ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူတွေဟာ အကျင့်စရိုက်၊ စိတ်နေစိတ်ထားမှာ အရမ်းကြီးကွဲပြားတာမျိုးမရှိဘဲ အတ္တကြီးတဲ့သူ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ၊ ပျော်တတ်တဲ့သူ၊ ဒေါသကြီးတဲ့သူ စသဖြင့် အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ သင့်အနေနဲ့ ဒီအချက်တွေနဲ့ ကိုက်ညီနေမယ်ဆိုရင် သူများတွေနဲ့မတူဘဲ တမူထူးခြားပြီးကောင်းမွန်တဲ့ စိတ်နေစိတ်ထားမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ပြောရမှာပါ။
(၁) စိတ်ထဲကနေတကယ်လုပ်ချင်တာကိုပဲ လုပ်တတ်တယ်

စိတ်မပါတာဆို ဘာဆိုဘာမှ မလုပ်တတ်ဘူး၊ ကိုယ့်စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ လုပ်ချင်စိတ်ဖြစ်လာတာကိုပဲ လုပ်တတ်တယ်။ ဒီလိုလုပ်တဲ့ အကျင့်ရှိတယ်ဆိုရင် သင်ဟာ ကိုယ့်စိတ်ခံစားချက်ကို ယုံတဲ့သူ၊ ကိုယ့်အစွမ်းအစအပေါ် သံသယမရှိတတ်သူဖြစ်ပါတယ်။
(၂) လက်ရှိအချိန်ကို တန်ဖိုးထားတယ်
အတိတ်က အရာတွေအတွက်နောင်တမရတတ်သလို၊ အနာဂတ်ကိုတွေးပူတာတွေမရှိဘဲ လက်ရှိအချိန်ကို တန်ဖိုးထားပြီး အကောင်းဆုံးအသုံးချတယ်၊ ကိုယ့်လက်ထဲမှာ မရှိတော့တဲ့၊ မရှိလာသေးတဲ့အချိန်တွေအတွက် အချိန်မဖြုန်းဘဲကောင်းကောင်းအသုံးချနိုင်တယ်ဆိုရင် သင်က သေချာပေါက်လူတော်တစ်ယောက်ပဲပေါ့။
(၃) သဘာဝပတ်ဝန်းကျင်ကိုချစ်တယ်၊ ထိန်းသိမ်းတတ်တယ်

သဘာဝပတ်ဝန်းကျင်အလှအပတွေကို ချစ်တတ်တဲ့ စိတ်ရှိတယ်၊ ဒါတင်မကသေးဘူး မပျက်စီးအောင် ထိန်းသိမ်းတတ်တယ်၊ သဘာဝအလှတွေကို တန်ဖိုးထားတဲ့စိတ်၊ နှမြောတတ်တဲ့ စိတ်ရှိတယ်ဆိုရင် သင်က စိတ်နှလုံးသားလှပတဲ့သူတစ်ဦးဖြစ်ပါတယ်။
(၄) တခြားလူတွေရဲ့ခံစားချက်ကိုနားလည်နိုင်တယ်
ကိုယ်တိုင်မကြုံဖူးပေမယ့် တခြားလူတွေရဲ့ ဘဝထဲဝင်ပြီး ခံစားနားလည်တတ်တဲ့ စိတ်ရှိတယ်။ တစ်ဖက်သား ရင်ဖွင့်လာတဲ့ ခံစားချက်တွေကို နားလည်နိုင်တဲ့ အစွမ်းရှိတယ်။ ဒီအချက်က သင်ဟာ ကိုယ်ချင်းစာစိတ်မြင့်မားတဲ့သူလို့ ဖော်ပြနေပါတယယ်။
(၅) တခြားသူတွေကို အတုယူတယ်

ကိုယ်တိုင်မှားမှ အမှားမှန်း သိတာမျိုး မဟုတ်ဘူး။ တခြားလူတွေရဲ့ အမှားကနေ သင်ခန်းစာယူတတ်တယ်၊ တခြားလူတွေရဲ့ကောင်းတဲ့ အချက်တွေကို အတုယူတယ်။ လေးစားသင့်တဲ့သူကိုလေးစားပြီး၊ စံထားသင့်တဲ့သူကို စံထားအတုယူတတ်တာကလည်း ပါးနပ်တဲ့သူတစ်ယောက်ရဲ့ လက္ခဏာပါ။
RAY