အိမ်မှာပဲ အကုန်အကျ သက်သက်သာသာနဲ့ လက်သည်းပြင်မယ်ဆို ဒါလေးတွေ သိထားရပါမယ်

Sponsored

မိန်းကလေးတစ်ယောက် အလှအပဘယ်လောက်ကြိုက်လည်းဆိုတာနဲ့၊ ကိုယ့်ကိုယ်ကို ဘယ်လောက်ဂရုတစိုက်ရှိတယ်ဆိုတာ သူမရဲ့လက်သည်းခြေသည်းလေးတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ အခုဆိုရင်တော့ မိန်းကလေးအများစုဟာ ခြေသည်းလက်သည်းလေးတွေကို အချိန်ပေးပြီး ပြုပြင်ထိန်းသိမ်းလာကြပါပြီ။ သို့ပေမယ့် ဆိုင်မှာ ခဏခဏ သွားပြင်မယ်ဆိုရင် ဇိမ်တော့ရှိပေမယ့် အိတ်ထဲက ဒင်္ဂါးပြားလေးတွေ ခုန်ပေါက်ထွက်ပြေးသွားတာကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အဲ့ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ ဆိုင်မှာ လုပ်ထားတဲ့အတိုင်း လှပတဲ့ လက်သည်းလေးတွေကို အိမ်မှာတင် ပြုလုပ်နိုင်တဲ့ နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ လိုအပ်တဲ့ တန်ဆာပလာတွေ စုဆောင်းထားပါ။

လက်သည်း၊ ခြေသည်း အလှပြင်တော့မယ်ဆိုရင် အရင်ဆုံး လိုအပ်တာကတော့ အခြေခံကျတဲ့ ကိရိယာတန်ဆာပလာလေးတွေပါပဲ။ လက်သည်းညှပ်လေးတွေ၊ တံစဉ်းလေးတွေအပြင် လက်သည်းအရောင်တင်ပေးတဲ့ polish ၊ အောက်ခံဆိုးဖို့ base coat ၊ အပေါ်က ထပ်ဆိုးတဲ့ top coat တွေ ရှိထားဖို့ လိုအပ်ပါတယ်။

Shutterstock

၂။ တံစဉ်းနဲ့ အရင်တိုက်ပေးပါ။

Sponsored

လက်သည်းလေးတွေကို ဘာမှမလုပ်ရသေးခင် အရင်ဦးဆုံး မျက်နှာပြင်ညီညာသွားအောင်နဲ့ အပေါ်ယံအညစ်အကြေးတွေ ကွာကျသွားအောင် တံစဉ်းနဲ့ ခပ်ဖွဖွလေး တိုက်ပေးသင့်ပါတယ်။ တကယ်လို့ အရင်ဆိုးထားတဲ့ လက်သည်းနီအရောင်တွေ ကျန်နေသေးရင်တော့ အရင်ဆုံးပြောင်အောင် ဖျက်ပြီးတော့မှပဲ တံစဉ်းတိုက်သင့်ပါတယ်။ ဒီလို တံစဉ်းတိုက်ပေးခြင်းအားဖြင့် လက်သည်းရဲ့ မျက်နှာပြင်ကို ညီညာချောမွေ့စေပြီး အပေါ်က အရောင်ဆိုးတဲ့အခါမှာလည်း ညီညာလှပစေပါတယ်။

READ
မိန်းကလေးတွေပဲ နားလည်နိုင်မယ့် Bra ပြဿနာလေးများ

၃။ လက်သည်းပန်းကုံးလေးတွေကို မမေ့ပါနဲ့။

လက်သည်းလေးတွေကို ဂရုစိုက်သလို လက်သည်းပန်းကုံးလေးတွေကိုလည်း မမေ့မလျော့ ဂရုစိုက်သင့်ပါတယ်။ လက်သည်းအလှပြင်ရာမှာ လက်သည်းအရောင်ကို ညီညီညာညာလေး လှနေအောင် ဆိုးလိုက်ရုံနဲ့ မပြီးပါဘူး။ လက်သည်းပန်းကုံးလေးတွေက အားပြည့်ပြီး ကျန်းမာလှပနေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုံးလေးတွေကို အားဖြည့်ပေးနိုင်တဲ့ အဆီလေးတွေ ၀ယ်ပြီး အမြဲတမ်း လိမ်းပေးသင့်ပါတယ်။

Shutterstock

၎။ လက်သည်းဆိုးဆေး ကောင်းကောင်းလေးကို သုံးပါ။

လက်သည်းဆိုးဆေး ၀ယ်မယ်ဆိုရင် ရာဂဏန်းလောက်ကနေ သောင်းဂဏန်း သိန်းဂဏန်းအထိ ကွဲပြားတဲ့ အမျိုးအစားတွေကို တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ ဈေးပေါလွန်းတဲ့ လက်သည်းနီတွေကို မသုံးလိုက်ဖို့ အကြံပေးလိုပါတယ်။ အရည်အသွေးကောင်းတဲ့ လက်သည်းနီဟာ လက်သည်းပေါ် တင်တဲ့အခါမှာလည်း ခံစားရတာကောင်းသလို အရောင်ထွက်လည်း ကောင်းပါတယ်။ ဒါ့အပြင် လက်သည်းရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်အောင် ကာကွယ်ပေးနိုင်ရမှာဖြစ်လို့ ဈေးကြီးတာတွေ မတတ်နိုင်ရင်တောင် အလယ်အလတ်တန်းစားထဲက သုံးပျော်တဲ့ အမျိုးအစားလေးတွေကို ရွေးပါလို့ အကြံပြုပါတယ်။

READ
ရင်သားကြီးတယ်လို့ ထင်ရစေမယ့် အလွယ်နည်းလမ်း(၅)မျိုး

၅။ Top Coat

လက်သည်းဆိုးတဲ့အခါ အမြဲတမ်း နှစ်ထပ်ဆိုးရပါမယ်။ ပထမတစ်ထပ်ကို ခပ်ပါးပါးလေး ဆိုးပြီး သေသေချာချာ ခြောက်သွားအောင် စောင့်ဆိုင်းပြီး နောက်တစ်ထပ် ထပ်ဆိုးပေးရပါတယ်။ ဒီနှစ်ထပ်လုံး သေချာခြောက်သွားပြီဆိုမှ အပေါ်က Top Coat ကို ဆိုးပေးရပါတယ်။ Top Coat ဟာ လက်သည်းနီရဲ့ အရောင်ကို တာရှည်ခံစေပြီး အရောင်ထွက် ပိုလှစေပါတယ်။ လက်သည်းရဲ့အရောင်ကို ပြောင်ပြောင်လက်လက်လေး ဖြစ်နေစေချင်တာလား၊ matte ဘက်ကို သွားချင်တာလားဆိုတာ ကြိုက်ရာ Top Coat ကို ရွေးသုံးလို့ရပါသေးတယ်။

၆။ ဆပ်ပြာအပြင်းစားတွေ မကိုင်ပါနဲ့။

တယုတယ ဆိုးထားရတဲ့ လက်သည်းနီလေးတွေ အရောင်ပိုကြာကြာခံဖို့ဆိုရင် ဆပ်ပြာအပြင်းစားတွေ၊ အမြှုပ်ထွက်အား များတဲ့ ဆပ်ပြာတွေကို မကိုင်တွယ်ပါနဲ့လို့ သတိပေးပါရစေ။ တတ်နိုင်သလောက် ဆပ်ပြာအပျော့စားလေးတွေကိုပဲ သုံးပြီး မဖြစ်မနေ ဆပ်ပြာအပြင်းစားတွေ ကိုင်ဖို့ ဖြစ်လာရင်လည်း လက်အိတ်လေးဝတ်ပြီး ကိုင်သင့်ပါတယ်။ လက်သည်းနီလေးတွေကို ရက်ပိုကြာကြာ ခံစေဖို့ဆိုရင် Top Coat ကို ပြန်ပြန်ဆိုးပေးနိုင်တာကိုလည်း မမေ့ပါနဲ့နော်။

အလင်းဦး (Shwemom)
sponsored