ဒီအနုပညာရှင်တွေကတော့ သူတို့ရဲ့ အနုပညာခရီးလမ်းကို idol တွေအဖြစ် စတင်ခဲ့ကြပေမယ့် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ထူးချွန်ကြသူတွေပဲ ဖြစ်ပါတယ်။ သူတို့ပါဝင်ထားတဲ့ ဇာတ်ကားတွေဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ကြသလို သူတို့ရဲ့ပီပြင်လွန်းတဲ့ ဇာတ်ကောင်တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းတွေကို အပိုင်သိမ်းပိုက်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
IU
View this post on Instagram
အဆိုတော်၊ မင်းသမီးချောလေး IU ရဲ့သီချင်းတွေဟာ အရမ်းကို လူကြိုက်များအးပေးခြင်းခံရသလို Dream High, Hotel Del Luna, Shades of the Heart ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ သူမရဲ့ဇာတ်ကောင်တွေဟာ အရမ်းကိုပီပြင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ရတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
Suzy
View this post on Instagram
Bae Suzy ဟာလည်း သူမရဲ့ အနုပညာခရီးလမ်းကို MissA အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် စတင်ခဲ့ရာက နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို လုံးဝပြောင်းလဲခဲ့ပါတယ်။ သူမဟာ idol တစ်ယောက်ထက် သရုပ်ဆောင်ဘက်မှာ ပိုအောင်မြင်ခဲ့ပြီးတော့ အခုအချိန်မှာတော့ သီချင်းတွေနဲ့ ခဏလောက် ဝေးကွာနေခဲ့သူ တစ်ယောက်ပါ။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ ထူးချွန်ခဲ့တဲ့သူမကတော့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူမပါဝင်ထားတဲ့ While You Were Sleeping, Start-Up, Vagabond စတဲ့ဇာတ်ကားတွေက အားပေးမှု အခိုင်အမာရထားတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
Krystal
View this post on Instagram
Kpop girl group f(x) အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Krystal ဟာ သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကို ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်တတ်တာကြောင့် နာမည်ကြီးမင်းသမီးတစ်ယောက်အဖြစ် တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပါတယ်။ More Than Family, Make Your Move, The bride of Habaek စတဲ့ ဇာတ်ကားတွေမှာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို တွေ့မြင်နိုင်တာပဲ ဖြစ်ပါတယ်။
Khin