ဒီကနေ့ ကျရောက်တဲ့ လူပျိုကြီး Hyun Bin ရဲ့ (၃၈)နှစ်ပြည့် မွေးနေ့

Image:IG/vast.ent
Sponsored

ဒီကနေ့က တော့ တောင်ကိုရီးယား မင်းသားချော Hyun Bin ရဲ့ မွေးနေ့လေးပါ။၁၉၈၂ ခုနှစ် စက်တင်ဘာ ၂၅ မှာ မွေးတာ မို့ ဒီနှစ် မွေးနေ့ က တော့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ပါ။ Hyun Bin က တော့ နာမည်ကြီးလာတာ နှစ် အ တော်ကြာ ခဲ့ပါပြီ။အခုချိန်ထိလည်း အာရှ မိန်းက လေးပရိသတ်တွေရဲ့ အားပေးမှုကို သဲသဲလှုပ် ရ နေတဲ့ မင်းသား တစ်ယောက် အဖြစ် နဲ့ ဆက်လက် ရပ်တည် နေတုန်းပါ။ Hyun Bin ရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်တွေကို တော့ သူ့ရဲ့ အေဂျင်စီ VAST Entertainment ရဲ့ Instagram မှာ ဝေမျှ ထားပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

Sponsored

အေဂျင်စီ မှာတော့ Hyun Bin  ရဲ့ က လေးဘ၀ ကပုံ နှစ်ပုံကို တင်ထားပါတယ်။ “Happy Birthday Bin! Baby angel Tae Pyung ..ငယ်ငယ်တည်းက ချောမောတဲ့ ရုပ်ရည်နဲ့ နှလုံးသားတွေကို သိမ်းပိုက်လာခဲ့သူ. ကြီးလာတော့ လည်း ချော မော ပြီး မင်းသားဖြစ်လာပြီး ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ချစ်ခြင်း ကိုရခဲ့တယ်..” ဆိုပြီး Caption မှာ ရေးထားပါတယ်။Hyun Bin အတွက် လည်း အချစ်တွေ ကို ဖော်ပြ ပေးပါ။မွေးနေ့ ဆုတောင်းပေးကြပါလို့ အေဂျင်စီက တောင်း ဆို ထားပါတယ်။

Hyun Bin ရဲ့ နာမည်အရင်းကတော့ Kim Tae-pyung ပါ။၂၀၀၅ တုန်းက TV ဒရမ်မာဇာတ်ကား My Name is Kim Sam-soon ဆိုတဲ့ ဇာတ်ကားနဲ့ နာမည်ကြီးလာခဲ့သူပါ။အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ တွေ က တော့.. Secret Garden (2010–2011), Memories of the Alhambra (2018–2019), Crash Landing on You (2019–2020)…တို့ပါ။ ရုပ်ရှင်ကားတွေ အနေနဲ့ ဆိုရင်တော့ Confidential Assignment (2017), The Swindlers (2017)၊ The Negotiation (2018) ၊Rampant (2018). … တို့ ပါ။အနုပညာသက်တမ်း တစ်လျောက် မှာလည်း ဆုတွေ အများကြီး ရခဲ့ဖူးပါတယ်။

အချစ်ရေးဆိုရင်တော့ ချစ်သူတွေ တော့ ထားခဲ့ဖူးပေမယ့် လက်ရှိ အချိန်ထိတော့ လူပျိုကြီး ဘ၀ မှာပဲ ရှိ နေပါ သေးတယ်။ သူ တွဲခဲ့တဲ့ အထဲမှာ မင်းသမီးဆောင်းဟေကို လည်း ပါပါတယ်။သူတို့နှစ်ယောက်က တော့ The Way They Live  မှာ အတူတွဲ သရုပ်ဆောင်ခဲ့ရင်းနဲ့ ချစ်သူ တွေဖြစ်သွားတာပါ။ (၄)နှစ်လောက်ကြာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ အချိန်မပေး နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ (၂၀၁၁)မှာ ပြတ်စဲခဲ့ပါတယ်။ Kang Sora နဲ့ကတော့ (၂၀၁၆)အောက်တိုဘာမှာ အလုပ်ကိစ္စနဲ့ ဆုံခဲ့ပြီး နောက် အချစ်ရေး သတင်းထွက်ခဲ့ပါ တယ်။ တစ်နှစ်နီးပါးလောက်တွဲပြီးချိန်မှာတော့ အလုပ်များလို့ အချိန် မပေး နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ (၂၀၁၇) ဒီဇင်ဘာ (၁၈)မှာ လမ်းခွဲ လိုက်တဲ့ အ ကြောင်း ကြေညာခဲ့ပါတယ်။

#AUNTYMAY

sponsored