ခြောက်သွေ့တဲ့ အသားအရေကို ရေဓာတ် အမြန်ဆုံး ပြည့်ဝစေမယ့် နည်းလမ်းကောင်းများ

shutterstock/ Jacob Lund
Sponsored

အသားအရေ ခြောက်သွေ့တတ်သူတွေ ဒါမှမဟုတ် အသားအရေ ခြောက်သွေ့ပျက်စီးနေတဲ့ သူတွေအတွက် အသားအရေလေး အစိုဓာတ်ပြည့်ဝပြီး လှပလာစေမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်ပျက်စီးလွယ်တဲ့အတွက် တကယ့်ကို သတိထားသင့်တဲ့ အသားအရေပုံစံပဲ ဖြစ်ပါတယ်။ ကဲ ဒါဆို နည်းလမ်းလေး ပေးလိုက်ပြီနော်။

နူးညံတဲ့ မျက်နှာသစ်ဆေးမျိုး သုံးပါ

shutterstock/TORWAISTUDIO

စောစောကပြောခဲ့သလို ခြောက်သွေ့တဲ့အသားအရေဟာ ထိခိုက်လွယ်တဲ့အတွက် မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ အနည်းငယ် ဂရိုစိုက်ဖို့လိုပါတယ်။ တစ်ချို့မျက်နှာသစ်ဆေးတွေမှာ အခဲသေးသေးလေးတွေ ပါဝင်တာမျိုး၊ အနံ့ကို အဓိက ထားထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေ၊ plastic and alcohol ပါတဲ့ မျက်နှာသစ်ဆေးတွေကို ရှောင်သင့်ပါတယ်။ Moisturizer ပါဝင်တဲ့ မျက်နှာသစ်ဆေးမျိုးကို ရွေးဝယ်ပါ။

ပုံမှန် ကြေးချွတ်ပါ

Sponsored

မျက်နှာကို ပုံမှန် ကြွေးချွတ်ခြင်းက မျက်နှာပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့ နှစ်ကြိမ်လောက် ကြွေးချွတ်ပေးသင့်ပါတယ်။ ဒီတော့ ကြေးချွတ်တဲ့အခါ သဘာဝ ပစ္စည်းတွေကို သုံးနိုင်သလို facial scrub, alpha – hydroxy acids ပါဝင်တဲ့ ပစ္စည်းတွေက ပိုအကျိုးရှိစေပါတယ်။

READ
အဆီပြန်သမားတွေအတွက် လုံးဝပျောက်ကင်းသွားစေနိုင်တဲ့ သီးသန့်ဝက်ခြံကုသနည်း

ရေနွေးငွေ့နဲ့ ပေါင်းခံပါ

shutterstock/Kirill Linnik

မျက်နှာကို ရေနွေးငွေ့ပေးခြင်းက တကယ့်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီးတော့ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပြန်ပွင့်စေပြီး အသားအရေကို အစိုဓာတ်ပြည့်ဝစေပါတယ်။ ဒါကြောင့် အသားအရေခြောက်သွေ့တဲ့သူတွေအနေနဲ့ မျက်နှာကို ရေနွေးငွေ့နဲ့ ပေါင်းခံပေးသင့်ပါတယ်။

ရှားစောင်းလက်ပတ်

အစိုဓာတ်ကို ဖြည့်ပေးဖို့ အကောင်းဆုံးသော အရာကတော့ ရှားစောင်းလက်ပတ်ပါပဲ။ ရှားစောင်းလက်ပတ်က နေလောင်တာတွေနဲ့ အသားအရေခြောက်သွေ့ခြင်းတွေကို ကုသပေးနိုင်ပါတယ်။ နွေရာသီမှာ မရှိမဖြစ် အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်ကို လိမ်းပေးခြင်းကလည်း အသားအရေကို စိုပြေပြီး လှပလာစေပါတယ်။

Moisturizer cream

shutterstock/Kirill Linnik

အသားခြောက်တတ်တဲ့သူတွေ၊ အသားအရေ ခြောက်သွေ့ပျက်စီးနေတဲ့ သူတွေအနေနဲ့ moisturizer cream ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားခြောက်တယ်ဆိုတာက ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်ခြင်းနဲ့ တစ်ခြားအကြောင်းအရင်းတွေကြောင့် ဖြစ်ပေါ်တာဖြစ်လို့ လိုအပ်နေတဲ့ ရေဓာတ်ပမာဏကို ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် moisturizer cream က လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးမှာပါ။

READ
ရွှေရောင်သမ်းပြီး ဝင်းပနေတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့ ရွှေဖရုံသီးနဲ့ပေါင်းတင်နည်း (၃) မျိုး

Khin

sponsored