Valentine’s Day နေ့အမှတ်တရတွေကို ဝေမျှခဲ့တဲ့ နာမည်ကြီးဖိလစ်ပိုင်ဆယ်လီများ

Image by lizasoberano's instagram,Kathryn Bernardo instagram,xianlimm's profile picture xianlimm instagram
Sponsored

ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားတွေကတော့ ဖိလစ်ပိုင်နိုင်ငံမှာသာမက နိုင်ငံတစ်ကာကိုပါ ထိုးဖောက်နိုင်တဲ့အထိ အရည်အသွေးပြည့်မှီပါတယ် ။ မြန်မာနိုင်ငံကရုပ်သံလိုင်းတွေမှာလည်း  ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားတွေကို ပြသလျက်ရှိပြီး ပရိတ်သတ်တွေ အရမ်းကြိုက်နှစ်သက်ကြပါတယ် ။ ဖိလစ်ပိုင် မင်းသား ၊ မင်းသမီးတွေကလည်း အရမ်းကိုဆွဲဆောင်မှုရှိသလို မင်းသား၊ မင်းသမီး စုံတွဲတွေအနေနဲ့လည်း နာမည်ကြီးကြပါတယ် ။ အရမ်းကိုလိုက်ဖက်ညီကြတဲ့ ဖိလစ်ပိုင်မင်းသား ၊ မင်းသမီး စုံတွဲလေးတွေကတော့ ဒီနေ့ချစ်သူများနေ့အမှတ်တရလေးတွေကိုလည်း ပရိတ်သတ်တွေကို ဝေမျှပေးထားပါတယ် …

ဖိလစ်ပိုင်မင်းသမီး Liza Soberano ကတော့ ချစ်သူ Enrique Gil နဲ့အတူ နှင်းဆီပန်းတွေ ၊ ဘောလုံးတွေနဲ့ ကြည်ကြည်နူးနူးရိုက်ကူးထားတဲ့ပုံလေးကိုတင်ထားပြီး ” ရှင်နဲ့အတူ ရှိနေရတဲ့ နေ့ရက်တွေတိုင်းက ကျွန်မအတွက်တော့ Valentine’s Day ” ပါပဲလို့ရေးသားထားပါတယ် ။

Image by lizasoberano’s instagram
Sponsored

https://www.instagram.com/p/B8iHX6wlERH/

သူမရဲ့ ချစ်သူ မင်းသားချော Enrique Gil ကလည်း ဓာတ်ပုံလေးကို တင်ထားပြီး ” မင်းက ကိုယ့်ရဲ့ အရာရာ ၊ ကိုယ့်ကမ္ဘာကြီးပါ ။ မင်းကြောင့် ကိုယ့်ဘ၀ကြီး စိုပြည်သာယာနေရတာ ။ ကိုယ့်လိုလူကို လှပတဲ့နှလုံးသားလေးနဲ့ ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ မင်းက ကိုယ့်ရဲ့ ထာဝရပါ ကလေးရေ … အရမ်းချစ်ပါတယ် ။ Happy Valentine’s Day ပါ အချစ်ရေ ” ဆိုပြီးပုံလေးကိုဝေမျှပေးထားပါတယ် ။

READ
ဇာတ်ကောင်ပီပြင်ဖို့ အတွက်ဆို Idol Image ကို ခဝါချပစ်ခဲ့သူများ
Image by lizasoberano’s instagram

မင်းသမီးချော Marian Rivera ကတော့ ပန်းစည်းလေးကိုင်ပြီး ရိုက်ထားတဲ့ သူမရဲ့ပုံလေးကိုတင်ထားပြီး ပန်းဆိုင်လေး ပိုင်ပေမယ့် ပန်းစည်းတွေရရင် ရင်ခုန်စိတ်လှုပ်ရှားနေတုန်းပါပဲလို့ ရေးသားပါတယ် …

 

https://www.instagram.com/p/B8iBiDQBcJ1/

မင်းသမီးချောလေး Kathryn Bernardo ကတော့  Valentine’s Day နေ့မတိုင်ခင်မှာသူမရဲက ခွေးလေး၊ သူမရဲ့ညီမလေးတို့နဲ့ တူတူဆော့ကစားနေတဲ့ပုံလေးကိုတင်ပြီးတော့ Valentine’s Day အကြိုအဖြစ်တော့ ညအိပ်ဝတ်စုံလေးဝတ်ပြီး တစ်နေကုန်ကစားနေပါတယ် လို့တင်ထားပါတယ် …

Image by Kathryn Bernardo instagram

 

https://www.instagram.com/p/B8gDeGEhWVI/

နာမည်ကြီး ဖိလစ်ပိုင် စုံတွဲဖြစ်တဲ့ Kim Chiu & Xian Lim ကတော့ စုံတွဲပုံလေးကို တင်ပေးထားပြီး ” February 14 မှမဟုတ်ပါဘူး ။ မင်းနဲ့အတူ ဆိုရင် နေ့ရက်တိုင်း အချိန်တိုင်းက ပျော်စရာပါပဲ” ဆိုပြီးပုံလေးကိငု ဝေမျှပေးထားပါတယ် …

 

 

sponsored