ချစ်သူနှစ်ယောက်ကို အဆင်မပြေမှုတွေဖြစ်စေတဲ့ မျှော်လင့်ချက်(၅)မျိုး

Sponsored

အချစ်ရေး အဆင်မပြေစေတဲ့ အကြောင်းရင်းတွေအများကြီး ရှိတဲ့အထဲမှာ တစ်ဖက်သားဆီက အရမ်းမျှော်လင့်တတ်တာကလည်း အဆင်မပြေမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ လက်ရှိအချစ်ရေးမှာ အခုထက်ပိုပြီး အဆင်ပြေချင်တယ်၊ ပျော်နေတဲ့စုံတွဲတွေကို တကယ်အားကျတယ်ဆိုရင် သင့်ချစ်သူဆီကနေ ဒီအချက်တွေကို မျှော်လင့်နေတာလေးတွေ နည်းနည်းလျှော့လိုက်ပါ။

(၁) အရာအားလုံးကိုယ့်စိတ်ကြိုက်ဖြစ်ဖို့မမျှော်လင့်ပါနဲ့

shutterstock

Relationship တစ်ခုမှာ အရာအားလုံးကိုယ့်စိတ်ကြိုက်ဖြစ်ဖို့ပဲ တွေးလို့မရပါဘူး။ ကိုယ့်အတွက်တွေးသလို၊ သူ့အတွက်လည်း တွေးပေးဖို့လိုပါတယ်။ ဒါကြောင့် အဆင်မပြေမှုတွေ၊ ငြင်းခုန်ရန်ဖြစ်တာတွေ လျော့နည်းချင်ရင် အရာအားလုံးကိုယ့်စိတ်ကြိုက် ဖြစ်ချင်နေတဲ့စိတ်ကို နည်းနည်းလျှော့ပါ။

(၂) ကိုယ့်ကိုယ်ကို တန်ဖိုးမထားဘဲ၊သူ့ဆီကတန်ဖိုးထားမှုရဖို့မမျှော်လင့်ပါနဲ့

shutterstock
Sponsored

လူတိုင်းကတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုတန်ဖိုးထားတာ လိုချင်ကြတာပါပဲ။ ဒါပေမယ့် ချစ်သူကတန်ဖိုးထားတာကို လိုချင်ရင် ကိုယ့်ကိုယ်ကိုအရင်တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားဘဲနဲ့တော့ သူ့ဘက်ကတန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့။

(၃) ကိုယ့်စိတ်ထဲက ဖြစ်ချင်တာတွေကို အလိုအလျောက်သိဖို့ မမျှော်လင့်ပါနဲ့

shutterstock

အလိုက်သိတဲ့ ချစ်သူမျိုးတော့ လူတိုင်းလိုချင်တာပေါ့။ သင့်အနေနဲ့လည်း အလိုက်သိတဲ့ချစ်သူမျိုးလိုချင်တာဖြစ်သင့်ပေမယ့် သင့်စိတ်ထဲကဖြစ်ချင်တာတွေကို အလိုလိုသိစေချင်တာမျိုးတော့ သိပ်မဖြစ်သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တာကို တဲ့တိုးမပြောချင်ရင်တောင် အရိပ်အမြွက်လောက်ပြောလို့ရပါတယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တာတွေအလိုလိုသိဖို့မျှော်လင့်နေမယ့်အစား တစ်နည်းနည်းနဲ့အသိပေးလိုက်တာက ပိုအဆင်ပြေပါတယ်။

READ
သင့်ချစ်သူ သင့်ကိုရူးမတတ်သတိရနေတယ်ဆိုတာသိနိုင်တဲ့အချက် (၅)ချက်

(၄) သူ့ကိုကိုယ်လိုချင်တဲ့ပုံစံမျိုးဖြစ်လာဖို့မမျှော်လင့်ပါနဲ့

shutterstock

ဒီပြဿနာက စုံတွဲတွေတော်တော်များများကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ သူ့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြုပြင်ပေးဖို့တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် သူပြုပြင်မှာပဲလို့တော့ ကျိန်းသေတွက်ဆထားလို့မရပါဘူး။ ဒါကြောင့် သူ့ကိုကိုယ်လိုချင်တဲ့ပုံစံမျိုး ပြုပြင်လို့ရလိမ့်မယ်လို့ မျှော်လင့်နေရင်လည်း အဲ့ဒီစိတ်ကို လျှော့ပါ။

(၅) သင့်အယူအဆတိုင်းကိုထောက်ခံဖို့မမျှော်လင့်ပါနဲ့

shutterstock

ချစ်သူတွေဖြစ်သွားတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်သဘောထားကွဲလွဲခွင့်မရှိတော့သလို ဖြစ်သွားတတ်ကြပါတယ်။ ကိုယ့်ရဲ့အယူအဆတိုင်းကို ကိုယ့်ချစ်သူက ထောက်ခံရမယ်ဆိုတဲ့အတွေးက ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးမျှော်လင့်တာလေးလည်း နည်းနည်းလျှော့ပါနော်။

MAY THAZINHTOO

sponsored