ချစ်မိတဲ့အခါမှာတော့ လူတိုင်းက ဘဝတစ်သက်တာလုံး လက်တွဲသွားချင်ကြတာပါပဲ။ ဒါပေမယ့် လူတွေရဲ့ သဘာဝအရ အချစ်တွေနဲ့ စခဲ့ပေမယ့် အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်တော့ပဲ လမ်းခွဲကြရတာလည်း ရှိပါတယ်။ လမ်းခွဲတယ်ဆိုတာကို လူတိုင်းနီးပါးက ကြုံတတ်ကြပါတယ်။ လမ်းခွဲသွားတဲ့ သူတွေမှာတော့ လမ်းမခွဲကြခင်မှာ အခုလို လက္ခဏာလေးတွေ ရှိနေတတ်ပါတယ်။
(၁) ဝတ်ကျေတန်းကျေ စကားတွေ ပြောနေတတ်တယ်
သင်တို့ နှစ်ယောက်က ချစ်လို့ လက်တွဲခဲ့ကြတာ မှန်ပေမယ့် စကားပြောတာ တဖြည်းဖြည်း အေးစက်လာတဲ့ အခြေအနေကို ခံစားမိမှာပါ။ စကားတွေ အေးစက်လာသလို ပြောတဲ့အခါမှာ အသက်မပါပဲ ဝတ်ကျေတန်းကျေပဲ ပြောဖြစ်နေတတ်ကြပါတယ်။ အဆင်မပြေတာကို ခံစားမိနေကြပေမယ့် အခုလိုပဲ အချိန်အတော်ကြာကြာ အဆင်မပြေလျက်နဲ့ ဟန်ဆောင်ပြီး အဆင်ပြေနေသယောင် ဖြစ်နေတတ်ပါတယ်။

(၂) တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ နည်းလာတယ်
တစ်ယောက်နဲ့ တစ်ယောက် စကား ပြောဆိုရတာ အဆင်မပြေသလို ခံစားနေကြရတတ်ပါတယ်။ ဒါ့အပြင် စကားလုံးတွေကို တစ်ခု ပြောလိုက်ရင် တစ်ခု သံသယ ဖြစ်နေတတ်ပြီး ဖြစ်နိုင်ချေတွေကို တွေးရင်း မယုံသင်္ကာ ဖြစ်နေတတ်ပါတယ်။ ယုံကြည်မှု စတင် ပျက်စီးလာတဲ့ ဆက်ဆံရေးက အဆင်ပြေဖို့ဆိုတာ နည်းပါတယ်။
(၃) သူ့ကြောင့် သင်က စိတ်ဖိစီးမှုတွေ ဖြစ်လာတယ်
ကိုယ် ချစ်ရသူနဲ့အတူသာ ရှိရင် စိတ်ဖိစီးမှုတွေ လျော့ကျသွားတတ်ပါတယ်။ ဒါပေမယ့် သူနဲ့ အတူရှိပြီး သူ့ကြောင့် စိတ်ဖိစီးနေရတယ်။ သူ့ကြောင့် စိတ်ဖိစီးနေကြောင်းကို သတိထားမိရင် ဒါက သတိထားသင့်တဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။
(၄) ရွေးချယ်မှု မှန်ရဲ့လား တွေးနေမိတယ်
သင့်အတွက် တကယ့်ကို သင့်တော်တဲ့သူ ဟုတ် မဟုတ်ကို အမြဲ ကိုယ့်ကိုယ်ကို မေးနေမိတတ်ပါတယ်။ အရင်က သင်တို့ အဆင်ပြေတယ် ကိုက်ညီတယ်လို့ ထင်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ သင်က သူမရှိရင် ပိုပြီး အဆင်ပြေမယ်လို့ တွေးမိတာတွေ ရှိသလို လမ်းခွဲတာကပဲ အဖြေလား ဆိုပြီး သင်တို့ အဆင်မပြေတာတွေကို အဆင်ပြေသွားစေမယ့် နည်းလမ်းတွေကို ရှာနေတတ်ပါတယ်။

(၅) အတူရှိချိန်ထက် အတူမရှိတဲ့အခါ ပိုပျော်ရွှင်ရတယ်
ချစ်သူဆိုတာ အတူရှိချင်ပြီး အတူရှိတဲ့အချိန်တွေက ပျော်ရွှင်ရတဲ့ အချိန်တွေ များပါတယ်။ သင်တို့မှာ အဲ့သလို အချိန်တွေ ရှိခဲ့ပေမယ့် အခု သင်တို့အတူ ရှိတဲ့အခါ သင့်မှာ မပျော်ရွှင်သလို မခံစားရသလို စိတ်ဖိစီးမှုတွေကိုသာ ခံစားနေတတ်ပါတယ်။ ဒါကြောင့် အတူမရှိတဲ့အချိန်တွေမှာ သင် ပျော်နေတာကို သင်ကိုယ်တိုင် သတိမထားမိတာလည်း ရှိနေပါတယ်။
(၆) သူနဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မရနိုင်တာကို သိတယ်
သင်တို့ ချစ်ခြင်းတွေနဲ့ စတင်လာခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ အဆင်မပြေမှုက ပိုပိုပြီး ဆိုးနေတတ်ပါတယ်။ သံယောဇဉ်ကြောင့် လမ်းခွဲဖို့ကို မစဉ်းစားရဲတာလည်း ဖြစ်နေပါတယ်။ ဒါ့ကြောင့် အဆင်ပြေမယ့် အဖြေကို ရှာရင်း ရှေ့ဘဝခရီးမှာ ဘဝလက်တွဲဖော်အဖြစ် သူနဲ့ ရှေ့ဆက်လို့ မရတာကို သင် အမြဲ ခံစားမိနေတတ်ပါတယ်။
Kham