ကဲ.. အမြဲတမ်း ကိုယ်တွေဖက်ကပဲ right person ဆိုတာ ဘယ်လိုမျိုးဆိုပြီး အမျိုးမျိုးဖော်ပြပေးနေခဲ့တာ ဒီတစ်ခေါက်မှာတော့ ကောင်လေးတွေဖက်က ဘယ်လိုအချိန်မျိုးတွေမှာ right person လို့ သတ်မှတ်ကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။
Date တိုင်းမှာ အဆင်ပြေနေခဲ့မယ်ဆိုရင်
Date လုပ်တယ်ဆိုတာ ချစ်သူတွေမဖြစ်ခင် တစ်ယောက်နဲ့တစ်ယောက် လေ့လာဖို့အပြင်မှာတွေ့တာကို ဆိုလိုပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ သင့်အနေနဲ့ သူနဲ့စကားပြောတာ၊ စားတာသောက်တာ၊ သွားတာလာတကအစ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် နေနိုင်မယ်ဆိုရင် သူတို့စိတ်ထဲ သင်ဟာ အလိုလိုနေရင်းနဲ့ ကြီးစိုးသွားမှာပါ။

သင်ဟာ listener ကောင်းတစ်ယောက်ဆိုရင်
တကယ်တော့ ကောင်လေးတွေမှာလည်း down time ဆိုတာ ရှိတတ်ကြပါတယ်။ ဝမ်းနည်းတဲ့အချိန်တွေ၊ စိတ်ဓာတ်ကျ အားငယ်တဲ့ အချိန်မျိုးတွေမှာ သူတို့ရင်ဖွင့်ချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ စိတ်ပါဝင်စားစွာ နားထောင်ပြီး အထင်မသေးဘဲ နှစ်သိမ့်နိုင်မယ်၊ အကြံကောင်းတွေ ပေးနိုင်မယ်ဆိုရင် ကောင်လေးတွေဟာ သင့်အရှေ့မှာ စိတ်ချလက်ချ မျက်ရည်ကျနိုင်ပြီဆိုတဲ့ အတွေးနဲ့ သင့်ကို right person လို့ သတ်မှတ်ကြပါတယ်။

သူနဲ့အနုပညာပိုင်းမှာအကြိုက်ချင်းတူနေရင်
သီချင်းအကြိုက်လေးတွေ၊ ရုပ်ရှင်အကြိုက်လေးတွေဟာ သူကြိုက်လို့ ကိုယ်က ဝတ်ကျေတမ်းကျေနဲ့ ခံစားပေးတာမျိုးတော့ မဖြစ်ရပါဘူးတဲ့။ ဆိုလိုချင်တာ ဥပမာ hip hop ကြိုက်တဲ့ကောင်လေးဆိုရင် hip hop တကယ်ကြိုက်တဲ့ ကောင်မလေးဆိုရင် ပိုကြွေမိသွားတာမျိုးပေါ့။ ဒီလိုအနုပညာနဲ့ပတ်သက်ပြီး ခံစားချက်တွေ ထပ်တူကျတဲ့အခါ ခံစားချက်ချင်း အချိတ်အဆက်မိတယ်လို့ ကောင်လေးတွေက ထင်တတ်ကြပါတယ်။

သူနဲ့အတူ တိတ်တိတ်လေးနေတတ်တဲ့လူမျိုး
တစ်ခါတစ်လေ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောစရာစကားတွေရှာမတွေ့တော့ဘဲ ဆိတ်ငြိမ်သွားတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာဆိုရင် မိန်းကလေးတွေဖက်က သူငါ့ကို ဘာလို့စကားမပြောတော့တာလဲဆိုပြီး ဒေါသထွက်တတ်တဲ့လူနဲ့၊ ငါဘာများမှားသွားလို့လဲဆိုတပြီး စိုးရိမ်စိတ်ဝင်တဲ့လူနဲ့ အမျိုးမျိုးရှိတတ်ပါတယ်။ တကယ်တော့ အဲလိုအချိန်မျိုးမှာ ကောင်လးတွေဟာ သူတို့နဲ့အတူတူ ဆိတ်ငြိမ်မှုကို ခံစားပြီး တစ်ယောက်နဲ့တစ်ယောက် ငြိမ်ငြိမ်လေးနေပြီး အကြည့်ချင်းဆုံကာ ပြုံးမိ၊ ရယ်မိရင်ကို သူတို့စိတ်နဲ့ ထပ်တူကျတဲ့ ကောင်မလေးဆိုပြီး ကောက်ချက်ချတတ်ကြတယ်တဲ့။ ထူးထူးဆန်းဆန်းပဲနော်။

ရင်ဘတ်ချင်းချိတ်ဆက်ဖိုစကားလုံးတွေ သိပ်မသုံးရရင်
တကယ်တော့ကောင်လေးတွေရဲ့ သဘာဝကိုက စကားတွေအများကြီး မပြောတတ်ကြဘူး။ ပြောချင်ရင်တောင်မှ ဘာပြောရမှန်းမသိတဲ့လူမျိုးတွေဆိုတော့ ကောင်မလေးတွေကို စကားလုံးတွေနဲ့ ဖွဲ့နွဲ့ပြီးမပြောဘဲနဲ့ စိတ်ချင်းဆက်နွယ်ပြီး အလိုလိုသိနေတာမျိုးဆိုရင် ဘာမှမပြောနဲ့တော့.. သင်ကသူ့အတွက် right person ပါပဲတဲ့။
penny