ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ပိုင်းတုန်းက ထိုင်း TV ဒရမ်မာဇာတ်ကားတွေ ရဲ့ ကြည့်ရှုနှုန်း စံချိန်တွေ က တော့ ထွက်ပေါ် လာခဲ့ပါပြီ။ပြီးခဲ့တဲ့ သီတင်း ပတ်မှာတော့ “So Wayree” ဆိုတဲ့ ဇာတ်ကားက ကြည့်ရှုနှုန်း အမြင့်ဆုံး ဇာတ်ကား အဖြစ် နဲ့ စံချိန် တင်ထားပါတယ်။ဒီဇာတ်ကား က တော့ မင်းသား Kem Hussawee နဲ့ မင်းသမီးချော Mookda Narinrak တို့ ပါဝင် သရုပ်ဆောင် ထားတဲ့ ဇာတ်ကားပါ။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာ ပါ။
သြဂုတ် (၂၈-၃၀)မှာတော့ နာမည်ကြီးဇာတ်ကား “So Wayree” က နိုင်ငံတစ်ဝန်းမှာ ကြည့်ရှုနှုန်း က 5.7, 6.3, နဲ့ 6.3 ရာခိုင်နှုန်းအထိ တောင် ရောက်ခဲ့တယ်လို့ Nielsen Thailand က နေ ဖော်ပြ ခဲ့ပါတယ်။“Vasana Ruk” ဆို တဲ့ ဇာတ်ကား ကတော့ (2.1 နဲ့ 1.9) ရာခိုင်နှုန်း ရောက်ခဲ့ပါတယ်။ပထမ အပိုင်းတစ်နဲ့ နှစ်ပဲ ပြ ရ သေး တာပါ။ ဒီဇာတ်ကားမှာ တော့ Yorch Yongsin, Ice Panuwat တို့ ပါဝင်ထားပါတယ်။
“Plerng Nang”, ဆိုတဲ့ Ploy Chermarn တို့ ဇာတ်ကားက တော့ 1.3 နဲ့ 1.0 ရာခိုင်နှုန်းပါ။boys’ love TV series “Still 2gether The Series” ဇာတ်ကား ကေ တာ့ သောကြာ နေ့ ညက (0.3) ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီကားမှာတော့ Bright Vachirawit နဲ့ Win Metawin တို့ ပါဝင်ထားပါတယ်။ “So Wayree” က တော့ လက် တ လောမှာ လူကြိုက် အများဆုံး ဖြစ်နေပြီး Kem Hussawee နဲ့ မင်းသမီးချော Mookda တို့ လည်း ဇာတ်ကား ကြောင့် ပိုပြီး လူသိများ အောင်မြင်မှု ရခဲ့တဲ့ ဇာတ်ကားပါ။
View this post on Instagram
15.30 เจอกันครับ #ฮัลโหลซุปตาร์ ต่อด้วย #โซ่เวรี คืนนี้ครับ 20.30 #ช่อง7hd @narinnarinrak