ခန္ဓာကိုယ်က ကျန်းမာဖို့ဆိုရင် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးမှာ တခြားကနေ ကိုယ့်ဆီကို ကူးစက်ရောဂါတွေ ဝင်မလာနိုင်ဖို့အတွက်ကိုလည်း ကိုယ်ခံအားစနစ်က ကောင်းမွန်နေရမှာ ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာကတော့ ခန္ဓာကိုယ်အတွက် ဖြည့်ဆည်းပေးရမယ့် ဗီတာမင်အမျိုးမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်အမျိုးမျိုးအတွက် အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ပန်းသီး
ပန်းသီးမှာတော့ ဗီတာမင် အေ၊ ဗီတာမင် B 1၊ ဗီတာမင် B2, B6 တို့အပြင် ဗီတာမင် စီ ပမာဏ ခပ်များများနဲ့ ဖောလစ်အက်စစ်တို့ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး
ငှက်ပျောသီးမှာလည်း ဗီတာမင် အေ၊ ဗီတာမင် B 1၊ ဗီတာမင် B2, B6 နဲ့ ဗီတာမင် စီ အပြင် ဖောလစ် အက်စစ်တို့ ပါဝင်ထားပါတယ်။
(၃) ချယ်ရီသီး၊ စပျစ်သီး၊ ကီဝီသီး၊ သံပယိုသီး၊ သံပရာသီး၊ လိုင်ချီးသီး၊ သရက်သီး
ဒီအသီးတွေကလည်း ဗီတာမင် အေ၊ ဗီတာမင် B 1၊ ဗီတာမင် B2, B6 နဲ့ ဗီတာမင် စီ အပြင် ဖောလစ် အက်စစ်တို့ ပါဝင်ထားပါတယ်။ မတူညီတာကတော့ ပါဝင်ထားတဲ့ ဗီတာမင် ပမာဏလေးတွေပါပဲ။ ဒါကလည်း သိပ် မတိမ်းမယိမ်း ပမာဏပဲ ကွာတာ ဖြစ်ပါတယ်။

(၄) ထောပတ်သီး
ထောပတ်သီးမှာကတော့ ဗီတာမင် B5, B6, B9 နဲ့ ဗီတာမင် E တို့ ပါဝင်ထားပါတယ်။ ဝိတ်ချနေတဲ့သူတွေအတွက်တော့ တစ်နေ့ကို ထောပတ်သီး တစ်လုံးထက် ပိုမစားသင့်ပါဘူး။

(၅) သစ်သီးခြောက်
သစ်သီးခြောက်တွေက သဘာဝအရ ထွက်တဲ့သကြားတွေလည်း ပါဝင်ပါတယ်။ သူ့မှာတော့ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် K တို့ ပါဝင်ပါတယ်။

(၆) ဘဲဥ၊ နွားနို့နဲ့ နေရောင်ခြည်
ဒီအစားအစာတွေကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို အားဖြည့်ပေးနိုင်ပါတယ်။
(၇) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းကတော့ ဗီတာမင် K ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
Kham