အရွယ်ရလာတဲ့အခါ အသားအရေ လျော့တွဲလာမှုကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းများ

shutterstock/   aldarinho
Sponsored

လူတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့ တဖြည်းဖြည်း အရေပြားတွေ လျော့တွဲကျလာတတ်ပါတယ်။ ဒါက လူတစ်ယောက်ကို ပိုအိုမင်းရင့်ရော်တဲ့ ပုံစံပေါက်စေတဲ့ လက္ခဏာရပ်တွေဖြစ်တာကြောင့် အရွယ်မတိုင်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

နှိပ်နှယ်ပေးပါ

shutterstock/New Africa

အသားအရေ လျော့တွဲကျတတ်တဲ့ နေရာတွေကို သတိထားဖို့လိုအပ်ပြီး ဒီလိုနေရာတွေကို နှိပ်နှယ်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မျက်နှာမေးအောက် နေရာတွေ၊ လည်ပင်းတွေနဲ့ လက်မောင်းအတွင်းသားတွေက အရေပြားလျော့တွဲကျမှုတွေ ပိုဖြစ်ပေါ်လေ့ရှိတာပါ။ နှိပ်နှယ်ပေးခြင်းက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး fibroblasts ကို လှုံဆော်ပေးပါတယ်။ ဒါက တီသျှူးဆဲလ်တွေ၊ collagen, elastin တို့ကို ထုတ်ပေးလို့ အသားအရေကို နုပျိုစေပါတယ်။

လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရယူပါ

shutterstock/Ekaterina Markelova
Sponsored

အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ collagen hydrolysate တွေသောက်သုံးခြင်းက အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး အသားအရေအိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ Antioxidants ကတော့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရေးအကြောင်းတွေ မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။ ဒီတော့ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေကလည်း အသားအရေအိုမင်းမှုပြသနာကို ဖြေရှင်းနိုင်မှာပါ။

READ
အရမ်းအထီးကျန်ဆန်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်...

ကြွက်သား လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ

shutterstock/ Adelaides

ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းတွေက ဝိတ်ကိုကျစေတဲ့အပြင် ကြွက်သားဆုံးရှုံးမှုတွေပါ ဖြစ်စေနိုင်လို့ အရေပြားလျော့တွဲကျမှုတွေ ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် ကြွက်သားပြန်လည်တည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေပါ တစ်ပါတည်းလုပ်ပေးဖို့ လိုအပ်ပြီး ဒါက အသားအရေကို ကျစ်လျစ်ပြီး အရေပြားလျော့တွဲတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် နေပါ

shutterstock/Photoroyalty

အသက်အရွယ်အရ အရေပြားလျော့တွဲလာမှုဟာ elastin တွေဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာပြီး အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ လေ့လာချက်တွေအရ ဒါဟာ အသားအရေခြောက်သွေ့မှုကြောင့် ပိုဖြစ်ပေါ်နိုင်ပြီး ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်လုံလောက်မှုရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပြီး ရေဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက အိုမင်းရင့်ရော်မှုနဲ့ အရေပြားလျော့တွဲမှုတွေကို သက်သာစေနိုင်ပါတယ်။

Khin

sponsored