GDragon ပြောတဲ့ သူ့အချစ်ရေးကို Public ချမပြချင်ရတဲ့ အကြောင်းအရင်း

Image:IG/Jennie & GD
Sponsored

GDragon ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အင်တာဗျူးဟောင်းတစ်ခုက တော့ လက် တလောမှာ ပြန် ပြီး လူပြောများနေပါတယ်။ BLACKPINK အဖွဲ့ဝင်  Jennie နဲ့ GD တွဲနေတယ်ဆိုတဲ့ သတင်းကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က Dispatch က နေ ဖော်ထုတ်ခဲ့ပါတယ်။GD ရဲ့ အရင်တုန်းက ဖြေခဲ့ဖူးတဲ့ အချစ်ရေး အင်တာဗျူး မှာ တော့ သူ့ရဲ့ relationship ကို Public ချ မပြ ဖူးလို့ ပြောခဲ့ဖူးပါတယ်။ဒီ အကြောင်းကိုတော့ kstatlive မှာ ဖော်ပြခဲ့တာပါ။

Image:IG/GD & Jennie

GDragon က တော့ ၂၀၁၇ တုန်းက MBC ရဲ့ ‘Radio Star’ မှာ တခြား BIGBANG အဖွဲ့ဝင် တွေနဲ့ အတူ ဧည့်သည် အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ သူ့ရဲ့ Dating သတင်းကိုရော လမ်းခွဲ သတင်းကိုပါ ဘယ်တော့မှ အတည်ပြု မှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ ဘာကြောင့် ဒီလို မချ ပြချင်ရတဲ့ အကြောင်းအရင်း GD မှာ ရှိပါတယ်။ သူ့ရဲ့ အ ကြောင်းအရင်းကို သိရင် တော့ GD ရဲ့ စိတ်က သူ့ ရဲ့ ကောင်မလေး ဖြစ်လာမယ့် မိန်းကလေး အပေါ် စဉ်းစားပေးတတ်လဲ ဆိုတာကို သိသာ စေမှာပါ။ “ကျွန်တော်က public figure တစ်ယောက် ဖြစ်တာကြောင့် သူမအတွက် ဒါက အန္တရာယ် ဖြစ်စေ မယ်လို့ ထင်တယ်..” လို့ ပြောခဲ့ပါတယ်။ ချစ်သူ မိန်းကလေး ဘက်က သူတို့ relationship ကို ချပြချင်တယ်ဆိုရင် တောင်မှ သူက တော့ ချ ပြ မှာ မဟုတ်ဘူးလို့ လည်း GD က ပြောခဲ့ပါတယ်။

READ
သိမ်မွေ့နူးညံ့ပြီး မိန်းကလေးဆန်လာစေဖို့ သတိထားသင့်တဲ့အချက်များ
Sponsored

Image:IG/GD & Jennie 

Dispatch  ကဖော်ထုတ်ခဲ့တဲ့ GD နဲ့ Jennie ရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး YG Entertainment  က တော့  GDragon နဲ့  Jennie ရဲ့ relationship နဲ့ ပတ်သက်ပြီး ဒါဟာ သူတို့နှစ်ယောက်ရဲ့ Private Lives မို့ ဘာ မှ အတည်မပြု ပေးနိုင် ကြောင်း နဲ့ ဒီ့ အတွက် ကိုလည်း နားလည် ပေးပါလို့ ပြောခဲ့ပါတယ်။ YG ဘက်က နေ Dating သတင်း နဲ့ ပတ်သက်ပြီး ငြင်း ဆန်တာ မျိုး မရှိခဲ့ပါဘူး။

READ
ကောင်လေးတွေ သူတို့ချစ်သူ ကောင်မလေးတွေကို လိမ်နေကျစကား (၁၀) ခွန်း

Image:IG/GD & Jennie 

Dispatch ဘက်က တော့ ဆိုးလ် Hannam  မှာရှိတဲ့ GDragon ရဲ့ Villa ကြီး မှာ နှစ်ယောက်သား မကြာ ခဏ ချိန်း တွေ့ လေ့ရှိတယ်ဆိုတာတွေ အထိ ပုံတွေ နဲ့ တ ကွ ချပြ လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ BLACKPINK’s online concert ‘THE SHOW,’ ကျင်းပတဲ့ နေ့ တုန်းက Jennie တစ်ယောက် GD ရဲ့ Villa ကြီး က နေ ထွက်လာ ပြီး ဖျော်ဖြေပွဲ ကျင်းပတဲ့ နေရာ ကို သွားခဲ့ပါတယ်။ဖျော်ဖြေပွဲ ကျင်းပတဲ့ နေရာ မှာလည်း GD ကားကို တွေ့ ခဲ့တယ်ဆိုတာတွေ အထိ ပါ ဖော်ထုတ် ခဲ့ပါတယ်။

Image:IG/GD & Jennie 

#AUNTYMAY

sponsored