ဝက်ခြံကတော့ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။အဲ့ဒီ အထဲကမှ အဆံဖြူ အဖြူရောင် ၀က်ခြံ ဖု တွေ လည်း ရှိပါတယ်။ဒီလို အဖု တွေ ကို ထွက်လာ ရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ သဘာဝ နည်းလမ်း တစ်ချို့ကို timesofindia မှာ အခုလို ဖော်ပြထားပါတယ်။
TEA TREE OIL

Tea Tree Oil ကို ၀ယ် ပြီး Cleanser အနေနဲ့ သုံးရမှာပါ။ဒါက တော့ ၀က်ခြံ တွေ ထွက်တာ ကို ကာကွယ် ပေးနိုင်ပါတယ်။အဖြူရောင် ၀က်ခြံဖု တွေ ကို ရော အမည်းစက် ၀က်ခြံဖု တွေကို ရော နှိမ်နင်းတဲ့ နေရာမှာ သုံး လို့ ရပါတယ်။
သံပရို
သံပရာ၊သံပရို သီးကို လှီးပြီး အရည်ညှစ်ပါ။ပြီးရင်တော့ နားကြပ် တံ ဂွမ်းစ လေးကို အရည်ထဲ နှစ်ပြီး ၀က်ခြံကို တို့ ပေး ရမှာပါ။ဒီနည်းက ၀က်ခြံမှာ ရှိတဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။
သစ်ကြမ်းပိုးခေါက်

နောက်တစ်ခု က တော့ သစ်ကြမ်းပိုးခေါက်ပါ။သူ့မှာတော့ ဗက်တီးရီးယား တွေ ကို ဆန့်ကျင် နိုင်တဲ့ အစွမ်း ပါရှိပါတယ်။သစ်ကြမ်း ပိုး ခေါက် နဲ့ ပျားရည် သုံးဇွန်းကို ရောပြီး Face Mask အနေနဲ့ သုံး ရမှာပါ။မျက်နှာ ပေါ်မှာ ၁၀ မိနစ် လောက် ထားပြီးရင် တော့ ရေဆေး ချ လိုက်ပါ။
Green tea
Green tea က တော့ ရောင်ရမ်းတာတွေ ကို သက်သာ စေပါတယ်။ green tea အရွက် လက်ဖက်ရည်ဇွန်း နှစ် ဇွန်းကို လက်ဖက်ရည်ခွက် ထဲကို ထည့် ပါ။ပြီးရင် တော့ ၁၀ မိနစ် လောက် စိမ်ပါ။ပြီးရင် တော့ ရလာ တဲ့ အရည်ကို နားကြပ် တံ ရဲ့ ဂွမ်း စ လေး နဲ့ တို့ပြီး မျက်နှာ က ၀က်ခြံ ပေါက်တဲ့ နေရာကို တို့ ပေးပါ။၁၀ မိနစ် လောက် ထားပေးပါ။
ပျားရည်

ပျားရည် စစ်ဖို့ တော့ လိုပါတယ်။မဟုတ်ရင်တော့ မျက်နှာကို ထိ ခိုက် စေပါတယ်။ပျားရည် အစစ်မှာ အနာကျက် မြန် တဲ့ အစွမ်း ရှိပါတယ်။ပျားရည်ကို တော့ ၀က်ခြံ ပေါက်တဲ့ နေရာမှာ အုံ ပေးပါ။နာရီ ၀က် လောက် ထားပြီး ရင် တော့ ရေနဲ့ ဆေးချ လိုက်ပါ။
ကြက်ဥ
ကြက်ဥ က တော့ ချွေး ပေါက်ကျယ်နေတာ တွေကိုကျဉ်း သွားစေပါတယ်။ကြက်ဥ အကာ နဲ့ ပျားရည်ကို ရော ပါ။ပြီး ရင် တော့ မျက်နှာ ပေါ်မှာ ကပ် ပေးလိုက်ပါ။ပြီးရင်တော့ မျက်နှာ ပေါ်မှာ ၁၀ မိနစ်လောက် လိမ်း ပေးထား ပြီး အဲ့ဒီ နောက် မှာ တော့ ရေ ဆေးချ လိုက်ပါ။
ရေခဲကပ်ပေးပါ

ရေခဲ က တော့ ရောင်ရမ်း တာတွေ အတွက် တော့ အကောင်းဆုံး ဆေးပါ။ဝက်ခြံ အဖြူ ဖု တွေ ပေါက်ရင် အဲ့ နေရာ ပေါ် ကို ရေခဲ လေးနဲ့ ကပ် ပေးပါ။
#AUNTYMAY