မေမေတွေက ဆယ်ကျော်သက်အရွယ် သမီးလေးတို့ကို ပြောပြထားသင့်တဲ့ အချက် (၆)ချက်

pixabay/nastya gepp
Sponsored

သုတေသနတွေအရ အမေနဲ့သမီးတွေကြားက သံယောဇဉ်က တခြားသံယောဇဉ်တွေထက်ပိုပြီး ခိုင်မာတယ်ဆိုတာ သိခဲ့ကြပါတယ်။ သမီးနဲ့စကားပြောနေချိန်မှာ သူ့ခေါင်းထဲမှာဘာတွေတွေးနေလဲဆိုတာကို အမေက သိနိုင်ပါတယ်။ ပြီးတော့ သမီးတွေကိုလည်း ပိုပြီးအချစ်ပိုတတ်ကြပါတယ်။ အဲ့လိုအချစ်ပိုပြီး မျက်စိအောက်က အပျောက်မခံဘဲ အစစအရာရာဖြည့်ဆည်းပေးပြီး အရိပ်တကြည့်ကြည့် လုပ်နေတတ်ကြပါတယ်။ တကယ်တော့ သမီးလေးတွေကို ဘဝရည်မှန်းချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့အတွက် မေမေတို့က တွန်းအားပေးဖို့လိုတယ်။ သူတို့သိထားသင့်တဲ့ အမှန်တရားတွေကို ပြောပြပေးရမှာပါ။ မေမေတို့အနေနဲ့ သမီးလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတာနဲ့ ဒါတွေကို ပြောပြထားသင့်ပါတယ်။

(၁) နှစ်အနည်းငယ်အတွင်းမှာပဲ အိမ်ကနေထွက်သွားကောင်းထွက်သွားရလိမ့်မယ်

pixabay/nastya gepp

ဆယ်ကျော်သက်အရွယ်ရောက်လာပြီး မကြာခင်မှာပဲ တက္ကသိုလ်တက်ဖို့၊ အလုပ်လုပ်ဖို့ စသဖြင့် ရပ်ဝေးနေရာတွေကို သွားရင်သွားရမှာပါ။ ဒါကြောင့် အိမ်မှာလို အရာရာအဆင်သင့်ဆိုတဲ့ အနေအထားမျိုးရဖို့ မလွယ်တော့ပါဘူး။ ကိုယ့်ကိုအစစအရာရာ လိုက်ကြည့်လိုက်ပြောပေးမယ့်သူတွေမရှိပါဘူး။ ဒါကြောင့် သိပ်မကြာခင် အိမ်က ထွက်သွားရနိုင်တာမို့ ဒီအကြောင်းကိုကြိုပြီးပြောပြထားပေးပါ။

READ
ချုပ်ချယ်လွန်းတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာသူတွေရဲ့ စရိုက်လက္ခဏာ(၅)ချက်

(၂) နတ်သမီးပုံပြင်တွေဟာ တကယ်မဟုတ်ဘူး

Sponsored

အခက်အခဲတွေ ကြုံလာရင် ကူညီဖြေရှင်းပေးမယ့်သူ၊ ကယ်တင်မယ့်သူတွေ ဘွားခနဲပေါ်လာတတ်တဲ့ နတ်သမီးပုံပြင်တွေဟာ တကယ့်လက်တွေ့ဘဝမှာ မရှိဘူး။ အရာရာအားလုံး ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရမယ် ဆိုတဲ့အကြောင်း ပြောပြထားပါ။

(၃) ဘယ်သူ့ကိုမှ အပြည့်အဝမယုံလိုက်နဲ့

သူငယ်ချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲဖြစ်ဖြစ် အပြည့်အဝယုံလို့ မရကြောင်း ပြောပြပေးပါ။ ကိုယ့်ကိုယ်ကိုကလွဲလို့ ဘယ်သူ့ကိုမှ မျက်စိမှိတ်မယုံတာ အကောင်းဆုံးမို့ပါ။

(၄) ကိုယ့်ရဲ့ကြိုးစားမှုတိုင်းက အရာထင်မှာမဟုတ်ဘူး

pixabay/nastya gepp

ကိုယ်တစ်ခါကြိုးစားတိုင်း တစ်ခါအောင်မြင်လိမ့်မယ်လို့ ထင်လို့မရဘူး၊ ကျရှုံးတဲ့အခါ၊ အဆင်မပြေတဲ့အခါတွေလည်း ရှိမယ်၊ ၁၀ ကြိမ်ကြိုးစားရင် တစ်ကြိမ်လောက်ပဲအောင်မြင်တာမျိုးလည်းရှိမယ်၊ ဒါကြောင့် မအောင်မြင်မှုတွေအတွက် စိတ်ဓာတ်မကျဖို့ကြိုပြောပြထားပါ။

(၅) လူတိုင်းကိုအောက်ကျို့လို့မရဘူး

လူ့အောက်ကျို့လို့ လူပိမသေဘူး ဆိုပေမယ့် လူတိုင်းကို လိုက်ပြီးအောက်ကျို့နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်ဖို့၊ ကိုယ့်အမှားကိုယ်တာဝန်ယူဖို့နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနေဖို့ သင်ကြားပေးပါ။

READ
အောင်မြင်တဲ့ သားသမီးတွေကို ပြုစုပျိုးထောင်နိုင်တဲ့  မိဘတွေရဲ့ လက္ခဏာရပ်များ

(၆) အားပေးဖော်အဖြစ်ရှိပေးမယ် အပြည့်အဝအားမကိုးဖို့ပြောပါ

pixabay/Elkaaaaaaa

အမေဆိုတာ သမီးအတွက် အမြဲတမ်း နောက်ကရှိနေမယ်၊ ဘယ်လိုအခက်အခဲမျိုးနဲ့ကြုံကြုံ အမြဲအားပေးနေမယ်၊ ဒါပေမယ့် အပြည့်အဝတော့ အားမကိုးဖို့ပြောပါ။ အမေကိုပဲ အစစအရာရာ အားကိုးနေတဲ့ သမီးမဖြစ်ဖို့၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူဖြစ်ဖို့၊ ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လမ်းပြပေးပါ။

RAY

sponsored