မကြာခဏမေ့တတ်သူတွေအတွက် အထောက်အကူဖြစ်မယ့်အကြံပြုချက်(၇) ချက်

geralt/pixabay
Sponsored

သင်ဟာ မေ့လျော့တတ်သူတစ်ယောက်လား။ ဒါမှမဟုတ် သင်ချစ်ရတဲ့သူတွေက မေ့လျော့တာတွေ ခဏခဏဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်သင့်ပါပြီ။ သင်ကိုယ်တိုင်ရော သင့်ချစ်ရ တဲ့သူတွေအတွက်ရော အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

၁။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ကိုယ်လက်လှုပ်ရှားမှုတွေပါဝင်စေခြင်း

shutterstock/ SofikoS

ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် ဦးနှောက်နဲ့ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုကောင်းစေပြီး သင့်ရဲ့မှတ်ဥာဏ်ကို ထက်မြက်စေပါတယ်။ ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက် အနေနဲ့တစ်ပတ်ကို ၁၅၀မိနစ်ခန့် လမ်းခပ်သွက်သွက်လျှောက်ခြင်း ဒါမှမဟုတ် ၇၅မိနစ်ခန့် လမ်းနှေးနှေးလျှောက်ခြင်း၊ ဒါမှမဟုတ်ရင်လည်း တစ်နေ့ကို ၁၀မိနစ်ခန့်လမ်းလျှောက်ခြင်းကို ပုံမှန်လုပ်ပေးပါ။

၂။ စိတ်ကို လှုံ့ဆော်ပေးခြင်း

Sponsored

ကိုယ်လက်လှုပ်ရှားပြီး ခန္ဓာကိုယ်ကို အချိုးကျအောင်ထိန်းထားသလိုပဲ၊ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်တဲ့ ပဟေဠိကစားခြင်း၊ ကုဗတုံးလှည့်ကစားခြင်း၊ ဂီတတူရိယာတစ်ခုခုကို သင်ယူခြင်း၊ ကားမောင်းခြင်း၊ ပရဟိတလုပ်ခြင်းတို့က စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွစေပြီး ဦးနှောက်ကိုကျန်းမာစေကာ မှတ်ဉာဏ်ပျောက်ဆုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ချစ်ရတဲ့သူတွေနဲ့ စကားပြောခြင်း

shutterstock/Flamingo Images

အပြန်အလှန် စကားပြောဆိုခြင်းဟာလည်း စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ တို့အပြင်မေ့လျော့ခြင်း တို့ကိုလျော့ကျစေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင်ဟာမေ့တတ်သူ၊တသီးတသန့် နေတတ်သူဆိုရင်တော့ သင်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့မကြာခဏတွေ့ဆုံ စကားလေးတွေပြောဖို့လိုပါတယ်။

၎။ စုစုစည်းစည်းရှိပါစေ

သင့်အိမ်၊ သင့်အလုပ်စားပွဲမှာ မှတ်စုတိုအပိုင်းအစလေးတွေက အစီအရီ မရှိ ပျံ့ကြဲနေ မယ်ဆိုရင်တော့ သင်ဟာပိုပြီးမေ့လျော့နိုင်ပါတယ်။ဒါကြောင့် သင့်ရဲ့ အလုပ်နဲ့ချိန်းဆိုမှုတွေကို သီးသန့်မှတ်စုလေးနဲ့ မှတ်ထားသင့်ပါတယ်။လုပ်ရမယ့်အရာတွေကို စာရင်းလေးတွေလုပ်ထားပြီး တစ်ခုလုပ်ပြီးတိုင်း အမှတ်ခြစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့အိတ်ထဲမှာ ပိုက်ဆံအိတ်၊မျက်မှန်နဲ့သော့ စတာတွေကို သတ်သတ်ခွဲထည့်ပါ။

၅။ အိပ်ရေးဝဝအိပ်ပါ

shutterstock/ Dean Drobot

အိပ်စက်ခြင်းကလည်း မေ့လျော့ခြင်းကိုကုစားဖို့ နည်လမ်းကောင်းတစ်ခုပါပဲ။ အရွယ်ရောက်ပြီးသား သူတွေအနေနဲ့ကတော့ တစ်နေ့ကို ၇နာရီကနေ ၉နာရီထိ အိပ်စက်ခြင်းက လုံလောက်ပါတယ်လို့ ဆိုပါတယ်။ အိပ်ဖို့အတွက် အလုပ်ချိန်ထဲကဖဲ့ယူနေရတာမျိုးမဟုတ်ဘဲ သီးသန့်အိပ်ချိန်ကတော့ လိုအပ်ပါတယ်နော်။

၆။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားပါ

ဒါကတော့ သင့်နှလုံးတွက်တင်မကဘဲ ဦးနှောက်အတွက်ပါ ကောင်းစေတဲ့အရာပါပဲ။ အသီးအရွက်၊ အစေ့အဆန်တွေ၊ အဆီနည်းပြီးပရိုတင်းဓာတ်များတဲ့ ငါး၊ပဲအမျိုးမျိုးနဲ့ အရေခွံမပါတဲ့ ကြက်သားတို့ကိုစားပေးပါ။ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးတို့က မှတ်ဥာဏ်ရှုပ်ထွေးခြင်း၊ မေ့လျော့ခြင်းတို့ကိုဖြစ်စေနိုင်တာမို့ ရှောင်သင့်ပါတယ်။

၇။ ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာပါ

shutterstock/ Kokulina

တကယ်လို့သင်ဟာ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ နားမကြားခြင်းတွေဖြစ်နေသူဆိုရင် ယခုလက်ရှိ သင့်ဆရာဝန်က ညွန်းထားတဲ့ အခြေအနေအတိုင်းလိုက်နာသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ပိုပိုဂရုစိုက်လေ မှတ်ဥာဏ်တွေပိုကောင်းလေပါ။ဒါကြောင့်သင့်ဆရာဝန်ညွန်ကြားချက်အတိုင်းလိုက်နာပြီး ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်ပါ။

RAY

sponsored