ဆံပင်ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ဆိုတတ်ကြပါတယ်။ ဟုတ်ပါတယ် ဆံပင်ပုံစံလေး ပြောင်းသွားတာနဲ့ အဲဒီ့လူရဲ့ မျက်နှာသွင်ပြင်နဲ့ ရုပ်ရည်ကအစ တကယ့်ကို ပြောင်းလဲသွားတတ်ပါတယ်နော်။ နောက်ပြီး ဆံပင်ပုံစံရွေးချယ်တဲ့အခါ မှန်ကန်တဲ့ ပုံစံကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ခုနောက်ပိုင်း ဆံပင်အတိုလေးတွေက အရမ်း trend ဖြစ်လာတဲ့အတွက် ဆံပင်တိုညုပ်မယ့်သူတွေအတွက် ဆံပင်တိုခပ်မိုက်မိုက် ပုံစံလေးကို ဖော်ပြပေးလိုက်ပါတယ်။
ရိုးရိုးရှင်းရှင်း အတိုလေး
ဘယ်တော့မှ ရိုးမသွားတဲ့ ဆံပင်တိုပုံစံလေးထဲမှာ ဒီပုံစံလေးက ပါဝင်နေပါတယ်။ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဂုတ်အလည်လောက်ထိ အရှည်ပုံစံလေးက ကိုးရီးယားကားတွေထဲမှာ အတွေ့များရတဲ့ ဆံပင်ပုံစံလေးပဲ ဖြစ်ပါတယ်။ မြင်လိုက်တာနဲ့ နုပျိုမှုကို ခံစားမိစေပြီး ရိုးရိုးရှင်းရှင်းကို လှနေတဲ့ ပုံစံလေးပါ။ ဒီလိုဆံပင်ပုံစံမျိုးက ဖြောင့်လိုက်ရင်တော့ ဖောင်းဖောင်းလေးမရတော့တာမို့ မဖြောင့်တာက ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
လိုင်းတွန့််အတိုလေး
အတိုပုံစံလေးကိုမှ wave လေးဖြစ်အောင် လုပ်ထားတဲ့ ပုံစံမျိုးလေး ဖြစ်ပါတယ်။ ဆယ်လီတွေ တော်တော်များများ ညုပ်လေ့ရှိတဲ့ ပုံစံဖြစ်ပြီး မရိုးလွန်း မဆန်းလွန်းတဲ့ ပုံစံလေးပါ။ ဒီဆံပင်ပုံစံလေးကတော့ ခပ်မိုက်မိုက်လေးနဲ့ လန်းနေမယ့် ဆံပင်ပုံစံမျိုးလေးပဲ ဖြစ်ပါတယ်။
အတိုအကပ်လေး
အခုတလော အရမ်းကို သဘောကျနေမိတဲ့ ဆံပင်ပုံစံဖြစ်ပြီး ဆံပင်တိုတိုလေးကို ကပ်ကပ်လေးနဲ့ ဘိုကေဘက် နည်းနည်းရောက်တဲ့ ဒီဆံပင်ပုံစံကလည်း အရမ်းကို ဂေါ်ပါတယ်နော်။ ဒီဆံပင်ပုံစံလေးက မျက်နှာလေးကို ပိုပေါ်လွင်သွားစေသလို သွက်လက်တဲ့၊ ပွင့်လင်းတဲ့ ဟန်ပန်ကို ဖော်ဆောင်ပါတယ်။ မော်ဒယ်တော်တော်များများ ညုပ်တတ်တဲ့ ဆံပင်ပုံစံလေးပါ။
ရှေ့အတိ အတိုလေး
View this post on Instagram
ရိုးရိုးရှင်းရှင်း ဆံပင်အတိုလေးကိုမှာ ရှေ့နားလေးက အတိလေး ညုပ်ထားတဲ့ ပုံစံလေးက ကာတွန်းကားတွေထဲက မင်းသမီးလေးတွေနဲ့ တူသွားစေမှာပါနော်။ အရမ်းကို ချစ်စရာကောင်းလွန်တဲ့ ဒီဆံပင်ပုံစံလေးကို ကာတွန်းကားလေးတွေထဲမှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။
Khin