ကိုယ့်ဆီကနေ ခံတွင်းနံ့ဆိုးနေလားဆိုတာကို အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းလေးတွေ

shutterstock/   pathdoc
Sponsored

လူတစ်ယောက်ရဲ့ ခံတွင်းနံ့ကလည်း အဲဒီ့လူရဲ့ ဆွဲဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ ကိုယ့်ဆီက ခံတွင်းနံ့ဆိုးနေတဲ့အခါ စကားပြောရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်စေတဲ့အပြင် တစ်ဖက်လူကလည်း ကိုယ့်ကိုယ် နှာခေါင်းရှုံ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ ခံတွင်းနံ့ဆိုးနေလားဆိုတာကို အလွယ်တကူ ဒီနည်းလမ်းလေးတွေနဲ့ စစ်ဆေးကြည့်လို့ရပါတယ်။

ပိတ်စနဲ့ လျှာကိုသုတ်ကြည့်ပါ

shutterstock/pikselstock

ကိုယ့်ဆီမှာ ခံတွင်းနံ့ဆိုးနေတာ ဟုတ်မဟုတ်ကို သိနိုင်ဖို့အတွက် ပိတ်စအဖြူတစ်စကိုယူပီး လျှာကိုသုတ်လိုက်ပါ။ တကယ်လို့ ပိတ်စက အဝါရောင်ပြောင်းနေမယ်ဆိုရင်တော့ ခံတွင်းနံ့ဆိုးနေတာဖြစ်ပြီး sulfide ထုတ်လွှတ်မှု မြှင့်နေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ဇွန်းကို အသုံးပြုပါ

shutterstock/Dundanim
Sponsored

ဇွန်းတစ်ချောင်းကိုယူပြီး လျှာပေါ်မှာခြစ်လိုက်ပါ။ ပြီးရင်တော့ ဇွန်းကိုယူပြီး ခြောက်သွေ့အောင် အချိန်ခဏလောက်စောင့်ပြီးရင် ခံတွင်းနံ့ဆိုးနေတာ ဟုတ်မဟုတ်ကို အနံ့ခံကြည့်လိုက်ပါ။ အဲဒီ့အချိန်အထိ အနံ့ဆိုးထွက်နေရင်တော့ ခံတွင်းနံ့ဆိုးနေတယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

READ
မစွံနိုင်သေးတဲ့ ဒိတ်ဒိတ်ကြဲလူပျိုကြီးများ

သွားဆရာဝန်ဆီမှာ စစ်ဆေးခံပါ

shutterstock/ popcorner

လူတစ်ယောက်ဟာ ခြောက်လတစ်ခါလောက်တော့ ခံတွင်းစစ်ဆေးမှု ခံယူသင့်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို ခံတွင်းနံ့ဆိုးတယ်လို့ ခံစားနေရပြီး ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲဆိုတာ မသိဘူးဆိုရင် သွားဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

သွားပွတ်တံ

shutterstock/ Alexey Broslavets

နေ့စဉ် အသုံးပြုနေတဲ့ သွားပွတ်တံကလည်း သင့်ရဲ့ ခံတွင်းနံ့ဆိုးနေလားဆိုတာကို သိနိုင်ပါတယ်။ အသုံးပြုနေကျ သွားပွတ်တံဟာ သုံးလအကြာမှာ နဂိုအတိုင်းရှိနေသေးတယ်ဆိုရင်တော့ ခံတွင်းနံ့ကောင်းတာဖြစ်ပြီး သုံးလအကြာမှာ သွားပွတ်တံရဲ့အမျှင်တွေ ဖွာကြဲနေတာမျိုးဖြစ်နေရင်တော့ ခံတွင်းနံ့ဆိုးနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

Khin

sponsored