တစ်ချို့အနုပညာရှင်တွေဟာ အနုပညာအလုပ်တွေ မလုပ်ကိုင်ခင်မှာ သူတို့ရဲ့ဘဝအတွက် ပရိတ်သတ်တွေထင်မထားလောက်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်ခဲ့ကြဖူးပါတယ်။ ကိုးရီးယားရဲ့ အနုပညာရှင်တစ်ချို့က အနုပညာရှင်ဖြစ်မလာခင်မှာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအဖြစ် ထူးခြားတဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ဒီသတင်းကို allkpop က ဖော်ပြထားဖြစ်ပါတယ်။
Song Joong Ki
View this post on Instagram
မင်းသားချော Song Joong Ki ဟာ အခြေခံကျောင်းတက်စဉ်ကတည်းက စကိတ်စီးသမားတစ်ယောက် ဖြစ်ခဲ့ပြီး မြို့နယ်ကိုယ်စားပြုအဖြစ်တောင် ပြိုင်ပွဲဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ထိခိုက်မှုကြောင့် နောက်ပိုင်းမှာ ဒီအလုပ်ကို ဆက်လုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ထိခိုက်မှုနဲ့ပတ်သက်ပြီး Song Joong Ki က “အရင်က ကျွန်တော် စကိတ်သမားဖြစ်ဖူးပါတယ် ဒါပေမယ့် ကားအက်စီးဒင့်ကြောင့် ခြေကျင်းဝတ်ထိခိုက်မှုဖြစ်ခဲ့ပြီး ကျွန်တော် ဒါကိုအရှုံးပေးခဲ့ရပါတယ်” လို့ ပြောပြခဲ့ဖူးပါတယ်။
Kim Tae Ri
View this post on Instagram
‘Mr. Sunshine’ ဇာတ်ကားနဲ့ လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေး Kim Tae Ri ဟာ ပြည့်စုံတဲ့ မိသားစုကဆင်းသက်လာတယ်လို့ ထင်ရလောက်ပေမယ့် တကယ်တမ်းမှာတော့ သူမရဲ့ဘဝက ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ သူမဟာ အချိန်ပိုင်းအလုပ်များစွာကို လုပ်ကိုင်ခဲ့ရပြီး အဲဒီ့ထဲက သူမရဲ့အလုပ်တစ်ခုကတော့ စူပါမားကတ်တွေမှာ ပဲနို့ရောင်းရတာပဲ ဖြစ်ပါတယ်။
Yoon Sang Hyun
View this post on Instagram
မင်းသား Yoon Sang Hyun ကတော့ အနုပညာရှင်တစ်ယောက် ဖြစ်လာမခင်မှာ သူဟာ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်နော်။ Show တစ်ခုမှာတော့ သူ့ရဲ့ဘဝအကြောင်းကို ထုတ်ပြောခဲ့ပြီး သူ့ရဲ့ဆိုင်ကို ကျောင်းသူလေးတွေ အများအပြားလာရောက်လေ့စားသောက်တတ်ပြီး ရတဲ့ဝင်ငွေလေးတွေနဲ့ ပထမဆုံး သူ့ကိုယ်ပိုင်တိုက်ခန်းကို ဝယ်ယူခဲ့တယ်လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Kim Nam Joo
View this post on Instagram
မင်းသမီး Kim Nam Joo ဟာလည်း အနုပညာရှင်ဖြစ်မလာခင်မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အကိုင်တစ်ခုရှိလို့နေပြီး သူမဟာ မြို့တော်ခန်းမရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ သူမအသက်နှစ်နှစ်အရွယ်မှာပဲ သူမအဖေကို ဆုံးရှုံးခဲ့ရပြီးတော့ အမေဖြစ်သူက သားသမီးလေးယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Kim Nam Joo ဟာဘွဲ့ရပြီးတာနဲ့ မြို့တော်ခန်းမမှာ ဝန်ထမ်းအဖြစ် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့တာပါ။
Won Bin
View this post on Instagram
ခန့်ညားချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ Won Bin ရဲ့ငယ်အိပ်မက်ကတော့ ပြိုင်ကားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါတဲ့။ သူဟာ အထက်တန်းဘွဲ့ရပြီးတဲ့အချိန် ကားစင်တာတစ်ခုမှာ ကားစက်ပြင်ဆရာအလုပ်ကို လုပ်ကိုင်ခဲ့ဖူးတာဖြစ်ပြီး နောက်ပိုင်းမှာတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲ စဝင်ရောက်လာခဲ့ပါတယ်။
Khin