ကောင်လေးတွေက သူတို့ချစ်သူကောင်မလေးကို ဖွင့်မပြောတတ်တဲ့ အကြောင်းအရာ(၆)ခု

Sponsored

သမီးရည်းစားတွေ ဖြစ်တိုင်းလည်း အရာအားလုံးကို ဖွင့်ပြောနေကြတာ မဟုတ်ပါဘူး။ တချို့အရာလေးတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လျှို့ဝှက်ထားတတ်ကြပါတယ်။ ဒီအချက်လေးတွေကတော့ ကောင်လေးတွေက သူတို့ချစ်သူကို ဖွင့်မပြောဘဲ ထိန်ချန်ထားရတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

(၁) သူတို့ရဲ့ဝင်ငွေနဲ့ ပတ်သက်လို့

shutterstock

ယောကျာ်းလေးတစ်ယောက်က သူ့ရဲ့ဝင်ငွေနဲ့ပတ်သက်လို့ အမှန်အတိုင်း ပြောပြဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။ သူ့ချစ်သူကောင်မလေးက သူ့ထက်ပိုပြီး ၀င်ငွေများနေရင် ပိုပြီးမပြောချင်တော့ပါဘူးတဲ့။ အခုသင့်ချစ်သူ သင့်ကိုပြောထားတဲ့ ၀င်ငွေပမာဏကလည်း အမှန်ဟုတ်ချင်မှဟုတ်မှာပါ။

(၂) သူတို့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးစိုးရိမ်မှု

Sponsored

ယောကျာ်းလေးတစ်ယောက်က အရည်အချင်းရှိဖို့အဓိက ရုပ်ရည်ချောမောဖို့မလိုဘူးလို့ လူတွေကပြောကြပေမယ့် သူတို့တွေက သူတို့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်လို့ စိုးရိမ်စိတ်ရှိတတ်ကြပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်မရှိသလို နေတတ်ကြပြီး အဲ့ဒီလိုစိုးရိမ်နေတာကိုတော့ ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ပါဘူးနော်။

(၃) မိသားစု အခက်အခဲ

ယောက်ျားလေးတွေဟာ သူတို့ရဲ့ငယ်ဘ၀က စိတ်ဒဏ်ရာတွေနဲ့ မိသားစုအခက်အခဲတွေကို သူတို့ချစ်သူကို ဖွင့်ပြောပြဖို့ ၀န်လေးတတ်ကြပါတယ်။ အဲ့ဒီလိုအကြောင်းအရာတွေကို ပြန်ပြောတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ နာကျင်ရပြီး ဒီနာကျင်မှုတွေကို မဝေမျှချင်တာကြောင့် မပြောချင်တာပါတဲ့။

READ
ပျော်စရာတွေ ဘယ်လောက်ရှိရှိ မပျော်နိုင်တာ ဒီလို အခြေအနေတွေ ရှိနေလို့ပါ .....

(၄) အရင်ရည်းစားအကြောင်း

shutterstock

မိန်းကလေးတွေက သူတို့ချစ်သူရဲ့ရည်းစားဟောင်းအကြောင်းကို စပ်စုချင်ကြတော့ ကောင်လေးတွေကိုမေးတတ်ကြပါတယ်။ ကောင်လေးကမပြောချင်ဘူးလို့ အတန်တန်ငြင်းပေမယ့် မရမကမေးတတ်ကြပြီး ပြောလည်းပြောလိုက်ရော စိတ်တွေဆိုးပြီး ပြဿနာတွေတက်ကြရော။ အဲ့ဒါကြောင့် ယောကျာ်းလေးတွေကရည်းစားဟောင်းအကြောင်းမပြောချင်ရတာပါတဲ့။

(၅) တခြားမိန်းကလေးတွေရဲ့ဆွဲဆောင်မှုရှိတဲ့ အချက်တွေအကြောင်း

ဒါကိုသာ ပြောလိုက်လို့ကတော့ တတိယကမ္ဘာစစ်အစတွေဘာတွေဖြစ်သွားမယ်ထင်တယ်နော်။ ကိုယ့်ချစ်သူကောင်လေးက ကိုယ်မဟုတ်တဲ့တခြားမိန်းကလေးရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်တွေကို ဂရုတစိုက်လိုက်ကြည့်နေတယ်ဆိုတာကို ဘယ်မိန်းကလေးမှ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကောင်လေးတွေက အဲ့လိုတကယ်လုပ်ကြပါတယ်။

(၆) ပြဿနာမဖြစ်ချင်လို့ မကြာခဏလိမ်ပြောရတဲ့ ကိစ္စ

shutterstock

မိန်းကလေးတွေဟာ တချို့ကိစ္စတွေကို အမှန်အတိုင်းပြောလိုက်ရင် တကယ့်ကို ပြဿနာရှာလွန်းလို့ သူတို့ကောင်လေးတွေက မကြာခဏလိမ်ပြောတတ်ကြပါတယ်။ တကယ်တော့ ယောကျာ်းလေးတွေလိမ်တာဟာ ကောင်မလေးကိုလှည့်စားချင်တာထက် ပြဿနာမဖြစ်ချင်တာကြောင့်လို့ ပြောကြပါတယ်။ ဒါပေမယ့် အဲ့လိုမျိုးပြဿနာမဖြစ်ချင်လို့လိမ်ပြောရတဲ့အကြောင်းကိုတော့ သူ့ကောင်မလေးကို ဘယ်တော့မှ ပြောပြမှာမဟုတ်ပါဘူး။

MAY THAZINHTOO

sponsored