တစ်ခါမှာ လက်ထပ်ဖို့အကြောင်းမစဉ်းစားမိဘူးလို့ ပြောပြလာခဲ့တဲ့ Sung Hoon

ig/@sunghoon1983
Sponsored

မင်းသားချော Sung Hoon က သူတစ်ခါမှာ လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး မစဉ်းစားဖူးတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ Jessi ရဲ့ Showterview အစီအစဉ်မှာ Sung Hoon က ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့တာပါ။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

Sponsored

ဒီအစီစဉ်မှာ Jessi က Sung Hoon ရဲ့ relationship and marriage ဆိုတဲ့ခေါင်းစဉ်ကို ခုလို မေးမြန်းခဲ့တာပဲ ဖြစ်ပါတယ် “ဒီလိုအတွေးမျိုး မတွေးဖူးဘူးလား ငါနောက်ထားမယ့် ချစ်သူကောင်မလေးနဲ့ လက်ထပ်မယ်ဆိုတဲ့ လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်တဲ့ အတွေးမျိုး မတွေးဖူးဘူးလား” ဆိုပြီး မေးမြန်းခဲ့တာပါ။

READ
ခေါင်းအုံးမသန့်ရှင်းမှုနဲ့ ကျန်းမာရေး ဆက်စပ်နေတဲ့ အကြောင်းအချက်များ

 

Sung Hoon က ဒီမေးခွန်းနဲ့ပတ်သက်ပြီး  “ကျွန်တော်တစ်ခါမှာ လက်ထပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မတွေးခဲ့ဖူးပါဘူး ကျွန်တော့်ရဲ့အလုပ်က အရမ်းကို ပင်ပန်းတဲ့အတွက် အခုအချိန်မှာ လက်ထပ်ဖို့ကိစ္စကို မတွေးမိပါဘူး” လို့ ဖြေကြားပေးခဲ့တာပါ။

သူက ဆက်လက်ပြီး “ဒါပေမယ့် ကျွန်တော်တို့က အနာဂတ်ဆိုတာကို ပြောလို့မရနိုင်ပါဘူး ကျွန်တော်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ့်သူနဲ့တွေ့ရင်တော့ ကျွန်တော်လက်ထပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်နော်။

Khin

sponsored