဟာအစားအသောက်နဲ့ပတ်သတ်ရင်သန့်ရှင်းလက်ဆတ်မှုကိုအလေးထားလေ့ရှိပါတယ်။ စာရေးဆရာ မိုရီယာမ ကတောင်”ဂျပန်နိုင်ငံက Supermarket တွေဟာသန့်ရှင်းလတ်ဆတ်မှုတွေတည်ရှိရာအရပ်ဖြစ်ပါတယ်။ အစားအသောက်လတ်ဆက်မှုဟာ Date တင်သာမက Time ပေါ်မှာလည်းမူတည်ပါတယ်”လို့ဆိုခဲ့ပါတယ်။ ဂျပန်အမျိုးသမီးတွေဟာဟင်းသီးဟင်းရွက်နဲ့သားငါးတွေကိုထုတ်ပိုးပြီးတစ်နာရီခွဲနောက်ပိုင်းကြာသွားရင်မဝယ်ကြတော့ပါဘူးတဲ့။

(၄) အချိုးအဆ

Y337414694
ဂျပန်လူမျိုးတွေဟာအစားအစာတွေကိုပမာဏနည်းနည်းနဲ့အမျိုးအစားများများစားသုံးလေ့ရှိပါတယ်။

(၅)ဆန်

Rice-bowl-resized
Rice-bowl-resizedဂျပန်လူမျိုးတွေဟာပေါင်မုန့်(ဂျုံ)ထက်၊ထမင်း(ဆန်)ကိုအများဆုံးစားသုံးကြပါတယ်။ ဂျံုဖြူစားသုံးခြင်းဟာဝိတ်တက်ခြင်းကိုဖြစ်စေပါတယ်။ ဒါ့ကြောင့်ပေါင်မုန့်(အဖြူ)အစားဆန်ကြမ်း(brown rice)ကိုစားသုံးစေချင်ပါတယ်။ တကယ်လို့ပေါင်မုန့်စားမယ်ဆိုလည်းပေါင်မုန့်ညိုကိုရွေးချယ်စားသုံးသင့်ပါတယ်။

(၆) မနက်စာ

traditional-japanese-breakfast
traditional-japanese-breakfastဂျပန်လူမျိုးတွေဟာတစ်နေ့တာလိုအပ်တဲ့အားအင်တွေအတွက်မနက်စာကိုအဓိကလောင်စာအဖြစ်စားသုံးပါတယ်။ မနက်စာကိုအဟာရပြည့်ဝစွာစားသုံးကြပါတယ်။

(၇) အချိုပွဲတွေ

Sweet-cakes-resized
Sweet-cakes-resizedဂျပန်လူမျိုးတွေဟာ ချောကလပ်၊ ကွတ်ကီး၊ ပဲနီကိတ်မုန့်နဲ့ရေခဲမုန့်တွေကလွဲရင်တစ်ခြားအချိုပွဲတွေကိုသိပ်မစားကြပါဘူး။ အဆီပိုတွေနဲ့အစာချက်မှုကိုဒုက္ခပေးတဲ့အချိုပွဲတွေကိုတော့လုံးဝရှောင်ပါသတဲ့။

(၈) Dieting နဲ့ပတ်သတ်ပြီး

Japanese-Set-Meal
Japanese-Set-Mealဂျပန်လူမျိုးတွေဟာအစားအသောက်နဲ့ပတ်သတ်လာရင်တမူထူးခြားတဲ့အသွင်ရှိပါတယ်။ တစ်ခြားနိုင်ငံတွေကဝိတ်ကျစေဖို့ Dieting လုပ်နေတဲ့အချိန်မှာ ဂျပန်လူမျိုးတွေကတော့ Dieting ကိုအားမပေးပါဘူး။ အဲ့အစား အဆီမပါတဲ့ကျန်းမာတဲ့အစားအစာတွေကိုပဲအချိုးကျစားဖို့ပဲလိုတယ်လို့ခံယူထားကြပါသတဲ့။

(၉) နေ့စဉ်လေ့ကျင့်ခန်း

cyclists-shibuya-tokyo-japan (1)
ဂျပန်လူမျိုးတွေမှာကျန်းမာရေးနဲ့ပတ်သတ်ပြီးကောင်းမွန်တဲ့အကျင့်ရှိပါတယ်။ အဲ့တာကတော့ကိုယ်လက်လှုပ်ရှားခြင်းပါ။ ဂျပန်လူမျိုးတွေဟာနေရာတိုင်းမှာဇိမ်ခံပစ္စည်းတွေကိုအားမကိုးပဲ အဲ့အစားလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း နဲ့တောင်တက်ခြင်းတွေကိုပြုလုပ်လေ့ရှိပါသတဲ့။

Grinny (Shwemom)
Source: Care2 Healthy Living

sponsored