သူငယ်ချင်းတွေစုပြီး အေးအေးဆေးဆေးညဖက်အပြင်ထွက်လည်းသင့်တဲ့ အကြောင်းရင်း

Shutterstock/Juraj Kamenicky
Sponsored

သူငယ်ချင်းတွေ အတူရှိနေတာက ပျော်ဖို့ကောင်းပါတယ်။ ဒီလိုပဲ သူငယ်ချင်းတွေ စုပြီး Night out ထွက်ရင်လည်း ပျော်ဖို့ အတော်ကောင်းပါတယ်။ နေ့တွေထက် ညတွေကို ပိုကြိုက်တဲ့သူတွေကတော့ ဒီအစီအစဉ်ကို ကြိုက်ကြမှာပါ။ တစ်နေ့တာ ပင်ပန်းနွမ်းနွယ်မှုတွေအတွက် အနားယူလို့ အကောင်းဆုံးကတော့ ညအချိန်ပဲ ဖြစ်ပါတယ်။ ဒီလို အနားယူမယ့် ညတွေကို Night out ထွက်ရင်းနဲ့လည်း ကုန်ဆုံးနိုင်ပါတယ်။ Night Out ဆိုလို့ ညဖက် ကဲမယ့် Night Out ပုံစံမျိုးမဟုတ်ဘူးနော်။ ဘာကြောင့် သူငယ်ချင်းတွေ အတူစုပြီး Night out ထွက်သင့်လဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

(၁) မတူတဲ့ မြင်ကွင်းကို တွေ့ရတယ်

Sponsored

တစ်နေ့တာလုံး လှုပ်ရှားသွားလာနေတဲ့ မြို့တွေက ညနက်လာလေ တိတ်ဆိတ်လာလေ နေရာတွေ ရှင်းလင်လာလေပါပဲ။ ဒီလို ညမျိုးကို ဒီလို မြင်ကွင်းမျိုးကို မြင်ဖို့ဆို ညဘက် အပြင်ထွက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။ Night out ထွက်ရင်း နေ့ဘက်နဲ့ ကွဲထွက်နေတဲ့ ညအလှကို မြင်ပြီး တစ်နည်းအားဖြင့် စိတ်အပြောင်းအလဲ ဖြစ်သွားစေပါတယ်။ စိတ်အေးချမ်းတာမျိုးအထိ ဖြစ်သွားစေလို့ ကြိုးစားကြည့်သင့်ပါတယ်။

READ
လူနာသတင်းသွားမေးတဲ့အခါ ယူသွားဖို့ အသင့်တော်ဆုံး လက်ဆောင်တစ်မျိုး အကြောင်း
Shutterstock/Nomad_Soul

(၂) ဆိတ်ငြိမ်မှုကို ခံစားရစေတယ်

ဆိတ်ငြိမ်မှုကို လူတွေက ကြောက်လန့်တာမျိုးတော့ ရှိတတ်ကြပါတယ်။ ညဘက်ရောက်တဲ့အခါ အိမ်တွေမှာတော့ သူ့အသံကိုယ့်အသံတွေနဲ့ အသံနည်းနည်းတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ညဘက်အပြင်ထွက်တဲ့အခါ လူသံသူသံ တိတ်ဆိတ်နေတာကို ခံစားမှုမှာပါ။ လေလေး ခပ်အေးအေးတိုက်နေတဲ့ ညက တိတ်ဆိတ်မှုနဲ့အတူ စိတ်ကို တည်ငြိမ်စေသလို အေးချမ်းသွားစေပါတယ်။ တစ်နေ့တာ စိတ်ပင်ပန်းသမျှကို ညရဲ့ဆိတ်ငြိမ်မှုက ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။ ဒါကတော့ Night Out ထွက်ပြီးပြန်တဲ့ အချိန်လိုမျိုးမှခံစားရမှာပေါ့။

(၃) အမှတ်တရ ဖြစ်စေတယ်

ညဘက်ဆိုတာ အန္တရာယ် ရှိတတ်တာ မှန်ပေမဲ့ မြို့တွေမှာတော့ သူငယ်ချင်းတွေ စုပြီး အပြင်ထွက်တဲ့အခါ စိတ်ချရတဲ့ အခြေအနေမှာတော့ ရှိပါတယ်။ ဒါ့အပြင် night out ဆိုတာကို လူတွေက လုပ်လေ့လုပ်ထ ရှိတဲ့အရာတွေလို့ မသတ်မှတ်ကြတာကြောင့် အမြဲတမ်းတော့ အပြင်ထွက်ဖြစ်မယ် မထင်ပါဘူး။ ဒီလိုပဲ သူငယ်ချင်းတွေ တူတူ အချိန်တွေ ကုန်ဆုံးပြီး ရှိနိုင်ဖို့ဆိုတာလည်း ခဲယဉ်းပါတယ်။ ဒါကြောင့် အမှတ်တရကောင်းကောင်းလေးတွေကို ပေါ့ပေါ့ပါးပါးလေး ဖန်တီးချင်ရင်တော့ Night out ထွက်ပြီး ဓာတ်ပုံသာ ရိုက်ကြတာကလည်း ကောင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။

READ
အနာဂတ်မရှိတော့တဲ့ အချစ်ရေးတစ်ခုရဲ့ လက္ခဏာ (၅) မျိုး
Shutterstock/fboudrias

(၄) အနားယူနေတဲ့ မြို့ကို တွေ့ရမယ်

တစ်နေ့လုံး လှုပ်ရှားရုန်းကန်နေတဲ့ မြို့ကို ညဘက်မှာတော့ ငြိမ်သက်နေတာကို တွေ့ရမှာပါ။ ဟိုဟိုဒီဒီ သွားနေတဲ့ လူတွေ ကားတွေ ကုန်တင်ကုန်ချသမားတွေ စသဖြင့် ရုန်းကန်နေရတဲ့ မြို့နဲ့ လူတွေကို ညဘက်မှာ မြင်ရတာ နည်းသွားပါတယ်။ ဒါကြောင့် လှုပ်ရှားနေတဲ့ မြို့ထက် အနားယူနေတဲ့ မြို့က ဘယ်လောက်ထိ စိတ်ကို အေးချမ်းစေလဲ သက်သာရာရစေသလဲဆိုတာကို သိရမှာပါ။ ဒီလို ခံစားမှုတွေကို သိချင်ရင်တော့ ညဘက် အပြင်ထွက်ကြည့်သင့်ပါတယ်။

(၅) ကောင်းကင်ကြီးကို သေချာကြည့်ခွင့် ရစေတယ်

နယ်မြို့တွေမှာ နေထိုင်တဲ့သူတွေနဲ့ မြို့ပြကြီးမှာ နေတဲ့သူတွေရဲ့ မတူတဲ့ ကွာခြားချက်က ကောင်းကင်ကြီးကို သေချာကြည့်ခွင့်ရတာနဲ့ မရတာပါပဲ။ မြို့ပြမှာ နေတဲ့သူတွေက မွန်းကြပ်စရာကောင်းတယ်လို့ မြင်ကြတာကလည်း အမှန် ဖြစ်ပါတယ်။ ဒီမွန်းကြပ်မှုတွေကနေ ရုန်းထွက်နိုင်စေတဲ့အရာတွေထဲက တစ်ခုကတော့ ကောင်ကင်ကြီးကို မော့ကြည့်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြယ်တွေစုံတဲ့ညတွေမှာ ကောင်းကင်ကို ကြည့်ဖို့ဆိုရင် Night out လုပ်သင့်ပါတယ်။

Kham

 

sponsored