သူငယ်ချင်းတွေ ကြားမှာ ရည်းစားမရှိလို့ FA ဆိုပြီး အစခံရတာထက် ပိုပြီးဆိုးတဲ့ ခံစားချက် တစ်ခုရှိပါတယ်။ နေရင်းထိုင်ရင်းနဲ့ ဘယ်ဘက်လိုက်လို့ လိုက်ရမလဲ မသိ၊ နားပူလဲခံရသေး ပြီးရင်လဲ နားထောင်လားဆိုလဲ နားမထောင်လို့ စိတ်တိုရတဲ့ အနေအထား ကတော့ Third Wheel တွေပဲ ဖြစ်ပါတယ်။ Third Wheel ဖြစ်ရတာက FA ဆိုပြီး အစခံရတာထက် ဘာလို့ ပိုဆိုးလဲဆိုတော့…
ရန်ပွဲတွေမှာ ဒိုင်လူကြီး လုပ်ပေးရတယ်

တစ်ဖက်နဲ့ပဲ သူငယ်ချင်း ဖြစ်နေရင်တော့ အရမ်းမဆိုးပေမယ့် နှစ်ဖက်လုံးက ကိုယ့်သူငယ်ချင်းတွေ ဆိုရင်တော့ ဘုရားတရပါပြီ။ သူတို့ရန်ဖြစ်တိုင်း ကိုယ့်ကို ကြားထဲဆွဲထည့်၊ ဘက်တွေလိုက်ခိုင်းနဲ့ တစ်ယောက်ထဲ အေးအေးချမ်းချမ်း နေလို့မရပါဘူး။ တစ်ဖက်ကို ဘက်လိုက်ရင် နောက်တစ်ဖက်က စိတ်ဆိုးနဲ့ အကောင်းဆုံးကတော့ ဘယ်ဖက်မှ မလိုက်တာပါပဲ။
မကျေနပ်ချက်တွေ ပြောတယ်

ကိစ္စတစ်ခုဖြစ်တိုင်း သူ့တို့ရည်းစား သူတို့မကျေနပ်တာတွေ လာပြောလိုက်၊ ထောက်ခံခိုင်းလိုက်က အရမ်းဆိုးပါတယ်။ ကိုယ်ကထောက်ခံမိလိုက်ရင် နေရင်းထိုင်ရင်း ကိုယ်ကပါ မကောင်းတဲ့သူ ဖြစ်ရတက်လို့ ဝေးဝေးကရှောင်တာ အကောင်းဆုံးပါပဲ။
အထီးကျန်တယ်
ကိုယ့်ဟာကိုယ် အခန်းထဲမှာ တမင်အထီးကျန်ချင်လို့ နေတာနဲ့ သူငယ်ချင်းအတွဲကြားမှာ အထီးကျန်နေရတာ မတူပါဘူး။ သူတို့ကတော့ ကိုကိုတွေ ချစ်ချစ်တွေနဲ့ ဖြစ်နေချင်မှာ အားပဲကျရမလို၊ ဝမ်းပဲနည်းရမလို၊ အမြင်ပဲကပ်ရမလိုတွေ ဖြစ်ပြီး အော်တိုအထီးကျန်စိတ်ကြီး ဝင်လာတက်ပါတယ်။
သူငယ်ချင်းဒိတ်တွေ ပျောက်ကုန်တယ်

သူငယ်ချင်းအချင်းချင်း ပြောရမယ့် စကားဝိုင်းတွေမှာ ရည်းစားတွေ ပါလာတာက အဆင်မပြေဘူးနော်။ ရင်ဖွင့်ချင်လဲ စိတ်လွတ်ကိုယ်လွတ် ဖွင့်မရ၊ အကုန် ကိုယ့်ဟာကိုယ် ထိန်းပြီး စကားပြော၊ နေတာထိုင်တာ ဆင်ခြင်ရတာတွေက မကောင်းပါဘူး။ သူငယ်ချင်းအချင်းချင်း ပြန်တွဲရင်တောင် သူငယ်ချင်းဘဝလောက် မလွတ်လပ်တော့ပဲ စည်းတွေဘောင်တွေ ပါလာတယ်နော်။
အောင်သွယ်တွေလိုက်လုပ်တယ်
ရည်းစားမရတာမဟုတ်ပဲ မထားချင်လို့ မထားတဲ့သူကို ရည်းစားမရဘူး ထင်ပြီး လိုက်အောင်သွယ်တာလဲ အတွဲတွေပါပဲ။ အောင်သွယ်ပေးတဲ့ သူကို ကိုယ်ကကြိုက်ရင်တော့ အဆင်ပြေပေမယ့် မကြိုက်ရင် ငြင်းရခက်ပါတယ်။ စိတ်မပါပဲ စကားပြောရတာ၊တွေ့ရတာတွေ ဖြစ်လာတက်ပြီး ပိုပြီး စိတ်ကျဉ်းကျပ်စေပါတယ်။
TPS