သင့်မိခင် အသက်ရှည်စေဖို့ သုတေသနပညာရှင်တွေရဲ့ အကြံပေးလမ်းညွှန်ချက်

Sponsored

မိဘဆိုတာ သားသမီးတွေရဲ့ ကျေးဇူးရှင်တွေပါ။ ကိုယ်ပင်ပန်းဆင်းရဲတဲ့ အချိန်တိုင်း၊ စိတ်ညစ်စရာတွေကြုံလာတိုင်း နွေးထွေးစွာ ကြိုဆိုလက်ခံပေးတဲ့ မေတ္တာရှင်တွေပါ။ ဒါကြောင့် မိဘတွေကို အချိန်ပြန်ပေးဖို့၊ ပြန်ပြီးပြုစုစောင့်ရှောက်ဖို့ မေ့လျော့မနေသင့်ပါဘူး။

သုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ အထီးကျန်ခြင်းဟာ အသက်အရွယ်ကြီးရင့်သူတွေကို စိတ်ကျရောဂါ၊ နှလုံးရောဂါတွေနဲ့ သတိမေ့ခြင်းတွေကို ဖြစ်ပေါ်စေပြီး စောလျင်စွာသေဆုံးစေနိုင်တယ်လို့ ဆိုထားပါတယ်။

Sponsored

သုတေသနပြုလုပ်ချက်တစ်ခုမှာတော့ အသက် (၇၁)နှစ် အရွယ်လူပေါင်း (၁၆၀၀)ကို စမ်းသပ်အပြီးမှာတော့ (၂၃)% လောက်ဟာ အထီးကျန်ဝေဒနာနဲ့ပဲ သုတေသနလုပ်နေစဉ် (၆)နှစ် အတွင်းမှာ သေဆုံးခဲ့ကြပြီး (၁၄)% သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေ အဆိုပြုထားတာကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင်နဲ့ အတူမနေဖြစ်ရင်တောင် မကြာခဏ အလည်အပတ်သွားပေးတာ၊ အချိန်ဖြုန်းပေးတာ၊ ရယ်မောစရာတွေ ပြောပေးတာမျိုးကို မကြာမကြာလုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

READ
မိခင်တွေဟာ တစ်နှစ်ကိုတစ်ခါလောက်တော့ ကလေးတွေဆီကနေ ခွာပြီး အနားယူဖို့ လိုအပ်...

သူတို့ဟာ လူမှုပေါင်းသင်းဆက်ဆံရေးကို သူများတွေထက် လိုအပ်သူတွေဖြစ်တာကြောင့် သူတို့ကို အချိန်ပေးဖို့မမေ့ပါနဲ့။ သားသမီးတွေနဲ့ အနေများတဲ့မိခင်တွေ၊ သားသမီးတွေရဲ့ ကလေးတွေကို ကူထိန်းပေးတဲ့ မိခင်တွေဆီမှာ သူငယ်ပြန်မှုအဖြစ်နည်းပြီး ပိုမိုကျန်းမာအသက်ရှည်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကလေးတွေကို ကောင်းမွန်စွာ လိုက်နာနိုင်တယ်ဆိုပါက သင့်မိခင်ဟာ အသက်ရှည်ရှည်နေရပြီး သင်လည်း ကုသိုလ်တွေ အများကြီးရမှာ ဖြစ်ပါတယ်။

Em Em(Auntymay)

sponsored