တော်တော်များများသော ယောကျာ်းလေးတွေက အရပ်ပုတဲ့ ကောင်မလေးတွေကို ပိုသဘောကျတတ်ကြပါတယ်နော်။ ဘာကြောင့် အရပ်ရှည်တဲ့ ကောင်မလေးထက် အရပ်ပုတဲ့ ကောင်မလေးတွေကို ပိုရွေးချယ်သဘောကျတတ်ကြတာလဲ။ အကြောင်းအရင်းတွေကတော့ ဒါတွေကြောင့်ပါနော်။
ချစ်စရာကောင်းလို့

အရပ်ပုပုနဲ့ ကောင်မလေးတွေက ကောင်လေးတွေရဲ့အမြင်မှာ အရမ်းကို ချစ်စရာကောင်းနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ကလေးလေးတစ်ယောက်လိုတောင် ထင်ရတဲ့ အရပ်ပုပုနဲ့ ကောင်မလေးတွေဟာ စိတ်ဆိုးဒေါသထွက်နေတဲ့ အချိန်လေးတွေမှာဆို အရမ်းကို အသည်းယားပြီး ချစ်စရာကောင်းနေလို့ပါတဲပ။
ကိုယ့်ကိုယ်ကို ယောကျာ်းဆန်တယ်လို့ ပိုခံစားရလို့

ယောကျာ်းလေးတိုင်းက သူတို့ကိုယ်သူတို့ ကြံ့ခိုင်သန်မာပြီး အင်အားကြီးမားသူတွေအဖြစ် ခံစားမိချင်ကြတာ ဖြစ်ပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေနဲ့ တွဲလျှောက်တဲ့အခါ သူတို့ကိုယ်သူတို့ ယောကျာ်းဆန်တယ်လို့ ခံစားမိကြသလို သူတို့ရဲ့ကောင်မလေးကို ကာကွယ်မှုတွေပိုပေးနိုင်တယ်လို့ တွေးထင်တဲ့အတွက် အရပ်ပုတဲ့ကောင်မလေးတွေကို ပိုသဘောကျတတ်ကြတာ ဖြစ်ပါတယ်။
ရင်ခွင်မှီလေးဖြစ်လို့

ရင်ခွင်မှီအရပ်ရှိတဲ့ ကောင်မလေးတွေဟာ ယောကျာ်းလေးတွေအတွက် ပိုချစ်စရာကောင်းနေပြီး ရင်ခွင်ထဲ ဆွဲဖက်ထားလို့ရတာမို့ အရမ်းကို သဘောကျတတ်ကြတာ ဖြစ်ပါတယ်။ နောက်ပြီး ယောကျာ်းလေးတွေက သူတို့ရဲ့ချစ်သူမိန်းကလေးတွေထက် အရပ်ရှည်နေတာကို ကြိုက်တတ်ကြတဲ့အတွက်ပါ။
မိန်းကလေးပိုဆန်တယ်လို့ မြင်မိလို့

ယောကျာ်းလေးတွေက အရပ်ပုတဲ့မိန်းကလေးတွေကို ပိုမိန်းကလေးဆန်တယ်လို့ မြင်တတ်ကြတဲ့အတွက် သူတို့ရဲ့ သဘောကျခြင်းကို ပိုခံရတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အရပ်ပုတဲ့မိန်းကလေးတွေ ဒေါက်မြင့်ဖိနပ်စီးထားတာမျိုးက ယောကျာ်းလေးတွေရဲ့အမြင်မှာ အရမ်းဆွဲဆောင်မှုရှိနေတဲ့ အတွက်ကြောင့်ပါ။
Khin